Healthy Life Ad
Q & A

ကွမ်းဝါးတဲ့ သွားနဲ့ ဓာတ်ရောင်ခြည်ထိတဲ့ သွား ကင်ဆာဖြစ်နိုင်ခြေ ဘယ်အရာ ပိုများ . .

မေး – ကွမ်းဝါးတဲ့ သွားနဲ့ ဓာတ်ရောင်ခြည်ထိထားတဲ့ သွားမှာ ဘယ်အရာက ကင်ဆာအဖြစ် မြန်စေပါသလဲ ဆရာ။
ဦးပီတာ၊ ကျောက်တံတား ။
ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး) မှ ဖြေကြားသည် ၊

ဖြေ – ကွမ်းစားတဲ့အတွက် ခံတွင်းထဲမှာ ကင်ဆာအဖြစ် မြန်စေပါတယ်။ ကွမ်းစားတဲ့အတွက် ကင်ဆာဖြစ်တယ်၊ ကင်ဆာဖြစ်တဲ့အတွက် ဓာတ်ရောင်ခြည် ပေးရပါတယ်။

ဓာတ်ရောင်ခြည်ထိထားလို့ ဆိုတာ ကွမ်းမစားဘူး၊ ဒါပေမဲ့ နှာခေါင်းပတ်လည်မှာရှိတဲ့ Sinus တွေမှာ ကင်ဆာဖြစ်တယ်၊ လည်ချောင်းမှာ ကင်ဆာဖြစ်တယ် . . အဲဒီအခါ ဓာတ်ရောင်ခြည်ပေးရပါတယ်။ အဲဒီလို ပေးရရင် သွားတွေက ဓာတ်ရောင်ခြည် ထိတတ်ပါတယ်။ ထိတဲ့အခါ များသောအားဖြင့် သွား တွေရဲ့ အသက်ရှင်သန်မှုက ကျသွားတယ်၊ နည်း သွားတယ်၊ သွားကတော့ ကောင်းနေတယ် . . သွေး တွေက လာနေတယ်. . ဒါပေမဲ့ သွားတွေမှာ အသက်က မရှိတော့တဲ့အတွက် သွားတွေက ကြွပ်ဆတ်သွားတယ် . . အဲဒီသွားတွေက ကွဲလွယ်တယ်၊ ကျိုးလွယ်တယ်၊ ထိလိုက်ရင် ပဲ့လွယ်တယ် . . အဲဒီလိုမျိုးတွေ ဖြစ်သွားပါတယ်။ ဓာတ်ရောင်ခြည်ပေးပြီးမှ သွားနုတ် ရရင်လည်း အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ဓာတ်ရောင်ခြည် မပေးခင် ကတည်းက သွားဆရာဝန်နဲ့ ပြဖို့လိုပါတယ်။ မျက်နှာတစ်ဝိုက် ဓာတ်ရောင်ခြည် ပေးရမယ်ဆိုရင် လိုအပ်တဲ့ ကုသမှုတွေ လုပ်ရပါမယ်၊ မကောင်းတဲ့ သွားတွေကို ကြိုတင်ပြီး နုတ်ရပါမယ်။

ခံတွင်းကင်ဆာ ဖြစ်နေရင် အဲဒီဖြစ်တဲ့ ဘက်က သွားတွေကို နုတ်လိုက်ဖို့ လိုပါတယ်။ မနုတ်ဘူးဆိုရင် သွားဆရာဝန်နဲ့ ပုံမှန်ပြပေးနေရပါမယ်။ ပုံမှန် မပြနိုင်ဘူးဆိုရင် အဲဒီသွားတွေက ပိုပြီး ဒုက္ခပေးလာ နိုင်ပါတယ်။ အဲဒါကြောင့် သွားဆရာဝန်နဲ့ အမြဲတမ်း ပြသနိုင်မှာလား၊ ပြနိုင်မယ်ဆိုရင် လိုအပ်တဲ့ သွား တွေကိုပဲ နုတ်ပြီး ကောင်းတဲ့ သွားတွေကို ထိန်းသိမ်း သွားမယ်ဆိုရင်တော့ ရပါတယ်။ အဲဒီလို မဟုတ်ဘဲ သွားဆရာဝန်နဲ့ ပုံမှန် မပြနိုင်ဘူးဆိုရင် ဓာတ်ရောင်ခြည် ပေးတော့မယ် ဆိုတဲ့အခါ အဲဒီပေးမယ့်ဘက်က သွားတွေကို နုတ်ထားဖို့ လိုပါတယ်။ နောက်ပိုင်း သွားတိုက်တာကို ဂရုစိုက်ပေးရပါမယ်။

Most Popular

Healthy Life Ad
To Top