Healthy Life Ad
Life Style

အဆိုတော်သားစိုးမိသားစု ကျန်းမာရေးအကျင့်ကောင်းများ

s1

– အစ်ကိုတို့မိသားစုက ဘယ်လိုကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဖြစ်လဲဆိုတာ ပြောပြပေးပါ။

ကျန်းမာရေးကောင်းဖို့က အလွန်အရေးကြီးပါတယ်။ ကျန်းမာမှ လူမှုရေး၊ စီးပွားရေးကော အကုန်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အစ်ကိုတို့မိသားစုမှာ ကျန်းမာရေးကောင်းဖို့ တစ်ယောက်နဲ့တစ်ယောက် ကူညီစောင့်ရှောက်ဖြစ်ပါတယ်။ အစ်ကိုဆိုလည်း Gym ဆော့တယ်၊ ရေကူးတယ်၊ အားကစားလုပ်တာကလည်း ကျန်းမာရေးကိုကောင်းမွန်စေတယ်၊ အစ်ကို့အမျိုးသမီးဆိုလည်း ကျန်းမာရေးလိုက်စားတယ်၊ အိမ်မှုကိစ္စတွေအပြင် ကျန်းမာရေးကိုလည်းအချိန်ပေးပြီး လေ့လာလိုက်စားတယ်။

– ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုစားသောက်ဖြစ်ပါသလဲ၊ တစ်ယောက်နဲ့တစ်ယောက်ကော အကြိုက်တူညီတာတွေ ရှိပါသလား။

ကျန်းမာရေးနဲ့ညီညွတ်အောင်တော့ စားသုံးဖြစ်တယ်၊ ပြီးတော့ အိမ်မှာချက်စားတာ ပိုများတယ်၊ အစားအသောက်တွေမှာတော့ များသောအားဖြင့် အကြိုက်ချင်းတူညီတာ များပါတယ်။

s23
– အစ်ကိုတို့အိမ်ထောင်ရေးမှာ ကျန်းမာရေးကြောင့် စိတ်ညစ်ပူပန်ခဲ့ရတာမျိုး ရှိပါသလား။

ကျန်းမာရေးမကောင်းလို့ အရမ်းကြီးစိတ်ပူပန်ခဲ့ရတာမျိုးတော့ မရှိသေးပါဘူး။ လက်ရှိမှာတော့အစ်ကိုက သီချင်းတွေအများကြီးဆိုရတော့ ကျန်းမာရေးမကောင်းဖြစ်မှာစိုးတဲ့အတွက် ဂရုစိုက်ဆင်ခြင် ဖြစ်နေပါတယ်။ အခုက အသက် ၃၀ ကျော်ပြီဖြစ်တဲ့အတွက် နောင်အသက် ၄၀ – ၅၀ အရွယ်တွေမှာ ကျန်းမာနေဖို့အတွက် အခုချိန်ကတည်းက ကျန်းမာရေးဂရုစိုက်နေပါတယ်။ အသက်ကြီးလာလေ ကျန်းမာရေးကမကောင်း ဖြစ်တာများလေဖြစ်တဲ့အတွက် ဂရုစိုက်ဖို့အရမ်းအရေးကြီးပါတယ်။

– နယ်ခရီးတွေသွားရတဲ့အချိန်မှာ ကျန်းမာရေးအတွက် ဂရုစိုက်ပြင်ဆင်ဖြစ်ပုံလေး ပြောပြပေးပါ။

အလုပ်ကိစ္စအတွက်ကော နယ်ရှိုးတွေအတွက်ပါသွားရတော့ ကျန်းမာရေးက ဂရုစိုက်ရတယ်။ နယ်ခရီးသွားဖြစ်တိုင်း အိတ်ထဲမှာ ဆေးဝါးအပြည့်အစုံ ယူဆောင်သွားလေ့ရှိပါတယ်။

s2

– အစ်ကိုတို့သားလေးရဲ့ ကျန်းမာရေးအတွက်ကော ဘယ်လိုဂရုစိုက်လုပ်ဆောင်ပေးဖြစ်ပါသလဲ။

သားလေးအတွက်ကတော့ ကျန်းမာရေးကအရေးကြီးဆုံးပေါ့။ အခုချိန်ကတည်းက သေချာဂရုစိုက်ပေးတယ်။ အားကစားတွေလည်း ပေးလုပ်ဖြစ်တယ်။ အစားအသောက်ဆိုလည်း ကျန်းမာရေးနဲ့အညီ အာဟာရဖြစ်အောင်ကျွေးဖြစ်ပါတယ်။

– အခုလက်ရှိမှာ သားသားလေးအပြင် နောက်ထပ်ရင်သွေးယူဖို့ ရှိပါသလား။

သားသားလေးအပြင် နောက်ထပ်ကလေးထပ်ယူဖို့ ရှိပါတယ်။

– အခုလိုအေးတဲ့ ဆောင်းရာသီမှာ ကျန်းမာရေးအတွက် ထွေထွေထူးထူးလိုက်နာရတာမျိုး ရှိပါသလား။

အေးတဲ့ရာသီဖြစ်တဲ့အတွက် ညအိပ်ရင်အဲကွန်းကို လျှော့ဖွင့်တယ်။ တစ်ခါတလေမလိုအပ်ရင် အဲကွန်းပိတ်ပြီး အိပ်ပါတယ်။ အခုလက်ရှိမှာလည်း မိသားစုအားလုံး နေကောင်းပါတယ်။

– ကျန်းမာရေးကိုကိုယ်တိုင် လေ့လာလိုက်စားဖြစ်လို့ ကောင်းကျိုးရတဲ့အတွေ့အကြုံ ပြောပြပေးပါ။

အစ်ကိုဆို လက်ကိုမကြာခဏဆေးတဲ့ အကျင့်ကိုလေ့လာလိုက်စားဖြစ်တယ်။ လက်ဆိုတာမျိုးက ထိတွေ့ကိုယ်တွယ်ရတာ များတယ်၊ ကိုယ်မမြင်နိုင်တဲ့ပိုးမွှားတွေကြောင့် ရောဂါတွေကူးစက်နိုင်တယ်။ လက်ကိုမကြာခဏဆေးတဲ့ အကျင့်လုပ်ထားလို့ နေမကောင်းမဖြစ်တာ တစ်နှစ်လောက်ရှိပါပြီ။ ဒါက ကိုယ်တွေ့အကျိုး သက်ရောက်မှုလေးဖြစ်တာကြောင့် လူတိုင်းကို မကြာခဏလက်ဆေးပါလို့ အကြံပြုချင်ပါတယ်။

s4

– အိမ်ထောင်ရေးမှာ စိတ်ဖိစီးမှုတွေ၊ မပြေလည်တာတွေဖြစ်လာရင် ဘယ်လိုဖြေရှင်းဖြစ်ပါသလဲ။

အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ်၊ တခြားကိစ္စကြောင့်တွေပဲဖြစ်ဖြစ် အဆင်မပြေရင် အရင်ဆုံး အိမ်ကမိဘတွေနဲ့လည်း တိုင်ပင်တယ်။ အစ်ကိုတို့ နှစ်ယောက်စလုံးကလည်း ဖြစ်သင့်တာတွေ တိုင်ပင်ဖြစ်ပါတယ်၊ တစ်ခါတလေကျရင်လည်း တရားထိုင်တာမျိုး လုပ်ဖြစ်တယ်။

– အစ်ကိုတို့မိသားစုကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ကျန်းမာရေးအကြံပြုချက်လေး ပြောပြပေးပါ။

အစ်ကိုအကြံပေးချင်တာကတော့ မကြာခဏလက်ဆေးပါလို့ ပြောချင်ပါတယ်။ ကျန်းမာရေးစစ်ဆေးမှုတွေလည်း လုပ်သင့်ပါတယ်၊ ပရိသတ်အားလုံး ကျန်းမာရေးကို လေ့လာလိုက်စားပြီး ဂရုစိုက်ကြပါ၊ ကျန်းမာရေးကလူတိုင်းအတွက် အရေးကြီးပါတယ်လို့ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top