Healthy Life Ad
Life Style

ကျန်းမာရေးမှာအစားအသောက်က အဓိကကျလို့ သင့်တင့်မျှတအောင်စားလေ့ရှိတဲ့ အာဇာနည် နှင့် ဝမ်းမိသားစု

Photo:Internet

r5

မေး ကိုအာဇာနည်ရဲ ့ လက်ရှိအနုပညာလှုပ်ရှားမှုလေးတွေ သိပါရစေ။

ဖြေ ကိုအာဇာနည်ကတော့ သီချင်းတွေ ဆိုနေပါတယ်။ နယ်ရှိုးတွေရော ရန်ကုန်ရှိုးရော ဆိုဖြစ်နေပါတယ်။ ပြီးတော့ကြော်ငြာတစ်ခုလည်း ရိုက်ထားပါတယ်။

မေး ဒီနှစ်သင်္ကြန် ဘယ်မှာရှိဖို့ များပါသလဲ။

ဖြေ ကိုအာဇာနည်က ဒီနှစ်သင်္ကြန် တယ်လီနောမိုဘိုင်းမှာ ရှိဖို့များတယ်။ ရန်ကုန်မှာ ၃ ရက်၊ မန္တလေးမှာ ၃ ရက်ရှိမှာပါ။

မေး အခုနွေရာသီကအရမ်းပူတော့ အစ်မတို့မိသားစုရဲ့ ကျန်းမာရေးအတွက် ဘယ်လိုတွေဂရုစိုက် နေထိုင်ဖို့ပြင်ဆင်ထားပါသလဲ။

ဖြေ အဓိက အသွားအလာ၊ အနေအထိုင်ဂရုစိုက်ရပါတယ်။ အပူအအေးမျှတအောင် နေရတယ်။ နေပူထဲကလာပြီး အရမ်းအေးတဲ့နေရာတွေမှာ ချက်ချင်းဝင်နားတာမျိုး မလုပ်ဖို့နဲ့ ကားစီးရင်လည်းအဲကွန်းကို အဝင်အထွက်အပူအအေးမျှအောင် ဂရုစိုက်ဆင်ခြင်ရပါတယ်။

r3

မေး အစ်မတို့မိသားစုမှာ တစ်ယောက်ရဲ့ကျန်းမာရေးကို တစ်ယောက်ကဘယ်လို ဂရုစိုက်အကြံပေးဖြစ်ပါသလဲ။

ဖြေ တစ်ယောက်ကိုတစ်ယောက်ကတော့ ဂရုစိုက်ရတာပေါ့။ ကိုအာဇာနည်က ဆေးသောက်ဖို့မေ့နေရင် အစ်မကသတိပေးတာမျိုး ရှိတယ်။ အစ်မကတစ်ခုခုလုပ်ဖို့မေ့နေရင် အစ်ကိုကသတိပေးတာမျိုးနဲ့ ဂရုစိုက်ကြပါတယ်။

မေး အစ်မအနေနဲ့ စီးပွားရေးအလုပ်ကတစ်ဖက်၊ ကိုအာဇာနည်ရဲ့ အနုပညာအလုပ်ကိုပံ့ပိုးတာက တစ်ဖက်၊ ဒီကြားထဲ မိသားစုတာဝန်တွေနဲ့ဆိုတော့ ဒီအလုပ်တွေကြား ဟန်ချက်ညီအောင် ဘယ်လိုလုပ်ဆောင်ပါသလဲ။

ဖြေ အစ်မက ရတဲ့အချိန်လေးကိုတော့ အလျင်းသင့်သလိုလုပ်ရတယ်။ အစ်မတစ်ယောက်တည်း လုပ်ဖို့ဆိုတာကလည်း သိပ်မလွယ်ကူဘူး။ အစ်မစီးပွားရေးအလုပ်ဆိုလည်း အစ်မရဲ့အစ်မတွေက ကူညီပံ့ပိုးပေးတယ်။ သားလေးကိစ္စအတွက်ကတော့ ကိုအာဇာနည်ရော အစ်မရော ပြုစုပျိုးထောင်ပေးတယ်။ ကိုဇာနည်အတွက်ကတော့ အလျင်းသင့်သလို နောက်ပိုင်းတွေမှာ လုပ်ပေးသွားပါတယ်။

မေး သားလေးရဲ့ကျန်းမာရေးကိုရော အသက်အရွယ်အလိုက် ဘယ်လိုပြုစုပျိုးထောင်ပေးဖြစ်ပါသလဲ။

ဖြေ သားလေးရဲ့ကျန်းမာရေးကတော့ မွေးကတည်းကအခုအချိန်ထိ သေချာဂရုစိုက်ပေးဖြစ်ပါတယ်။ အဓိက ဆရာဝန်နဲ့ သေချာတိုင်ပင်ဖြစ်တယ်။ အခုကြီးလာတော့လည်း နေပူထဲသိပ်မဆော့ဖို့ ဂရုစိုက်ပေးတယ်။ အပြင်သွားရင်လည်း ဦးထုပ်ဆောင်းပေးတာမျိုးတွေကအစ အစစအရာရာ သေချာဂရုစိုက်ရပါတယ်။

မေး နောက်ထပ် ရင်သွေးထပ်ယူဖို့ကော ရှိပါသလား။

ဖြေ အခုလောလောဆယ်တော့ မရှိသေးပါဘူး။

r1

မေး ကျန်းမာရေးနဲ့အညီ ဘယ်လိုနေထိုင် စားသောက်ဖြစ်ပါသလဲ။

ဖြေ အစားအသောက်ကို ဂရုစိုက်ဖို့က အဓိကပါပဲ။ ကျန်းမာရေးနဲ့အညီ သင့်တင့်မျှတအောင် စားတယ်။ ဘယ်လောက်ပဲကြိုက်ကြိုက် အလွန်အကျွံမစားပါဘူး။ လူတစ်ယောက်ရဲ့ကျန်းမာရေးမှာ အစားအသောက်က အဓိကကျတယ်လို ထင်ပါတယ်။

မေး အားကစားအနေနဲ့ရော ဘာတွေလုပ်ဖြစ်ပါသလဲ။

ဖြေ အစ်မကတော့မအားလို့ သိပ်မလုပ်ဖြစ်ပါဘူး၊ ကိုအာဇာနည်ကတော့ အိမ်မှာ လေ့ကျင့်ခန်းလုပ်တယ်၊ ဒိုက်ထိုးတာတွေ လုပ်တယ်။

မေး အစ်မတို့မိသားစု ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဖြစ်ပါသလား။

ဖြေ တစ်နှစ်တစ်ခါ အမြဲတမ်းလုပ်ဖြစ်ပါတယ်။

မေး မိသားစုလိုက် နယ်ခရီးတွေသွားရင် ကျန်းမာရေးအတွက် ဆေးဝါးတွေယူဆောင်သွားလေ့ ရှိပါသလား။

ဖြေ အစ်မတို့က နယ်ခရီးတွေသွားတိုင်း ဆေးဝါးအစုံအလင်ပါတဲ့ ဆေးအိတ်ကို အမြဲယူဆောင်သွားပါတယ်။

r4

မေး အစ်မတို့မိသားစုကို အားပေးနေတဲ့ပရိသတ်အတွက် ကျန်းမာရေးအကြံပြုချက်လေး ပြောပေးပါဦး။

ဖြေ အစ်မတို့မိသားစုကို အားပေးနေတဲ့ ပရိသတ်တွေအားလုံး ကျန်းမာကြပါစေ။ အစ်မအခုဖြေပေးထားတဲ့ အင်တာဗျူးလေးက အပြင်မှာနေထိုင်တဲ့ Lifestyle ပုံစံလေး ပြောပြပေးထားတာပါ။ ဗဟုသုတအနေနဲ့လည်း မှတ်သားလို့ရပါတယ်။ အဓိကအစ်မပြောချင်တာက အစားအသောက်ကို အလွန်အကျွံမစားဖို့ အကြံပေးချင်ပါတယ်။

Most Popular

Healthy Life Ad
To Top