Healthy Life Ad
Life Style

သက်လုံးပုံ၏ ကျန်းမာလှပ လူမှုဘဝ

thatl2

– အသားအရေမထိခိုက်အောင် နေဒဏ်ကာကွယ်

အသားအရေလှပအောင် spa တွေသွားပြီး အရမ်းထိန်းသိမ်းတာမျိုး မရှိပါဘူး။ အပြင်သွားရင် လက်ရှည်အင်္ကျီဝတ်သွားတယ်။ နေရောင်ခြည်ဒဏ် ကာကွယ်နိုင်အောင် Sun Cream အမြဲလိမ်းပါတယ်။ တစ်ပတ်တစ်ခါတော့ Scrub လုပ်ပေးပါတယ်။

– သနပ်ခါး လိမ်းလေ့ရှိ

မျက်နှာအသားအရေကိုတော့ ဂရုစိုက်ပါတယ်။ အဓိကမိတ်ကပ်တွေလိမ်းရတော့ အိမ်ရောက်ရင်သေချာပြန်ဖျက်ပြီး သန့်စင်ပေးတယ်။ ပြီးရင် ငယ်ငယ်လေးကတည်းက အခုချိန်ထိ သနပ်ခါးကိုပဲလိမ်းပါတယ်။

thatl1

– အသားအရေအတွက် ရေနဲ့ အသီးအနှံများများ စားသောက်

ရေကို များများသောက်ခြင်းအားဖြင့် အသားအရေအတွက်သာမကဘဲ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုပါတယ်။ ရေကတော့ ညီမကိုယ်တိုင်လည်း အမြဲသောက်တယ်။ ပြီးတော့ အသီးအနှံများများ စားပါတယ်။

thatl4

– အစာစားတာနဲ့ ပတ်သက်ပြီး သက်လုံးပုံရဲ့ အမြင်

ကျန်းမာရေးနဲ့ညီညွတ်အောင် အိမ်မှာချက်စားရတာက ပိုပြီးအကျိုးရှိစေတယ်လို့ ထင်တယ်။ တစ်ခါတစ်လေ ညီမကိုယ်တိုင်လည်း အိမ်စာသိပ်မစားဖြစ်ပါဘူး။ အပြင်စာပဲ စားရတာများတယ်။ တစ်ခုက အပြင်မှာစားတာက သူတို့ကဘာတွေနဲ့ချက်ပြုတ်ထားလည်း မသိရတော့ ကျန်းမာရေးအတွက် အရမ်းကြီးစိတ်ချရတယ်လို့ မသိရပါဘူး။

– ကျန်းမာရေးစောင့်ရှောက်မှု

အခုလက်ရှိ ကျန်းမာရေးမကောင်းတာ သိပ်မရှိပါဘူး။ အရမ်းချူချာတဲ့အထဲမှာလည်း မပါဘူး။ ကျန်းမာရေးစစ်ဆေးမှုကတော့ သိပ်မလုပ်ဖြစ်ပါဘူး။ တစ်ခါတစ်လေအိပ်ရေးပျက်ရင် ခေါင်းကိုက်တယ်။ သွေးပေါင်ကျတတ်ပါတယ်။

– သက်လုံးပုံ လုပ်နေကျ အားကစား

မနက်အစောထပြီး Gym ဆော့ဖြစ်ပါတယ်။ အရင်ကတော့ အစ်မကရေကူးခိုင်းတာ ရှိပါတယ်။

– အတိုက်အခိုက်ပြောလာသူကို သည်းခံစိတ်နဲ့ ပေါင်းသင်း

ညီမအနုပညာစလုပ်ကတည်းက အတိုက်အခိုက်ရှိတယ်။ ပြိုင်ပွဲဝင်ပြိုင်ပြီးတော့လည်း ကောလဟလ ကြားပါတယ်။ အကောင်းဆုံးဖြစ်အောင် မှန်ကန်အောင်ပဲ နေလိုက်တယ်။ ညီမကအရင်ကတည်းက အနေအေးတော့ သိပ်မတုန့်ပြန်တတ်ဘူး။ အမြဲတမ်းသည်းခံတယ်။ ညီမကိုတစ်ဖက်သတ် အရမ်းစော်ကားလာတာမျိုးရှိရင်တော့ ကိုယ်ပေါင်းစိတ်ခွာ သည်းခံစိတ်နဲ့နေလိုက်ပါတယ်။ အတတ်နိုင်ဆုံး ကိုယ့်မကောင်းပြောတဲ့သူကို ဥပက္ခောတရားနဲ့နေလိုက်ပါတယ်။

thatl3

– စိတ်ဖိစီးမှုကို တေးဂီတနဲ့ ဖြေလျှော့ပစ်

ညီမက စိတ်ဖိစီးမှုဖြစ်လာရင် သီချင်းတွေ အော်ဆိုပစ်လိုက်ချင်တယ်။ တစ်ခါတလေ သီချင်းနားထောင်တယ်။

– သင်္ကြန်မှာကဲမယ်ဆိုရင် ကျန်းမာရေးနဲ့ညီအောင် ဂရုစိုက်မယ့် သက်လုံးပုံ

ဒီနှစ်ကင်္ကြန်မှာ ညီမက plan မရှိသေးပါဘူး။ အတတ်နိုင်ဆုံးကတော့ သင်္ကြန်မှာကဲဖြစ်ရင်လည်း ကျန်းမာရေးနဲ့အညီ ဂရုစိုက်နေထိုင်သွားမှာပါ။ အဝတ်အစားဆိုလည်း ပရိသတ်တွေအမြင်ဆိုးစေတဲ့ ပုံစံလုံးဝမဝတ်ပါဘူး။ အဓိက မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အနေနဲ့ ဖက်ရှင်ပိုင်းကို အရမ်းဟော့တာတွေ မဝတ်ပါဘူး။

Most Popular

Healthy Life Ad
To Top