Healthy Life Ad
Health Tips

သင့်လက်ကလေး သန့်စင်နေပါစေ . . .

သင့်လက်တွေညစ်ပတ်တယ်လို့ ခံစားရတိုင်း နည်းလမ်းနှစ်မျိုးထဲက တစ်မျိုး သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပေးပါ။

နည်းလမ်း (၁)

လက်တွေကို အယ်လ်ကိုဟောအခြေခံ လက်ဆေးဆပ်ပြာရည်နဲ့ ဆေးပါ။ ဒီနည်းက ရေမလိုတဲ့အတွက် လမ်းခရီးတွေမှာ အဆင်ပြေတဲ့နည်းလမ်းကောင်း ဖြစ်မှာပါ။ လက်ဆေးဆပ်ပြာရည်ကို လက်ဖဝါးနှစ်ဖက်စလုံးမှာပွတ်ပြီး လုံးဝခြောက်သွေ့တဲ့အထိ ထားလိုက်ပါ။

နည်းလမ်း (၂)

– လက်ကိုရေဆေးပြီး ဆပ်ပြာတိုက်ပါ။

– လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်းနဲ့ လက်သည်းကြားတွေပါမကျန် ဆပ်ပြာနဲ့ နှံ့နှံ့စပ်စပ်တိုက်ပါ။

– လက်ကို သေချာ ဆေးကြောလိုက်ပါ။

– တစ်သျှူး ဒါမှမဟုတ် အခြောက်ခံစက်နဲ့ လက်တွေကိုခြောက်သွေ့အောင် လုပ်ပါ။

Most Popular

Healthy Life Ad
To Top