Healthy Life Ad
Life Style

ကျော်ကြားသူတို့၏ ကျန်းမာလှပ လူမှုဘဝ ရွှေသမီး

shw3

တစ်နေ့တာ အသားအရေ ထိန်းသိမ်းမှုပုံစံ

မနက်စောစောထပြီး လေ့ကျင့်ခန်းကို ၁၅မိနစ်လောက် လုပ်လိုက်တယ်။ ချွေးထွက်တော့ အသားအရေ အတွက်လည်း ကောင်းတာပေါ့။ ပြီးတော့ ရေများများ
သောက်တယ်၊ မျက်နှာသစ်ပြီးတိုင်း တိုနာလိမ်းဖြစ် ပါတယ်။

ရွှေသမီး လုပ်နေကျ သဘာဝကုထုံး

ညီမအသားအရေ လှပအောင် သဘာဝကုထုံးနဲ့ လုပ်ဖြစ်တာ ပိုများပါတယ်၊ အဓိက ရေများများ သောက်တယ်၊ အသီးအနှံ များများစားတယ်၊ မျက်နှာ အသားအရေ လှပအောင်လည်း သခွားသီးကပ်တယ်၊ ပြီးတော့ ထောပတ်သီးအမှည့်ကို
အရည်ပျစ်ပျစ်လေး ဖျော်ပြီး ပျားရည်နဲ့ ရောတယ်။ နောက်ပြီး ဆော်ဒါမှုန့် လေးပါ ထည့်ရောပြီး လိမ်းဖြစ်ပါတယ်။

ရေကျောက်ပေါက်လို့ ရှုတင်မှာ အခက်အခဲကြုံခဲ့ဖူး

ညီမအလှအပနဲ့ ပတ်သက်ပြီး ရှုတင်မှာ အခက်အခဲ ကြုံခဲ့ဖူးပါတယ်။ ရိုက်ကူးရေးမလုပ်ခင် တစ်ပတ်
လောက် အလိုမှာ ရေကျောက်ပေါက်ခဲ့တယ်၊ ရိုက်ကူးရေးက စလုပ်ရတော့မယ့် အချိန်အထိ သိပ်မသက်သာသေးဘူး၊ အဲဒီအချိန်တုန်းကဆို အတော်လေး စိတ်ညစ်ခဲ့ရတယ်၊ ခန္ဓာကိုယ်နဲ့ မျက်နှာတစ်ပြင်လုံး ပေါက်တော့ အဆင်မပြေဘူး။ အဓိက မျက်နှာကို အတော်လေး မိတ်ကပ်နဲ့ဖုံးပြီး လိမ်းခြယ်ခဲ့ရတယ်။

မိတ်ကပ်ဆရာနဲ့ လိမ်းတာများ . .

ညီမက မိတ်ကပ်ကို ကိုယ်တိုင်လိမ်းတာ နည်းတယ်၊ မိတ်ကပ်ဆရာ မအားတော့မှ ကိုယ်တိုင်လိမ်း
ဖြစ်တာပေါ့၊

မျက်လုံးကို လိမ်းခြယ်ရတာ ပိုကြိုက် . .

ကိုယ်တိုင် မိတ်ကပ်လိမ်းဖြစ်ရင် မျက်လုံးကို အဓိက လိမ်းခြယ်ရတာ ပိုကြိုက်တယ်၊ မျက်လုံးကို ပိုဦးစားပြီး လိမ်းဖြစ်တာက မျက်လုံးလှပအောင် လိမ်းရတာ ပို သဘောကျလို့ပါ။

မိတ်ကပ်ကို တစ်မျိုးတည်းသုံးဖြစ် . . .

များသောအားဖြင့် မိတ်ကပ်ကို ကိုယ့်အသားအရေနဲ့ အဆင်ပြေစေမယ့် မိတ်ကပ်မျိုး သုံးဖြစ်တယ်၊ အခု လက်ရှိ အသုံးပြုနေတဲ့ မိတ်ကပ်ကတော့ LA Color အမျိုးအစားကို သုံးဖြစ်နေပါတယ်။

shw1

မျက်နှာမှာ အဖုအပိမ့် မပေါက်တတ် . . .

ညီမမျက်နှာ အသားအရေက မိတ်ကပ်တွေကြောင့် ပျက်စီးတာမျိုး မရှိပါဘူး၊ အဓိက ကိုယ်နဲ့ အသုံး တည့်တဲ့ မိတ်ကပ်မျိုး လိမ်းတာပေါ့၊ တစ်ခါတလေ အငန်အစပ်တွေ စားဖြစ်ရင်လည်း အဖုအပိမ့် မပေါက်တတ်ဘူး၊ ညီမ မျက်နှာအသားအရေက ထိခိုက်လွယ်တဲ့ အမျိုးအစားထဲမှာ မပါပါဘူး။

အသားအရေ မပျက်စီးအောင် အစားအသောက်နဲ့ ထိန်း

ညီမအသားအရေ မပျက်စီးအောင် အဓိက အစားအသောက်နဲ့ ထိန်းတယ်၊ တန်ဆေး လွန်ဘေးပေါ့၊ အစားအသောက် မဆင်ခြင်ဘဲ အငန်တွေ၊ အစပ်တွေ အများကြီးစားရင်တော့ မဖြစ်ဘူးဆိုရင်တောင် အနည်းနဲ့ အများတော့ ဖြစ်မှာပဲလေ၊ Cosmetic ဆိုလည်း အများကြီး သုံးဖြစ်ရင် အသားအရေအတွက် ထိခိုက်မှာပဲလေ၊ ကိုယ်နဲ့အသုံးတည့်တဲ့ အမျိုးအစားကို သုံးတယ်၊ အရမ်းကြီး ကြိုတင်ကာကွယ်မှု မလုပ်ဖြစ်ရင်တောင် ဂရုစိုက်ဖြစ်တယ်။

ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှု လုပ်ဖြစ် . . .

ကျန်းမာအရေးအတွက်ကတော့ ကြိုတင်ကာကွယ်မှု အနေနဲ့ အသေးအမွှားလေးကအစ လုပ်ဖြစ်ပါတယ်။ ဥပမာ ရှုတင်တွေမှာ ဖြစ်ဖြစ်၊ နယ်ရိုက်ကူးရေးတွေမှာ ဖြစ်ဖြစ် ဆေးဝါအပြည့်အစုံ ယူသွားတယ်၊ ကိုယ်မသုံးဖြစ်ရင်လည်း လုပ်ဖော်ကိုင်ဖက်တွေ သုံးလို့ရအောင် ယူဆောင်သွားဖြစ်တာပါ။

အားလပ်ချိန်မှာ အိပ်ရေးဝ၀အိပ်ပြီး အနားယူ . . .

ညီမက များသောအားဖြင့် အားလပ်ချိန်မှာ အိပ်ရေး ဝအောင် အိပ်တယ်၊ တစ်ခါတလေ လေ့ကျင့်ခန်း လုပ်တယ်။

သွေးပေါင်ကျပြီး အားနည်းနေတာများ . . .

ညီမ အခုတလော သွေးပေါင်ကျပြီး အားနည်း
နေတယ်၊ ပြီးတော့ နှာစေး၊ ချောင်းဆိုး ဖျားတာလေး နည်းနည်း ဖြစ်နေတယ်၊ အရမ်းကြီးကြီးမားတော့ မဖြစ်ပါဘူး။

နေမကောင်းဖြစ်ခဲ့ရင် ဘယ်လိုကုသမှု ခံယူဖြစ်သလဲ . . .

ညီမကတော့ ကိုယ်ဖြစ်တဲ့ နေမကောင်းတဲ့ အပေါ်မှာ မူတည်ပြီး ကုသမှု ခံယူတယ်၊ အရမ်းဆိုးဆိုးဝါးဝါး
ဖြစ်ရင်တော့ ဆေးရုံ၊ ဆေးခန်းတွေ ပြဖြစ်တယ်၊ သာမန်ဖျားတာ၊ နာတာလောက်ပဲ ဆိုရင် ဆေးသောက်တာလောက်ပဲ လုပ်ဖြစ်တယ်။ ပြီးတော့ အစားအသောက်ကလည်း ကျန်းမာရေးအတွက် အရေးပါတယ်၊ အနေထိုင် ဆင်ခြင်ရတာမျိုး လုပ်တယ်။

shw2

ကောလဟလကြောင့် အနုပညာ ဆက်မလုပ်ချင်တဲ့ အထိ စိတ်ညစ်ခဲ့ဖူး . . .

ညီမ အနုပညာ စလုပ်ကာစ ညီမနဲ့ ပတ်သက်ပြီး
ကောလဟလသတင်း ကြုံခဲ့ဖူးတယ်၊ အဲဒီအချိန်ကဆို အတော်လေး စိတ်ညစ်ခဲ့ရတယ်၊ အနုပညာအလုပ် မလုပ်ချင်တော့တဲ့အထိ ဖြစ်ခဲ့ဖူးတယ်၊ သေချာ ပြန် စဉ်စားတယ်၊ ကိုယ်က အနုပညာအလုပ်ကို စိတ်ဝင်စားတယ်၊ ဒီအလုပ်ကိုပဲ ဆက်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ပြန်လုပ်ခဲ့တာပါ၊ ပြီးတော့ ကောလဟလ ဆိုတာ မဟုတ်တာကို ပြောတာပဲ ဆိုတော့ ဂရုမစိုက် ဖြစ်တော့ပါဘူး။

စိတ်ဖိစီးမှုကို လေ့ကျင့်ခန်းလုပ်ပြီး ထိန်း . . .

ညီမက စိတ်ဖိစီးမှုဖြစ်လာရင် လေ့ကျင့်ခန်းတွေ လုပ်တယ်၊ လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုယ်အတွက် အကျိုးရှိပြီး စိတ်ဖိစီးမှု ကိုလည်း လျော့ကျစေပါတယ်။

အားကစားကို အိမ်မှာပဲ လုပ်ဖြစ်တာများ . .

ညီမက အားကစားကို များသောအားဖြစ် အိမ်မှာပဲ ကစားဖြစ်တာ များတယ်၊ အိပ်-ထ-မ-တင် လုပ်တယ်၊ အိမ်မှာနေရင်း လုပ်လို့ရတဲ့ လေ့ကျင့်ခန်းပုံတွေကို ကြည့်ပြီး လုပ်ဖြစ်တာ များတယ်။

ကျန်းမာရေး ဗဟုသုတ စာပေတွေ ဖတ်ရှုလေ့လာ . . .

ညီမက ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းကို စာအုပ်တွေကပဲ လေ့လာတယ်။ ကျန်းမာရေး စာစောင်တွေ ဝယ်ဖတ်တယ်။ တစ်ခါတလေ ဖေ့စ်ဘွတ်ခ်မှာ တင်တဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေ လေ့လာမှတ်တာမျိုး လုပ်ဖြစ်ပါတယ်။

shw

ပရိတ်သတ်ကို ပေးချင်တဲ့ အကြံ . . .

စိတ်ပျော်ရွှင်အောင် နေကြပါ၊

လူတိုင်းရဲ့ ကျန်း မာရေးမှာ စိတ်ကလည်း အရေးပါတယ်၊ အဓိက ကျတယ်၊ ရာသီဥတု အကူးအပြောင်းမှာလည်း ကျန်းမာရေး ဂရုစိုက်ကြပါ၊

အစားအသောက်ကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားသုံးကြပါ၊ ရေများများ သောက်ပါ၊ ပြီးတော့ အနည်းဆုံး ပုံမှန် ၁၅ မိနစ် လောက် လေ့ကျင့်ခန်း လုပ်စေချင်ပါတယ်။

မေး သွားသန့်ရှင်းရေးလုပ်တာ၊ သွားခြစ်တာ လုပ်တဲ့အခါ နှစ်ရက်-သုံးရက်လောက် သွားတွေ ကျင်တယ်လို့ ပြောကြတယ်၊ ဆိုးကျိုးတွေ ရှိပါသလား၊ သွားသန့်ရှင်းရေးကို ဘယ်လိုမျိုး လုပ်ပေးသင့်ပါသလဲ။

ဖြေ လူတစ်ယောက်ရဲ့ သွားအနေအထားပေါ် မူတည်ပြီး ကြွေလွှာပါးရင် သွားခြစ်တဲ့အခါ သွားကျဉ်တာ ဖြစ်တတ်ပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။ ကြွေလွှာပါးတာက သွားတိုက်တံမာမာနဲ့ ခပ်ကြမ်းကြမ်းတိုက်တာ၊ မီးသွေးခဲနဲ့ သွားတိုက်တာ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ သွားသန့်ရှင်းရေး (Dental Cleansing) လုပ်တာကို အမြဲတမ်း လုပ်နေစရာ မလိုပါဘူး။ သွားသန့်ရှင်းရေးကို အနည်းဆုံး ခြောက်လတစ်ခါ လုပ်ပေးရင် လုံလောက်ပါတယ်။ သွားကို တစ်နေ့နှစ်ကြိမ်၊ နံနက်တစ်ကြိမ်-ညတစ်ကြိမ် ပုံမှန် သွားတိုက် ပေးရပါမယ်။ အစာစားပြီးတိုင်း ပလုတ်ကျင်းပေး ရပါမယ်။ သွားတိုက်တံ မရောက်နိုင်တဲ့ သွားအကြိုအကြား နေရာတွေ သန့်စင်အောင်နဲ့ ဘက်တီးရီးယား ပိုးမွှားတွေ ကင်းစင်နေအောင် သွားသန့်ရှင်းရေးကို လုပ်ပေးသင့်တာ ဖြစ်ပါတယ်။

ဒေါက်တာရဲနိုင်(သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်ကြီး)

Most Popular

Healthy Life Ad
To Top