Healthy Life Ad
Child

W ပုံစံထိုင်လေ့ရှိတဲ့ ကလေး . . .

မေး. ကျွန်မသားလေးက ငယ်ငယ်ကတည်းကထိုင်ရင် ခြေထောက်နှစ်ချောင်းနောက်ပစ်ပြီး W ပုံစံထိုင်လေ့ရှိလို့ပါ။ အဲဒီလိုထိုင်တာကြောင့် ဘယ်လိုဆိုးကျိုး ဖြစ်တတ်ပါသလဲရှင့်။
မဝါဝါ၊ ဘုရင့်နောင်။

ပါမောက္ခဦးနေဝင်း(အရိုးခွဲစိတ်ဆရာဝန်ကြီး) မှဖြေကြားသည်

ဖြေ. ကလေးတွေက ဒီလို W ပုံစံ ထိုင်တတ်ကြပါတယ်။ အန္တရာယ်ကြီးကြီးမားမား မရှိပါဘူး။ အသက်အရွယ် အပိုင်းအခြားတစ်ခုရောက်ရင် ဒီလို W ပုံစံထိုင်မှာလည်း မဟုတ်တော့ပါဘူး။ ဒီလိုလည်း ထိုင်နိုင်မှာမဟုတ်ပါဘူး။ ကလေးတွေကတီဗီကြည့်ရင် ဒီလိုပုံစံနဲ့ ထိုင်ကြတယ်၊ ကလေးဆိုတာ တစ်ချိန်တည်းအကြာကြီး ငြိမ်ငြိမ်ထိုင်နေမှာလည်း မဟုတ်ဘူးလေ . . အဲဒီလို အကြာကြီးထိုင်တာက လူကြီးတွေကသာ ထိုင်တာ၊ ဒါကြောင့် လူကြီးတွေကသာ ခါးနာတယ်၊ တောင့်တယ်၊ တင်းတယ်တွေ ဖြစ်ကြတာ၊ အနေအထားတစ်မျိုးတည်းမှာ ထိုင်တာကြာလို့ပဲဖြစ်ဖြစ်၊ ရပ်တာကြာလို့ပဲဖြစ်ဖြစ် ခန္ဓာကိုယ်က နာလာမှာပဲလေ။ ကလေးတွေကတော့ ဒီလိုပုံစံနဲ့လည်း အကြာကြီးထိုင်မှာမဟုတ်လို့ သိပ်ဆိုးဆိုးရွားရွား ထိခိုက်တာမျိုးမဖြစ်နိုင်ပါဘူး။

Most Popular

Healthy Life Ad
To Top