Healthy Life Ad
Health Tips

အလုပ်လုပ်ရင်း အားအင် ကုန်ခမ်းလာလျှင် . .

သဒ္ဒါထက်

အလုပ်ထဲမှာ အဆင်မပြေလို့ပဲဖြစ်ဖြစ်၊ ဘဝ ခရီးလမ်းမှာ ဆက်မလျှောက်လှမ်း လိုတာကြောင့်ပဲ ဖြစ်ဖြစ် စိတ်ဓာတ်တွေ အကြီးအကျယ် ကျလာပြီဆိုရင် စိတ်ဓာတ်ပြန်လည် တက်ကြွလာစေဖို့ လုပ်ဆောင်သင့်တဲ့ နည်းလမ်းကောင်းတွေ ရှိပါတယ်။

– အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တဲ့ လေ့ကျင့်ခန်းတွေက သင့်ကို စိတ်တည်ငြိမ်သွားစေပြီး ရှေ့ ခွန်အားပြည့်ဝ နေစေမှာပါ။

ဆက်လျှောက်ဖို့

– အလုပ်ထဲမှာ စိတ်ပင်ပန်းနေတဲ့အခါ ကိုယ်ချစ်ခင် လေးစားတဲ့ မိခင် ဒါမှမဟုတ် ဖခင်နဲ့ ဖုန်းပြောတာကြောင့် စိတ်ဖိစီးမှုဟော်မုန်း လျော့ကျပြီး စိတ်ခံစားမှု ကောင်းစေတဲ့ အောက်ဆီတိုစင် အထွက်တိုးလာပါ လိမ့်မယ်။

– စိတ်ပင်ပန်းနေချိန်မှာ ချောကလက် စားလိုက်တာကြောင့် စိတ်တည်ငြိမ် လန်းဆန်းနေမှာပါ။

– ဟာသစာအုပ် ဒါမှမဟုတ် ဟာသဇာတ်လမ်းကြည့်ပြီး ရယ်လိုက်တာကြောင့် စိတ်ဖိစီးမှုတွေ အတန်အသင့် လျော့ပါးသွားမှာ ဖြစ်ပါတယ်။

– အပန်းဖြေခရီးတို ထွက်ပါ ဒါမှမဟုတ် သစ်ပင်ပန်းမန်ပေါများတဲ့ ပန်းခြံကို သွားလည်လိုက်ပါ။

– နံနက်တိုင်း မာလ်တီဗီတာမင် အားဆေး မှီဝဲပါ။

– ကိုယ့်ဝါသနာကို အကောင်အထည်ဖော်ပါ။

– အလုပ်မျိုးစုံ လုပ်ဆောင်ရင်း စိတ်ကို တည်ငြိမ်အောင် နေထိုင်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top