Healthy Life Ad
Health Tips

အမျိုးသား သွေးဆုံးခြင်းအကြောင်း သိကောင်းစရာ

၊  ဦးမိုး  ၊

အမျိုးသမီးတွေ အသက်ကြီးလာချိန်မှာ သွေးဆုံးသွားသလိုပဲ အမျိုးသားတွေကလည်း အသက်ကြီးလာ လေလေ၊ ကျားဟော်မုန်း တက်စတိုစတီရုန်းထုတ်လုပ်မှု လျော့နည်းလာလေလေ ဖြစ်တတ်ပါတယ်။ အဲဒီအခြေအနေကို အမျိုးသားသွေးဆုံးခြင်း (Andropause)လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

– အမျိုးသား သွေးဆုံးခြင်းဖြစ်စေသော အကြောင်းရင်း
ကျားဟော်မုန်းကို ဝှေးစေ့ကနေ အဓိကထုတ်ပြီး ကျားဟော်မုန်း တက်စတိုစတီရုန်းအဆင့် လျော့ကျတာက အမျိုးသား သွေးဆုံးမှုဖြစ်စေတဲ့ အကြောင်းရင်းတစ်ရပ်ပါ။ အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ ကျားဟော်မုန်းထုတ်လုပ်မှု လျော့နည်းလာပါတယ်။

ကျားဟော်မုန်းကျဆင်းရတဲ့ အကြောင်းရင်းက အသက်ကြီးတာတစ်ခုတည်းကြောင့်တင်မက ကျန်းမာရေးပြဿနာတချို့ကြောင့်လည်းဖြစ်တတ်ပါတယ်။ အဲဒါတွေက အိပ်ရင်း အသက်ရှူခဏခဏရပ်ပြီး ဟောက်တာနဲ့ ဆီးချိုသွေးချိုရောဂါတို့လို ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်တတ်ပါတယ်။

– အမျိုးသား သွေးဆုံးခြင်း၏ လက္ခဏာများ
အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ကျားဟော်မုန်းတက်စတိုစတီရုန်းအဆင့် လျော့ကျသွားတဲ့အခါ  သွေးဆုံးတဲ့ ဝေဒနာရဲ့ လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ တချို့လက္ခဏာတွေက အားနည်းတာနဲ့ နုံးချည့်ညောင်းညာ တာတွေဖြစ်ပြီး ကြွက်သားထုထည်ဆုံးရှုံးကာ ဗိုက်ပူပြီးဝတတ်ပါတယ်။ တချို့အမျိုးသားတွေမှာ ရင်သားကြီးလာ တတ်ပါတယ်။

တစ်ခါတလေ အမျိုးသမီးတွေသွေးဆုံးချိန်ဖြစ်သလိုပဲ ညဘက်အိပ်ရင်း ချွေးပြန်တာနဲ့ ပူစပ်ပူလောင်ဖြစ်တာတွေ ခံစားရတတ်ပါတယ်။ အမျိုးသား သွေးဆုံးချိန်မှာ စိတ်ဓာတ်ကျတဲ့ ဝေဒနာတော့ မဖြစ်တတ်ပါဘူး။ မှတ်ဉာဏ်ဆုံးရှုံးမှု ဖြစ်တတ်ပါတယ်၊ ဆံပင်ကျွတ်တတ်ပါတယ်၊ လိင်စိတ်ဆန္ဒ လျော့ပါးသွားတတ်ပါတယ်။

– အမျိုးသား သွေးဆုံးခြင်း၏ ဆိုးကျိုးများ
အသက်ကြီးရင့်သထက် ကြီးရင့်လာတဲ့ အမျိုးသားတွေမှာ ကျားဟော်မုန်းတက်စတိုစတီရုန်း ထုတ်လုပ်မှု တဖြည်းဖြည်း လျော့ကျလာတဲ့အတွက် သွေးဆုံးနိုင်ခြေပိုပိုများလာပါတယ်။ အမျိုးသားတစ်ဦး အသက် ၃၀ အရွယ်ရောက်ပြီးတာနဲ့ ကျားဟော်မုန်းထုတ်လုပ်မှုက နှစ်စဉ်တစ်ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

– အမျိုးသား သွေးဆုံးခြင်း ဟုတ်၊ မဟုတ် စမ်းသပ်နည်း
အမျိုးသားသွေးဆုံးမှုကို ရောဂါရှာဖွေဖို့ လူနာခံစားရတဲ့ ဝေဒနာတွေပေါ်မူတည်ပြီး ဆရာဝန်ကစမ်းသပ်ပေးမှာ ဖြစ်ပါတယ်။ လူနာကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေလုပ်ဆောင်ပြီး ကျားဟော်မုန်းတက်စတိုစတီရုန်းအဆင့်ကို တိုင်းတာဖို့ သွေးစစ်ဆေးမှု လုပ်ရပါမယ်။

– အမျိုးသား သွေးဆုံးခြင်းအားကုသမှု
အမျိုးသားတွေမှာ ကျားဟော်မုန်း တက်စတိုစတီရုန်းအဆင့် လျော့နည်းရတဲ့ အခြေအနေအတွက် ဟော်မုန်းအစားထိုးကုထုံး ခံယူလိုက်မယ်ဆိုရင်ပုံမှန် တက်စတိုစတီရုန်းအဆင့်ကို ပြန်လည်ထိန်းသိမ်း ပေးနိုင်မှာ ဖြစ်ပါတယ်။ ကျားဟော်မုန်းအစားထိုးကုထုံးက ထိရောက်ပေမယ့် ဘေးထွက်ဆိုးကျိုးအနည်း ငယ်တော့ ရှိပါတယ်။ တစ်ခုက ဆီးကျိတ်ကင်ဆာဖြစ်နှုန်း မြင့်တက်စေတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ကျားဟော်မုန်း တက်စတိုစတီရုန်းအဆင့် ပုံမှန်ရှိစေဖို့ ဆေးကုသမှုတချို့ ခံယူလိုက်တာနဲ့ စိတ်ဓာတ်ကျတာနဲ့ လိင်စိတ်ဆန္ဒလျော့ကျတာတို့လို ဝေဒနာလက္ခဏာတွေ သက်သာသွားပါလိမ့်မယ်။  ကျားဟော်မုန်းလျော့ကျမှုအတွက် မှီဝဲသင့်တဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေက ဂျင်ဂိုဘီလိုဘာ၊ စမုန်စပါး စတာတွေ ဖြစ်ကြပါတယ်။

(Ref;HD)

 

Most Popular

Healthy Life Ad
To Top