Healthy Life Ad
Health Tips

ခန္ဓာကိုယ်ကျစ်လျစ် သန်စွမ်းသူတို့၏ အကျင့်ကောင်းခုနစ်ရပ်

၊ လရိပ်မေ ၊

လူတွေဟာ ကျစ်လျစ်သန်စွမ်းတဲ့ခန္ဓာကိုယ်ကို အားမထုတ်ဘဲ ရခဲ့တာမဟုတ်ပါဘူး။ တချို့လူတွေက မျိုးရိုးအားဖြင့် ကျစ်လျစ်သန်စွမ်းမှု ရှိနေတတ်ပေမယ့် သူတို့စားတဲ့အစားအသောက်နဲ့ လေ့ကျင့်ခန်းတွေကို သေချာအလေးထားလေ့ ရှိကြပါတယ်။ တကယ်တမ်းမှာ ခန္ဓာကိုယ်ကျစ်လျစ်သန်စွမ်းသူတွေက ခန္ဓာကိုယ်သန်စွမ်းကျစ်လျစ်စေမယ့် အကျင့်ကောင်းခုနစ်ရပ်ကိုတော့ လိုက်နာလေ့ ရှိနေတတ်ပါတယ်။

(၁) အာဟာရနဲ့ လေ့ကျင့်ခန်းအတွက် သင်ယူလေ့လာနိုင်စွမ်းရှိပါတယ်

ခန္ဓာကိုယ်ကျစ်လျစ်သန်စွမ်းသူတွေက ဘယ်လိုအစားအသောက်ကို စားသင့်တယ်၊ လေ့ကျင့်ခန်းကို ဘယ်လိုလုပ်သင့်တယ် စတဲ့ ဗဟုသုတတွေကို လေ့လာမှတ်သားလေ့ရှိကြပါတယ်။

(၂) အိမ်သန့်ရှင်းရေးကို ကိုယ်တိုင်လုပ်ဆောင်ကြပါတယ်

ခန္ဓာကိုယ်ကျစ်လျစ်သန်စွမ်းသူတွေက အိမ်သန့်ရှင်းရေးအလုပ်တွေကို ငှားမယ့်အစား ကိုယ်တိုင်လုပ်ဆောင်လေ့ ရှိကြပါတယ်။ အိမ်သန့်ရှင်းရေးကို မိမိဘာသာလုပ်ဆောင်တာကြောင့် ခန္ဓာကိုယ်က အပိုကယ်လိုရီတွေ လောင်ကျွမ်းတတ်ပါတယ်။

(၃) လှုပ်ရှားမှုကို ဦးစားပေးတယ်

ခန္ဓာကိုယ်ကျစ်လျစ်သန်စွမ်းသူတွေက ဇိမ်ကျတဲ့နည်းတွေ (ဥပမာ တီဗီကို အဝေးထိန်းခလုတ်နဲ့ ဖွင့် -ပိတ်လုပ်တာ) ထက် ကိုယ်လက်လှုပ်ရှားပြီး လုပ်ဆောင်ရတာကိုပိုပြီး သဘောကျလေ့ရှိပါတယ်။

(၄) ရေတိုဝိတ်လျှော့နည်းတွေကို စိတ်မဝင်စားပါဘူး

ကိုယ်အလေးချိန် တက်လာတယ်ထင်ရင်တောင် မြန်မြန်ထိရောက်မယ့် ရေတိုဝိတ်လျှော့နည်းတွေကို စိတ်မဝင်စားဘဲ လေ့ကျင့်ခန်းလုပ်ရင်း တဖြည်းဖြည်း ခန္ဓာကိုယ်ထိန်းတတ်သူတွေ ဖြစ်ကြပါတယ်။

(၅) နံနက်တိုင်း လေ့ကျင့်ခန်းလုပ်လေ့ရှိတယ်

ခန္ဓာကိုယ်ကျစ်လျစ်သန်စွမ်းသူတွေက နံနက်တိုင်းလေ့ကျင့်ခန်း လုပ်လေ့ရှိကြပါတယ်။

(၆) အစားအသောက်ကို ချင့်ချိန်စားသုံးတယ်

ခန္ဓာကိုယ်ကျစ်လျစ်သန်စွမ်းသူတွေက အစားအသောက်ကို ဘယ်မှာစားစား အလွန်အကြူးစားလေ့မရှိဘဲ အမြဲတမ်းချင့်ချိန်စားသုံးလေ့ ရှိပါတယ်။

(၇) လှုပ်ရှားမှုနဲ့အစားအသောက် ချိန်ဆလေ့ရှိတယ်

လေ့ကျင့်ခန်းလုပ်ဖို့ ဒီနေ့ပျက်ကွက်သွားခဲ့သလား။ ဒါဆိုရင် ခန္ဓာကိုယ်ကျစ်လျစ်သန်စွမ်းသူတွေက ကယ်လိုရီများတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှ ဆင်ခြင်လေ့ရှိကြပါတယ်။

(Ref;Health)

Most Popular

Healthy Life Ad
To Top