Healthy Life Ad
Health Tips

သွားကျန်းမာစေမည့် အစာ . . .

Untitled-3
– နွားနို့
နွားနို့မှာ ကယ်လ်ဆီယမ်ဓာတ် ပါဝင်တာကြောင့် သင့်ခံတွင်းကို သွားဖုံးရောဂါမရအောင် ကာကွယ်ပေးပါတယ်။

Untitled-2
– ဆယ်လ်မွန်ငါး
ဆယ်လ်မွန်ငါးမှာ ဗီတာမင်ဒီပါဝင်တဲ့အတွက် သင့်ခန္ဓာကိုယ်ကနေ ကယ်လ်ဆီယမ်စုပ်ယူပြီး အသုံးပြုနိုင်စွမ်း ကောင်းစေပါတယ်။

Untitled-1
– လိမ္မော်သီး
လိမ္မော်သီးဟာ သွေးကြောတွေကို သန်စွမ်းကျန်းမာစေပြီး သွားတွေထဲက တွယ်ဆက်တစ်သျှူးတွေကို ခိုင်ခံ့စေပါတယ်။

Untitled-4

– စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးမှာ ဗီတာမင်စီ ပါဝင်မှုများပါတယ်။ ဗီတာမင်စီက ကော်လာဂျင်ပရိုတင်း ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ဓာတ်ဖြစ်ပြီး သွားဖုံးကို ကျန်းမာသန်စွမ်းစေပါတယ်။

Untitled-6
– ရေ
ရေက သင့်ခံတွင်းထဲက စားကြွင်းစားကျန်တွေကို ကင်းစင်စေပြီး တံတွေးပမာဏကိုများစေတဲ့အတွက် သွားနဲ့ခံတွင်း ကျန်းမာစေပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top