Healthy Life Ad
Q & A

ဆီးချိုသမား လူကောင်းကဲ့သို့ နေနိုင်စေမည့် နေထိုင်စားသောက်မှုပုံစံ

မေး ။ ဆီးချိုသမားက ယေဘုယျအားဖြင့် ဘယ်လိုနေထိုင်ရင် လူကောင်းလို နေနိုင်မလဲ။ ဘယ်လို အစာ တွေကို များများ စားသင့်သလဲဆိုတာ လမ်းညွှန်ပေးပါရှင်။
အပယ်ခံ (FB)

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ပြန်လည်ဖြေကြားပေးသည် ။

ဖြေ ။ ဆီးချိုသမားတွေမှာ ကြိုက်သလောက် စားလို့ရတဲ့ အစာတွေက အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက် တွေဖြစ်ပါတယ်။ အဲဒါတွေကို များများ စားပေးနိုင်ပါတယ်။ အသင့်အတင့် စားသင့်တဲ့ အစာတွေက ကစီဓာတ်ပါတဲ့ အစားအသောက်တွေဖြစ်တဲ့ ဆန်၊ ဂျုံနဲ့ခေါက်ဆွဲတို့ ဖြစ်ကြပါတယ်။ ချိုတဲ့ အသီး၊ ချိုတဲ့ အရည်နဲ့ ချိုတဲ့ မုန့်တွေကတော့ ဆီးချိုတက်ရင် မစားပါနဲ့၊ ဆီးချိုမတက်ရင် စားလို့ရပါတယ်။

ဆီးချိုသမားတွေက တစ်နေ့မှာ မိနစ် ၃၀ လောက် ကိုယ်လက် လှုပ်ရှားမှု လုပ်ရပါမယ်။ စိတ်ဖိစီးမှု (Stress) ကို တတ်နိုင်သမျှ လျှော့ချရပါမယ်။ ဆီးချိုသမားတွေက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာရှိ၊ မရှိ ကျောက်ကပ်ကို တစ်နှစ်တစ်ခါ စစ်ဖို့လိုပါတယ်။ ECG ကို တစ်နှစ်တစ်ခါ ရိုက်ကြည့်ဖို့၊ မျက်စိ စစ်ဖို့နဲ့ ခြေထောက်စစ်ဖို့ လိုပါတယ်။ ဆီးချိုကို ကိုယ်ရဲ့သတ်မှတ်ထားတဲ့ ပန်းတိုင် (Target) ထဲမှာ ရှိအောင်ထားရှိရပါမယ်။

Most Popular

Healthy Life Ad
To Top