Healthy Life Ad
Life Style

ရေမုတ်ရောဂါအတွက် ဆေးကုထုံးနှင့် အိမ်တွင်းကုထုံး

ကိုထက်

ဝှေးစေ့တစ်ဝိုက်ရှိ ကပ္ပာယ်အိတ်ထဲမှာ အရည်တွေ စုပုံနေတာကို ရေမုတ်လို့ ခေါ်ပါတယ်။ ဒီအခြေအနေက ဝှေးစေ့အပေါ် မသက်ရောက်စေပေမယ့် သုက်ကောင်ထုတ်လုပ်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ ဆေးမကုဘဲနဲ့တောင် လအနည်းငယ်အတွင်း သူ့အလိုလို သက်သာသွားနိုင်ပါတယ်။ ဒါပေမဲ့ ကပ္ပာယ်အိတ် ရောင်ရမ်းနေရင် ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။

မည်သည့်အမျိုးသားမဆို ရေမုတ်ရောဂါဖြစ်နိုင်

မွေးကင်းစကလေး ၁၀ ရာခိုင်နှုန်းကျော်မှာ ဖြစ်တတ်ပါတယ်။ မွေးကင်းစကလေးတွေမှာ အဖြစ်များပါတယ်။ ဒါပေမဲ့ ဘယ်အသက်အရွယ်မဆို အမျိုးသားတွေဟာ တစ်ချိန်ချိန်မှာ ရေမုတ်ဖြစ်နိုင်ပါတယ်။

ရေမုတ်ရောဂါအမျိုးအစားများ

ေ ရမုတ်ရောဂါ နှစ်မျိုးရှိပါတယ်။ တစ်မျိုးက မှန်းဆထားတဲ့ အချိန်တစ်ခုအတွင်း ဝှေးစေ့ပတ်ပတ်လည်ရှိ ကပ္ပာယ်အိတ်အတွင်းထဲက အရည်တွေကို ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်း လျော့ကျတဲ့အခါ ဖြစ်တတ်တဲ့ ပြဿနာပါ။ သတင်းကောင်းအနေနဲ့ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်းစုပ်ယူသွားရင် အရည်တွေ တဖြည်းဖြည်း လျော့ကျသွားမှာပါ။ ဒီအမျိုးအစားဆိုရင် ဆေးကုသမှုမလိုပါဘူး။

နောက်တစ်မျိုးက အဲဒီအရည်တွေက ကပ္ပာယ် အိတ်ထဲဝင်ပြီး ကြီးလာတာပါ။ ဒါဆိုရင် ခွဲစိတ်ကုသမှု လိုအပ်ပါတယ်။ ပေါင်ခြံအူကျတဲ့ ဝေဒနာ ဖြစ်စေနိုင်လို့ပါ။

ကုသမှုနှင့် အိမ်တွင်းကုထုံးများ

မွေးကင်းစကလေးတွေမှာ ရေမုတ်ရောဂါဖြစ်ရင် တစ်နှစ်အတွင်း အလိုလို ပျောက်သွားပါလိမ့်မယ်။ ဆေးကုသမှု ဒါမှမဟုတ် ကြိုတင်ကာကွယ်မှု မလိုဘဲ အလိုလို သက်သာသွားမှာပါ။ တစ်နှစ်အတွင်း မပျောက်ရင်သာ ခွဲစိတ်ကုသမှု လိုအပ်ပါလိမ့်မယ်။ ရေမုတ်ရောဂါဖြစ်တဲ့ အရွယ်ရောက် အမျိုးသားတွေဆိုရင် ခြောက်လအတွင်း အလိုလို အနာကျက်နိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။

ခွဲစိတ်ဖို့ လိုအပ်တဲ့ ရေမုတ်ရောဂါအမျိုးအစားကလည်း ထုံဆေးပေးပြီး ခွဲစိတ်ကုသကာ အများအားဖြင့် နာရီပိုင်းအတွင်း အိမ်ပြန်လို့ရပါတယ်။

ဆေးကုသဖို့ မလိုဘဲ အလိုလို ပျောက်နိုင်တဲ့ ရေမုတ်ရောဂါ ခံစားရတဲ့အခါ အမြန်ဆုံး သက်သာစေဖို့ လေ့ကျင့်ခန်းကို အလွန်အမင်း ပြုလုပ်တာ၊ လေးလံလွန်းတဲ့ အသုံးအဆောင်တွေကို သယ်မတာနဲ့ အားကစားခန်းမမှာ အလေးမတာတို့ ရှောင်ရပါမယ်။

ပြုပြင်ထားတဲ့ အစာတွေကို ရှောင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစာတွေကို စားသင့်ပါတယ်။ အထူးသဖြင့် အမျှင်ဓာတ်ပါဝင်မှု များတဲ့ အစာစား ပြီး ဝမ်းချုပ်တာနဲ့ ဝမ်းညှစ်ပြီး သွားရတာတို့ မဖြစ်အောင် ကာကွယ်သင့်ပါတယ်။

နောက်တစ်ချက်က ဆေးလိပ်ဖြတ်ပြီး အရက်ရှောင်သင့်ပါတယ်။ ဒီအလေ့အကျင့်တွေက ခန္ဓာကိုယ်ထဲကို အဆိပ်အတောက်တွေ ဝင်လာစေတဲ့အတွက် ရေမုတ်ရောဂါရဲ့ အနာကျက်ဖြစ်စဉ်ကို နှောင့်နှေးစေလို့ ဖြစ်ပါတယ်။

ရေမုတ်ဖြစ်တဲ့အခါ ထိရောက်တဲ့ အိမ်တွင်းကုထုံးတစ်ခုက ရေအေးထဲမှာ အချိန် ၁၅ မိနစ်ခန့် တင်ပါးစိမ်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ရောင်ရမ်းမှုနဲ့ နာကျင်မှု သက်သာပြီး အနာကျက်နှုန်း မြန်တတ်ပါတယ်။

Ref; HD

Most Popular

Healthy Life Ad
To Top