Healthy Life Ad
Q & A

ကြက်သံပရာပေါင်းစားရင် ဆီးချိုရောဂါ ပျောက်နိုင်သလား . . .

မေး. ဖေ့စ်ဘွတ်မှာ သတင်းတစ်ပုဒ် တွေ့လိုက်ရလို့ပါ။ လူတစ်ယောက်ကတစ်နေ့မှာ နေမကောင်းဖြစ်သတဲ့။ သူဟာအာတွေခြောက်ပြီး အမြဲရေဆာ၊ ထမင်းလည်း အမြဲဆာနေသလို တုန်နေသတဲ့။ချွေးစေးတွေ ပြန်၊ ဆီးကခဏခဏသွားတာနဲ့ ဆရာဝန်ပြပြီး စစ်ဆေးကြည့်တော့ ဆီးချိုရောဂါ ဖြစ်နေပါသတဲ့။ ဒီလိုနဲ့ဆေးစားလာတာ ၂ နှစ်လောက် ကြာပါတယ်။ အသက် ၅၇ နှစ်မှာ မလေးရှားက သူ့မောင်နှမတွေဆီလာလည်တော့ သူ့မှာဆီးချိုရောဂါဖြစ်နေတာကိုသိလို့ ညီတစ်ယောက်က ဒီကြက်သံပရာပေါင်းကို လုပ်ကျွေးပါတယ်။ နှစ်ပေါင်း ၂၅ နှစ်လောက် ဆီးချိုရောဂါခံစားနေရတဲ့သူက ဒီနည်းနဲ့ ပျောက်ကင်းသက်သာရာရခဲ့လို့ သူလည်းပျောက်ချင်စိတ်နဲ့ သောက်ပါသတဲ့။ ကြက်ပေါင်းနည်းက ၆၀ သားလောက် အနေတော်ကြက်တစ်ကောင်ကို ခြေထောက်နဲ့ခေါင်းဖြတ်ပြီး သံပရာသီးလေးလုံးကို ထက်ခြမ်းခွဲထည့်၊ ဆားအနည်းငယ်နဲ ့ ရေကိုကြက်မြုပ်ရုံထည့်ပြီး ပေါင်းတာပါပဲ။ အဲဒီကြက်ပေါင်းကို သူ့ဆွေမျိုးတွေက သူမလေးရှားမှာနေစဉ် ၄ ကြိမ် လုပ်ကျွေးခဲ့တယ်။အရသာကဆိုးတော့ ကြက်တစ်ကောင်ပေါင်းရင် ကုန်အောင်တစ်ပတ်လောက်ထား စားရသတဲ့။ သူက စွပ်ပြုတ်သောက်သလို သောက်လိုက်၊ ညလယ်စာအဖြစ် တစ်ရေးနိုးထစားလိုက်နဲ ့ လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်လအကြာ သူထိုင်ဝမ်ကိုပြန်တဲ့အခါ ဆေးစစ်ကြည့်တော့ ဆီးချိုအတက်အကျမရှိတော့လို့ ဆရာဝန်က ဆီးချိုအတွက် သောက်ရတဲ့ဆေးတွေ ဖြတ်ပေးလိုက်ပါတယ်တဲ့။ ဆီးချိုတိုင်းကိရိယာလေးနဲ့ အမြဲပဲစောင့်စစ်ဆေးတော့လည်း ပုံမှန်ပဲဖြစ်နေပါတယ်တဲ့။ အဲဒါ ဖြစ်နိုင်ပါသလား ခင်ဗျာ။
ကိုမျိုးအောင်ထွန်း၊ တာမွေ။

ပါမောက္ခဦးကိုကို
(ဆီးချိုနှင့်အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားသည်

ဖြေ. ဆရာတို့ရဲ့ ဆေးပညာသုတေသနမှာတော့ ဒါမျိုးမတွေ့ဖူးပါဘူး။ တစ်ခုရှိတာက ဆီးချိုရောဂါရှိသူက ကြက်သားတင်မက အသား၊ ငါး၊ အရွက်တွေစားရင် ဆီးချိုတက်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုမျိုးလုပ်စားလို့ ဆီးချိုပျောက်တယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒီလို ကြက်သံပရာပေါင်းကိုစားလို့ ဆီးချိုရောဂါပျောက်တယ်ဆိုတာ စနစ်တကျလေ့လာထားတဲ့ သုတေသနလည်း မရှိသေးပါဘူး။ ဒီလို အသားတွေကိုစားလို့ ဆီးချိုတက်မှာမဟုတ်ပေမယ့် ဆီးချိုပျောက်မှာလည်း မဟုတ်ပါဘူး။ ဆီးချိုရောဂါရှိသူ ကြိုက်သလောက် စားလို့ရတဲ့အစာထဲမှာ အရွက်၊ အသားနဲ့ ငါးတော့ ပါဝင်နေပါတယ်။

Most Popular

Healthy Life Ad
To Top