Healthy Life Ad
Life Style

မေ၏ ကျန်းမာလှပ လူမှုဘဝ

may1

မေ လက်ရှိလုပ်နေတဲ့ လက်ရှိအနုပညာလှုပ်ရှားမှု

ညီမအခု ပြက္ခဒိန်တွေ ရိုက်နေပါတယ်။ ပြီးတော့ ညီမရဲ့ တစ်ကိုယ်တော်တေးစီးရီးအတွက် သီချင်းတွေ လုပ်နေပါတယ်။ ၅လပိုင်းလောက်တော့ ထွက်ဖြစ်ပါမယ်။ ဖိုတိုကာဗာတွေ ရိုက်ဖြစ်နေပါတယ်။

မေရဲ့ တစ်နေ့တာ အသားအရေထိန်းသိမ်းမှုပုံစံ . .

မနက်မိုးလင်းရင် မျက်နှာကိုသေချာသန့်စင်အောင် သစ်ပါတယ်။ အိမ်မှာနေရင်မျက်နှာကို ဘာမှလိမ်းလေ့မရှိဘူး။ အပြင်သွားရင်တော့ တိုနာလိမ်းသွားတယ်၊ နေအရမ်းပူတာမျိုးဆိုရင်တော့ နေကာခရင်မ် လိမ်းဖြစ်တယ်၊ လိုးရှင်းကိုတော့ ရေချိုးပြီးတိုင်း လိမ်းဖြစ်ပါတယ်၊ အိပ်ခါနီးဆိုရင် Moisturizer လိမ်းဖြစ်ပါတယ်။

မေလုပ်နေကျ သဘာဝကုထုံး . . .

မျက်နှာမှာ ဓာတ်မတည့်မှုဖြစ်ရင်တော့ သခွားသီး ကပ်တယ်၊ အာလူးကပ် ပါတယ်၊ တစ်ခါတလေ ဒိန်ချဉ်လိမ်းဖြစ်ပါတယ်။

may2

ရိုက်ကူးရေးအတွက် မိတ်ကပ်ကို မိတ်ကပ်ဆရာနဲ့လိမ်း. . .

မိတ်ကပ်ကိုကျတော့ အပြင်သွားရင် ကိုယ်တိုင်လိမ်းပါတယ်။ တစ်ခါတလေ ဖိုတိုကာဗာတွေ၊ ရိုက်ကူးရေးအတွက်တော့ မိတ်ကပ်ဆရာနဲ့ လိမ်းပါတယ်၊ ကိုယ်တိုင်လိမ်းရင် မျက်ခုံးဆွဲတယ်၊ အိုင်းလိုင်နာ ခြယ်တယ်၊ နှုတ်ခမ်းနီဆိုတယ်။

မေ လိမ်းနေကျ မိတ်ကပ်အမျိုးအစား . . .

ညီမနဲ့ လိုက်တဲ့ မိတ်ကပ်အတော်များများ သုံးဖြစ်ပါတယ်။ အဓိက MAC ၊ Estelauder သုံးဖြစ်ပါတယ်။

အိပ်ရေးပျက်ရင် အဖုအပိမ့်ပေါက်တတ် . . .

ညီမမျက်နှာက အိပ်ရေးပျက်ရင် ပေါက်တယ်၊ မိတ်ကပ်ကြောင့်တော့ အသားအရေပျက်စီးတာမျိုး မရှိပါဘူး၊ တစ်ခါတလေ မျက်နှာပေါင်းတင်လိုက်လို့ အဖုအပိမ့်ပေါက်လေ့ရှိတယ်၊ အိပ်ရေးအရမ်းပျက်ရင်လည်း မျက်နှာဓာတ်မတည့်မှု ဖြစ်တတ်ပါတယ်။

may3

ဝိတ်ထိန်းစရာ မလို . . .

ဝိတ်က ထိန်းစရာကိုမလိုတာပါ၊ အစားဘယ်လောက်စားစား မတက်ဘူး၊ လေ့ကျင့်ခန်းလည်း အရမ်းမလုပ်ပါဘူး။

နှာစေး၊ ချောင်းဆိုးဖြစ်ပြီး အသံဝင်တတ်သူ . .

ချူချာတတ်တယ်၊ အမြဲတမ်းအသံဝင်တယ်၊ တစ်ခါတလေ နှာစီးချောင်ဆိုးဖြစ်တတ်တယ်၊

အအေးပပ်တာနဲ့ နှာစီး၊ ချောင်းဆိုး ဖြစ်တတ်တော့ နွေးနွေးထွေးထွေးနေပြီး ဂရုစိုက်ရပါတယ်

ရှုတင်မှာ အသံဝင်လို့ အခက်အခဲဖြစ်ဖူး . .

ရှုတင်ရိုက်ကူးရေးတွေမှာ အသံအရမ်းဝင်တတ်တယ်၊ အဲ့ဒီအသံဝင်တတ်လို့ ဇာတ်ဝင်ခန်းတွေရောက်ရင် အသံကိုထိန်းပြောရတာမျိုး ရှိပါတယ်။

may4

မေရဲ့ ဆောင်းတွင်း ကျန်းမာရေး ဂရုစိုက်ပုံ . .

နွေးနွေးထွေးထွေးနေပါတယ်၊ အအေးပပ်တာနဲ့ နှာစီး၊ ချောင်းဆိုးဖြစ်တတ်တော့ ဂရုစိုက်ရပါတယ်၊ နယ်ခရီးသွားဖြစ်ရင်လည်း မြန်မာဆေး၊ အင်္ဂလိပ်ဆေး အကုန်ယူဆောင်သွားတယ်။

စိတ်ဖိစီးမှုဖြစ်လာရင် ရင်းနှီးတဲ့သူငယ်ချင်းကို ရင်ဖွင့် . .

စိတ်ဖိစီးမှုတွေဖြစ်လာရင် များသောအားဖြင့် မိဘတွေ၊ အရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေကို ရင်ဖွင့်တယ်၊ ရုပ်ရှင်တွေ ကြည့်လိုက်တယ်၊ အပြင်သွားပြီး မုန့်ထွက်စားဖြစ်ပါတယ်။

အားလပ်ချိန်ကို တီဗီကြည့်ပြီး အနားယူ . .

အိပ်ရေးဝ၀အိပ်လိုက်တယ်၊ တစ်ခါတလေ တီဗီကြည့်ရင်း အနားယူဖြစ်တယ်၊ စာအုပ်ဖတ်တယ်။

ကျန်းမာရေးဗဟုသုတတွေအတွက် လူကြီးမိဘတွေကို မေးမြန်း . .

အရမ်းကြီးတော့ မလေ့လာပါဘူး။ ကိုယ်သိချင်တဲ့ အကြောင်းအရာလေးတွေကို လေ့လာဖြစ်ပါတယ်၊ သိတဲ့သူတွေကို မေးပါတယ်၊ လူကြီးမိဘတွေရဲ့အကြံပေးတာကို မှတ်သားတာမျိုး ရှိပါတယ်။

ကောလဟလကြောင့် စိတ်အနှောက်ယှက်မဖြစ် . .

မဖြစ်ဖူးပါဘူး။ ကောလဟလဆိုတာ ထွက်ချင်သလိုတွေထွက်တယ်၊ ပြီးရင် ပြန်ငြိမ်သွားတယ်၊ အဲ့ဒါကြောင့် ညီမကရယ်စရာတစ်ခုလို့ပဲ သတ်မှတ်တယ်။

ပရိသတ်တွေအတွက် ကျန်းမာရေးအကြံပြုချက် . ..

အားလုံး ကျန်းမာချမ်းသာကြပါစေ၊ အခုလို ဆောင်းရာသီမှာ နွေးနွေးထွေးထွေးနေကြပါလို့ ပြောချင်ပါတယ်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မယ်။ ပိုက်ဆံရှိပြီးမကျန်းမာရင်လည်း ပျော်ရွှင်မှုရမှာမဟုတ်ပါဘူး၊ အဲ့ဒါကြောင့် ကျန်းမာရေးမပေါ့ဆကြပါနဲ့လို့ အကြံပေးချင်ပါတယ်။

Most Popular

Healthy Life Ad
To Top