Healthy Life Ad
Health Tips

ညည အိပ်ပျော်ဖို့ ခက်ခဲနေတဲ့ အမျိုးသားတို့အတွက် . . .

ကိုမိုး

ညည တော်တော်နဲ့ အိပ်မပျော်နိုင်တဲ့ အမျိုးသားတွေထဲ သင်လည်း အပါအဝင် ဖြစ်နေတယ်ဆိုရင် အိပ်ဆေးမလိုဘဲ သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေမယ့် သဘာဝ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။

 နိုးစက်နာရီကို တစ်ဖက်လှည့်ထားပါ
ဘယ်အချိန်ရှိပြီလဲဆိုတာကို ကြည့်နေမိလေလေ၊ အိပ်ပျော်နိုင်ဖို့ ခက်ခဲလေလေ ဖြစ်ပြီး သင်ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ နိုးစက်နာရီကို အဆက်မပြတ် ကြည့်နေမိတာကြောင့် ပူပန်စိတ်တွေ မြင့်တက်လာပြီး အိပ်မောကျဖို့ ခက်ခဲတတ်ပါတယ်

အိပ်ချိန်က မစောလွန်းပါစေနှင့်
တချို့လူတွေက မနက်အစောကြီး နိုးနေတယ်ဆိုပြီး ပြောလေ့ရှိကြပါတယ်။ သူတို့ အိပ်ရာဝင်ချိန်ကို မေးလိုက်တဲ့အခါ ည ရှစ်နာရီဆိုပြီး ပြောလေ့ရှိတဲ့အတွက် အိပ်ချိန်စောလွန်းတာကြောင့် စောစောနိုးတာက အိပ်မပျော်တာ မဟုတ်ပါဘူး။ ဒါကြောင့် အိပ်ချိန်ကို မစောလွန်း၊ နောက်မကျလွန်းဘဲ ထားရှိသင့်ပါတယ်။

 အခန်းကို အေးမြနေအောင် ထားပါ
အခန်းကို ပုံမှန် သက်သောင့်သက်သာရှိတဲ့ အ နေအထားထက် ပိုအေးမြအောင် ထားလိုက်ပါ။ အခန်းက အေးမြနေတဲ့အခါ သင့်ကို ပိုပြီး နှစ်နှစ် ခြိုက်ခြို က်အိပ်မောကျစေမှာ ဖြစ်ပါတယ်။

 ညအိပ်ဝတ်စုံ လဲဝတ်ပါ
ညအိပ်တဲ့အခါ အရေပြားထဲ လေဝင်လေထွက် ကောင်းပြီး ခန္ဓာကိုယ်က အေးမြနေမှသာ အိပ်မောကျဖို့ လွယ်ကူမှာ ဖြစ်သလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ညအိပ်တဲ့အခါ လျော့တိလျော့ရဲဖြစ်တဲ့ ညအိပ်ဝတ်စုံကို ပြောင်းဝတ်လိုက်ပါ။

 ငြိမ့်ညောင်းသော သီချင်းနားဆင်ပါ
တချို့အမျိုးသားတွေက ငြိမ့်ညောင်းတဲ့ တေးသီချင်းတွေကို နားဆင်ရင်း အိပ်စက်တဲ့အခါ မြန်မြန်အိပ်မောကျသွားလေ့ ရှိပါတယ်။

 စိုးရိမ်ပူပင်မှုများကို စာထဲချရေးပါ
မနက်ဖြန်အတွက် စိတ်ပူနေတာ၊ စိုးရိမ်နေတာတွေရှိရင် သင့်စိုးရိမ်သောကတွေကို စာထဲ ချရေးလိုက်ပါ။ စိတ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာရှိအောင် လေ့ကျင့်ခန်း လုပ်တာကလည်း ဦးနှောက်ကို အေးဆေးသွားစေပါတယ်။ ဥပမာ အင်္ဂလိပ်စာလုံး B နဲ့ စတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ရေတွက်တာမျိုး လုပ်ဆောင်ပါ။ ဒီနည်းက မြန်မြန် အိပ်ပျော်စေမယ့် နည်းပဲ ဖြစ်ပါတယ်။

 သီးသန့် ခွဲအိပ်ပါ
သင့်အိမ်ထောင်ဖက်ကြောင့် သင့်အိပ်စက်မှုက အဟန့်အတား ဖြစ်နေတယ်ဆိုရင် ဒါမှမဟုတ် အိပ်မပျော်ဖြစ်နေရင် သီးသန့် အခန်းခွဲအိပ်သင့်ပါတယ်။

 အိပ်ရာထဲသို့ လက်ကိုင်ဖုန်း သို့မဟုတ် တက်ဘလက်မယူပါနှင့်
လက်ကိုင်ဖုန်းနဲ့တက်ဘလက်တွေက ထွက်တဲ့ အပြာရောင်အလင်းတန်းတွေက မယ်လ်တိုနင်ဟော်မုန်းထွက်ရှိမှုကို ယုတ်လျော့စေပါတယ်။ မယ်လ်တိုနင်ဟော်မုန်းဆိုတာ အိပ်မောကျစေတဲ့ ဟော်မုန်းဖြစ်လို့ အိပ်ရာထဲကို မယူသင့်တာ ဖြစ်ပါတယ်။

 ကလေး၊ အိမ်မွေးတိရစ္ဆာန်များနှင့်အတူ မအိပ်ပါနှင့်
ကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ အတူ အိပ်စက်တဲ့အခါ အမျိုးသားတွေက ကောင်းကောင်း အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။

 အိပ်မပျော်လျှင် အိပ်ရာထဲ လှဲမနေပါနှင့်
အိပ်မပျော်ဘဲ အိပ်ရာထဲ တလူးလူး တလှိမ့်လှိမ့်နေမယ့်အစား ထပြီး လမ်းလျှောက်ပါ၊ ဆူဒိုကု ကစားပါ၊ စာအုပ်ဖတ်ပါ . . ဒီနည်းတွေက သင့်စိတ်ကို အပန်းပြေစေပြီး ပြန်အိပ်တဲ့အခါ မြန်မြန်အိပ်မောကျစေမှာ ဖြစ်ပါတယ်။

Ref; RD

Most Popular

Healthy Life Ad
To Top