Healthy Life Ad
Health Tips

သင့်ကလေး အိပ်ရာထဲ ဆီးသွားလို့ စိတ်ညစ်နေသလား

စူး (ဆေးဝါးတက္ကသိုလ်)

ကလေးတွေ ကြီးတဲ့အထိ အိပ်ရာထဲ ဆီးသွား နေရင် မိဘတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ရပြီး ကလေးတွေလည်း စိတ်မသက်မသာ ခံစားရ တတ်ပါတယ်။ ဒီအတွက် သိပ်မစိုးရိမ်ပါနဲ့။ အမျိုးသား ကျန်းမာရေးတက္ကသိုလ်ရဲ့ လေ့လာမှုအရ အသက် ၅နှစ်-၆ နှစ်အရွယ်ကလေး ငါးသန်းကျော်ဟာ ညအိပ်ရင် အိပ်ရာထဲ ဆီးသွားတတ်တယ်လို့ သိရပါတယ်။ အိပ်ရာထဲ ဆီးသွားတာက မျိုးရိုးလိုက်တတ်ပြီး မိန်းကလေးတွေထက် ယောကျာ်းလေးတွေမှာ ပို အဖြစ်များပါတယ်။ ဒါကြောင့် သင့်ကလေး ညည အိပ်ရာထဲ ဆီးသွားနှုန်း လျော့ကျစေဖို့ လိုက်နာသင့် တဲ့ သဘာဝကုထုံးတွေကို ဖော်ပြလိုက်ရပါတယ်။

(၁) အိပ်ရာမဝင်မီ ကလေးကို အရည် လျှော့တိုက်ပါ

ကလေးရဲ့ ဆီးအိတ်ဟာ ညအိပ်ရာဝင်ချိန်မှာ အရည်ကင်းစင်နေရင် ဆီးသွားနိုင်ခြေ အလွန်နည်း ပါတယ်။ ညအိပ်ရာမဝင်ခင် နှစ်နာရီအလိုကတည်းက ကလေးကို ရေ၊ သစ်သီးဖျော်ရည်နဲ့ နွားနို့ များများ မသောက်ဖို့ ပြောထားပါ။

(၂) ခရင်မ်ဘယ်ရီဖျော်ရည် အနည်းငယ် တိုက်ပါ

ည ည ကလေး အိပ်ရာမဝင်ခင် ခရင်မ်ဘယ်ရီ ဖျော်ရည် အနည်းငယ် တိုက်ပါ။ ဒါက ဆီးလမ်းကြောင်းစနစ် ထိခိုက်တဲ့ ပြဿနာကို ကင်းဝေးစေပြီး ကလေးကို ဗီတာမင်နဲ့ အင်တီအောက်ဆီးဒင့်တွေ ရရှိစေပါတယ်။

(၃) အိပ်ရာမဝင်မီ ဆီးသွားခိုင်းပါ

ည ည ကလေး အိပ်ရာမဝင်ခင် အိမ်သာ သွား ခိုင်းပါ။ အိမ်သာသွားခိုင်းပြီးမှသာ ကလေးကို အိပ်ရာထဲ ဝင်စေပြီး ပုံပြင်ပြောပြပါ။

(၄) ညဘက်တွင် အချိုမကျွေးပါနှင့်
ကလေးကို ညဘက်မှာ သကြားလုံးနဲ့ ချိုတဲ့ မုန့် ပဲသရေစာတွေ မကျွေးပါနဲ့။ ချိုတဲ့ သရေစာတွေက သွားပိုးစားတာ၊ သွားပိုးပေါက်ဖြစ်တာတို့ ဖြစ်စေပါတယ်။ အချိုစာတွေ မကျွေးတဲ့အတွက် ကလေးမှာ သွားပိုးစားတာ ကင်းဝေးတဲ့အပြင် အိပ်ရာထဲ ဆီးသွားတာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၅) ကလေးကို သရေစာအဖြစ် စပျစ်သီးခြောက်နှင့် အခွံမာသီး ကျွေးပါ

ညဘက် ဗိုက်ဆာတဲ့အခါ ကလေးတွေကို အိပ်ရာမဝင်ခင် စပျစ်သီးခြောက်နဲ့ အခွံမာသီးတွေ စားခိုင်းလိုက်ပါ။ စပျစ်သီးခြောက်နဲ့ အခွံမာသီးတွေ စားတာကြောင့် ကလေးကို ကျန်းမာရေးနဲ့ ညီညွတ် တဲ့ အဆီ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရရှိစေပါ တယ်။

(၆) ငှက်ပျောသီးကို မကြာခဏ ကျွေးပါ

အိပ်ရာထဲ ဆီးသွားတတ်တဲ့ ကလေးသက်သာစေမယ့် နည်းလမ်းတစ်ခုက တစ်နေ့မှာ ငှက်ပျောသီး နှစ်လုံး-သုံးလုံး ကျွေးဖို့ပဲ ဖြစ်ပါတယ်။ ငှက်ပျောသီးမှာ အမျှင်ဓာတ် ပါဝင်တာကြောင့် ဝမ်းချုပ်တဲ့ ပြဿနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဝမ်းချုပ်တာက ညဘက် အိပ်ရာထဲ ဆီးသွားစေတဲ့အတွက် ကလေးကို ဝမ်းမှန်မှန်သွားစေတဲ့ နည်းနဲ့ သွယ်ဝိုက် ဖြေရှင်းသင့်တာပါ။

(၇) အိပ်ရာထဲ ဆီးမသွားသော ညတိုင်း ဆုချီးမြှင့်ပါ

အရင်က အိပ်ရာထဲ ဆီးပုံမှန် သွားတတ်တဲ့ ကလေးဟာ တစ်ညလုံး ဆီးမသွားဘဲ အိပ်ရာက နိုးလာ တယ်ဆိုရင် ကလေးကို ချီးကျူးစကားပြောပြီး ရောင်စုံစတစ်ကာ ရုပ်ပုံလေးတွေ ပေးတာမျိုး လုပ်ဆောင် ပေးပါ။ ဒါမှမဟုတ် အရုပ်လေးပေးပြီး ဆုချီးမြှင့်ပါ။

Most Popular

Healthy Life Ad
To Top