Healthy Life Ad
Health Tips

တစ်နေ့ ၃၀ မိနစ် အချိန်ပေးပြီး လုပ်သင့်သော ကျန်းမာရေးအကျင့်ကောင်း

ပါမောက္ခဦးခင်မောင်ဝင်း(အသည်းအထူးကု ဆရာဝန်ကြီး)

လူတွေ အချိန်မရဘူးဆိုရင် ကျန်းမာဖို့ တစ်နေ့ နာရီဝက်လောက် အချိန်ပေးပြီး လုပ်သင့်တာက လမ်းလျှောက်တာပါပဲ။ လေ့ကျင့်တဲ့စက်တွေဝယ်ပြီး ဒီစက်ကြီးနဲ့ဒီလိုလုပ်မယ်၊ ဟိုလိုလုပ်မယ်ဆိုတာ တကယ်တမ်းမှာ မလုပ်ဖြစ်ကြတာ များတယ်။ နောက်တစ်ခုက မနက်စောစောကန်ဘောင်မှာ လမ်းလျှောက်ပြီး ဆီပူထဲနှစ်ထားတဲ့ ဘူးသီးကြော်တွေစားပြီး ပြန်လာတယ်ဆိုရင်လည်း တကယ်တမ်း မထိရောက်ပါဘူး။
အဆင်ပြေတယ်ဆိုရင် အိမ်မှာ လမ်းလျှောက်စက်နဲ့ တစ်နေ့ နာရီဝက်လောက် ပြေးတာကလည်း ကောင်းပါတယ်။ လူအများအတွက် အဆင်ပြေမယ့်နည်းကို ပြောရမယ်ဆိုရင်တော့ Brisk Walking လို့ခေါ်တဲ့ နှလုံးခုန်နှုန်း မြန်လာအောင် ခပ်သွက်သွက်လမ်းလျှောက်ပေးရပါမယ်။

Most Popular

Healthy Life Ad
To Top