Healthy Life Ad
Men

လိင်စိတ်လျော့နည်းတယ် . .

မေး. ကျွန်တော့်အသက်က ၂၅ နှစ်ပါ။ အိမ်ထောင်ကျတာ တစ်နှစ်ရှိပေမယ့် လိင်မှုကိစ္စကို စိတ်မဝင်စားဘူး၊ မစွမ်းဆောင်နိုင်ဘူး ဖြစ်နေတယ်၊ အဲဒီအတွက် ဘာလုပ်သင့်ပါသလဲ။
ကိုသတိုး၊ သမိုင်း။

ဒေါက်တာဦးဇော်စိန်လွင် ဆေးရုံအုပ်ကြီး (ငြိမ်း)၊ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးမှ ဖြေကြားသည်

ဖြေ. ဒါတွေက မိသားစုဆွေးနွေးခြင်း၊ လိင်မှုဆိုင်ရာ ပညာပေးဆွေးနွေးခြင်း စတာတွေလိုအပ်ပါတယ်။ အိမ်ထောင်ရေးဆိုင်ရာအခက်အခဲတွေက ပုဂ္ဂိုလ်နဲ့ဆိုင်သလား၊ အခြေအနေနဲ့ ဆိုင်သလား၊ ရောဂါနဲ့ဆိုင်သလား . . ဒါမှမဟုတ် စိတ်ဝင်စားမှုနဲ့ ဆိုင်သလားစတဲ့ အချက်တွေပေါ် မူတည်တတ်တဲ့အတွက် ဒါတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး ကူညီပေးလို့ရပါတယ်။ တကယ်တော့ဒါတွေက ရှက်ရွံ့နေစရာမလိုဘဲ မိသားစုဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင် ဆွေးနွေးရပါမယ်။ ပြီးမှလိုအပ်လာရင် စိတ်ကျန်းမာရေး အထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။

Most Popular

Healthy Life Ad
To Top