Healthy Life Ad
Q & A

ဘီပိုး၊ စီပိုးနဲ့ HIV ပိုးတွေ ကူးမှာစိုးလို့သွားဆေးခန်းပြရမှာ ကြောက်နေတယ် . .

မေး. သွားဆေးခန်းကို သွားပြရမှာကြောက်နေပါတယ်။ ဘီပိုး၊ စီပိုးနဲ့ HIV ပိုးတွေကူးမှာစိုးလို့ပါ။ သွားဆေးခန်း သွားပြရင် ပိုးတွေကူးနိုင်ပါသလားဆရာ။
မော်မော်စန်း၊ မိတ္ထီလာ။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သွားဆေးခန်း၊ သွားဆရာဝန်တို့ဆိုတာ ဘာကိုအထူးဂရုစိုက်ရသလဲဆိုရင် Infection Control လို့ ခေါ်တဲ့ လူနာတစ်ဦးကနေ တစ်ဦးကိုရောဂါမကူးအောင်၊ ဆရာဝန်ဆီကနေ လူနာဆီရောဂါမကူးအောင်၊ လူနာဆီကနေ ဆရာဝန်ဆီရောဂါမကူးအောင် ကျင့်ဝတ်အရလုပ်ကိုလုပ်ရပါတယ်။ သွားဆေးခန်းမှာ ဆရာဝန်က သူ့အတွက်တင်မက ဘေးကသူနာပြုတွေ၊ အကူဝန်ထမ်းတွေကို ရောဂါမကူးစက်အောင်လုပ်ဖို့လည်း ဆရာဝန်မှာတာဝန်ရှိပါတယ်။

ဒါတွေက ကျင့်ဝတ်မှန်ကန်တဲ့ဆေးခန်း၊ ဆရာဝန်တွေဆီသွားပြတယ်ဆိုရင် စိုးရိမ်စရာမရှိပါဘူး။ ဘယ်လို ကာကွယ်ရမယ်ဆိုတာ ဆေးကျောင်းသားဘဝကတည်းက သင်ကြားပေးပြီးသားဖြစ်သလို ကျင့်ဝတ်အရ သေချာကျင့်သုံးရမယ်ဆိုတာလည်း ဆရာဝန်တိုင်းသိထားပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေရဲ့ ပေါ့ဆမှု၊ ကျင့်ဝတ်မလိုက်နာမှုတွေရှိရင်တော့ ရောဂါကူးနိုင်ပါတယ်။ ဒါကြောင့် ကျင့်ဝတ်မှန်ကန်သလားဆိုတာ လေ့လာသုံးသပ်ပြီး ကျင့်ဝတ်မှန်ကန်တဲ့ဆေးခန်း၊ ဆရာဝန်ကို ရွေးချယ်ကာပြသသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top