Healthy Life Ad
International

သူနာပြုထံမှ အရေးပေါ်ကယ်ဆယ်နည်းကို သုံး၍ မွေးကင်းစကလေးငယ်ကို ကယ်တင်ခဲ့သည့် ဖခင်

၊ မိုးမင်းထွန်း ၊

ယူကေနိုင်ငံမှ အသက် ၂၇ နှစ်အရွယ် ဒန်နီယယ်ဝါ့ဒ်နဲ့ဇနီးဖြစ်သူ ချဲလ်ဆီးစိုဝါဗီတို့ဟာ လွန်ခဲ့တဲ့ ၃လက သမီးလေးတစ်ယောက်ကိုမွေးဖွားခဲ့ပြီး မွေးဖွားချိန်မှာ သမီးလေး လေလာရို့စ်ဟာ ပေါင်ချိန် ၁ ပေါင်နဲ့ ၁၃ အောင်စပဲရှိခဲ့ပါတယ်။ကလေးကို ၂၈ ပတ်နဲ့ အချိန်မတိုင်ခင်မွေးဖွားခဲ့တာကြောင့် အထူးကုသဆောင်မှာ ခုနစ်ပတ်ကြာ စောင်ရှောက်ခဲ့ရပါတယ်။ လမစေ့ဘဲမွေးတဲ့ ကလေးကိုစောင့်ရှောက်နိုင်ဖို့ သူနာပြုတွေက မိဘတွေကို အရေးပေါ်ကယ်ဆယ်နည်းလမ်းတွေကိုလည်း သင်ပြပေးခဲ့ပါတယ်။

ဆေးရုံကဆင်းလာပြီးမကြာခင်မှာ အစာကျွေးနေစဉ်အတွင်း ကလေးဟာချောင်းဆိုးခဲ့ပြီး မျက်နှာပြာနှမ်းလာကာ နှလုံးခုန်ရပ်သွားခဲ့တယ်လို့ သိရပါတယ်။ ကြောက်ရွံ့နေတဲ့ မိခင်ချဲလ်ဆီးဟာ ကြက်သေသေနေခဲ့ပြီး ဖခင်က ရုတ်တရတ် သူနာပြုတွေဆီကသင်ယူခဲ့တဲ့ အရေးပေါ်အသက်ကယ်ဆယ်နည်းကို အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ ဝါ့ဒ်ဟာ သမီးငယ်လေးကို ရင်ဘတ်ဖိတွန်းတဲ့နည်းနဲ့ အသက်ပြန်ရှူအောင်ကြိုးစားခဲ့ပြီး ခုနစ်မိနစ်အကြာမှာ ကလေးဟာ အသက်ပြန်ရှူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကလေးကို ဆေးရုံသို့ အရေးပေါ်တင်ခဲ့ရပြီး ကလေးရဲ့အသက်ရှူလမ်းကြောင်းမှာ ရောင်ရမ်းနေတာကို ဆရာဝန်တွေက တွေ့ရှိခဲ့ပါတယ်။

တစ်ပတ်ကြာကလေးကို ကျန်းမာရေးကုသမှုတွေကိုပြုလုပ်ပေးခဲ့ပြီး ကလေးဟာ ကျန်းမာလာပြီဖြစ်ကာ မကြာခင်မှာ ဆေးရုံက ဆင်းနိုင်တော့မယ်လို့ သိရပါတယ်။

ဖခင်ဖြစ်သူဝါ့ဒ်က မိဘတွေအနေနဲ့ အရေးပေါ်ကယ်ဆယ်နည်းတွေကို သိထားဖို့လိုအပ်ပြီး လိုအပ်ရင် အသုံးပြုနိုင်အောင် အသင့်ပြင်ထားသင့်တယ်လို့ သူ့အဖြစ်အပျက်နဲ့ ဥပမာပြုကာ တိုက်တွန်းထားပါတယ်။
( Ref;DM )

Most Popular

Healthy Life Ad
To Top