Healthy Life Ad
Q & A

၅၀ကျော်အရွယ်အတွက် အားဆေး . . .

မေး ။ အသက် ၅၀ကျော် လူကြီး အမျိုးသား၊ အမျိုးသမီးတွေ ဘာအားဆေးပုံမှန်သောက်သင့်ပါသလဲ။
အိဇင် (Fb)

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ ။ အသက် ၅၀ကျော်ပေမယ့် အသီးအရွက်၊ သစ်သီးဝလံ၊ အသား၊ ငါး၊ ဂျုံစတာတွေကို အာဟာရဓာတ် စုံစုံ လင်လင်မျှမျှတတရအောင်စားတဲ့သူဆိုရင်တော့ ဗီတာမင်အားဆေးတွေ သိပ်မလိုပါဘူး။ ဒါပေမဲ့ အသက် ၅၀ကျော် အမျိုးသမီးတွေ သွေးဆုံးပြီးရင်တော့ အရိုးပါးအရိုးပွရောဂါ ဖြစ်နိုင်ခြေများလာတဲ့အတွက် ကယ်လ် ဆီယမ်ဓာတ်လိုအပ်ပါတယ်။ အမျိုးသားတွေလည်း အသက် ၅၀ ကျော်ရင် ကယ်လ်ဆီယမ်ဓာတ်လိုအပ်ပါ တယ်။ တကယ်လို့ ကယ်လ်ဆီယမ်ဓာတ်ပါတဲ့ နွားနို့၊ ဒိန်ချဉ်သောက်တယ်၊ ငါးကလေးတွေ စားတယ်ဆိုရင် တော့ သိပ်မချို့တဲ့တတ်ပါဘူး။ ဒီတော့ ကိုယ်ရဲ့ စားသောက်နေထိုင်မှုပုံစံပေါ်မူတည်ပြီး လိုအပ်တဲ့ ဓာတ် ပါဝင်တဲ့ အားဆေးကို ရွေးချယ်မှီဝဲသင့်ပါတယ်။ ကိုယ်စားတဲ့အထဲမှာ အသီးအရွက်၊ သစ်သီးဝလံပြည့်ပြည့် စုံစုံမျှတအောင်မစားဖြစ်ဘူးဆိုရင်တော့ မာလ်တီဗီတာမင် (Multivitamin) လို့ခေါ်တဲ့ အားဆေးတစ်မျိုးမျိုးကို မှီဝဲသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top