Healthy Life Ad
Q & A

ဆီးချိုရောဂါရှိသူအတွက် သင့်တော်သော ဆီ

မေး. ဆီးချိုရောဂါရှိသူတွေက ဘယ်လိုဆီမျိုးကို စားသင့်ပါသလဲ၊ စားအုံးဆီကို စားလို့ရပါသလားဆရာ။
ဦးလမင်း၊ ပုသိမ်။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဆီးချိုရောဂါရှိတဲ့သူတွေအတွက် မြေပဲဆီ၊ နှမ်းဆီတွေက သင့်တော်ပါတယ်။ သံလွင်ဆီကို စားနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။ ထောပတ်သီး၊ အခွံမာသီးနဲ့ အစေ့အဆန်တွေကရတဲ့ အဆီတွေကတော့ ဆီးချို သမားတွေအတွက် သင့်တော်ပါတယ်။

စားအုံးဆီကတော့ ပြည့်ဝဆီ ပါဝင်မှုများတဲ့အတွက် စားသုံးဖို့မသင့်ပါဘူး။ နောက်တစ်ခုက ဝက်သား၊ အမဲသား စတာတွေမှာပါတဲ့ ဆီတွေကလည်း ပြည့်ဝဆီတွေဖြစ်တဲ့အတွက် ဆီးချိုသမားတွေနဲ့ မသင့်တော်ပါဘူး။ ဆီးချိုသမားတွေကိုယ်တိုင်က နှလုံးသွေးကြောပိတ်နိုင်ခြေရှိတဲ့အတွက် ပြည့်ဝဆီပါတဲ့အဆီတွေကို ရှောင်သင့် ပါတယ်။

Most Popular

Healthy Life Ad
To Top