Healthy Life Ad
Health Tips

လာဗန်ဒါရနံ့ဆီ၏ ကျန်းမာရေးကောင်းကျိုးများ

(၁). စိုးရိမ်သောကများခြင်းနှင့် စိတ်ဓာတ်ကျခြင်း

လာဗန်ဒါရနံ့ဆီ ရှူရှိုက်တာကြောင့် စိုးရိမ်သောကများတာနဲ့ စိတ်ဓာတ်ကျတာကို သက်သာစေပါတယ်။

(၂). အိပ်မပျော်ခြင်း

လာဗန်ဒါရနံ့ဆီ ရှူရှိုက်တာကြောင့် ညဘက်မှာ အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။

(၃). အစာခြေလမ်းကြောင်း ပြဿနာများ

လာဗန်ဒါရနံ့ဆီ ရှူရှိုက်ပေးတာကြောင့် ခန္ဓာကိုယ်ကနေ အဆီတွေကို ချေဖျက်ပေးနိုင်ပြီး ဝမ်းချုပ်တာကို သက်သာစေပါတယ်။

(၄). ခေါင်းကိုက်ခြင်း

လာဗန်ဒါရနံ့ဆီကို နားထင်နဲ့ ဦးခေါင်းမှာ ဆွတ်ပေးတာကြောင့် ခေါင်းကိုက်တဲ့ ဝေဒနာကို သက်သာစေပါတယ်။

(၅). အနာကျက်ခြင်း

လာဗန်ဒါရနံ့ဆီမှာ အစွမ်းထက် ပိုးသတ်အာနိသင် ပါဝင်ပါတယ်။ ဆဲလ်ကြီးထွားစေပြီး အနာကျက် မြန်စေပါတယ်။ ဒါ့အပြင် အမာရွတ်ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

Most Popular

Healthy Life Ad
To Top