Healthy Life Ad
Life Style

အမျိုးသားတွေ ဖွင့်ဟပြောလိုစိတ်မရှိတဲ့ ပန်းသေပန်းညှိုးရောဂါအတွက် အဖြေရှာ

၊ ကိုထက် ၊

အမျိုးသားအများစုဟာ ဘဝမှာတစ်ကြိမ်မဟုတ်တစ်ကြိမ်ဆိုသလို ပန်းသေပန်းညှိုး ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်ရင် စွမ်းဆောင်နိုင်စွမ်းမရှိတဲ့အတွက် ယောကျာ်းပီသမှုလျော့နည်းတယ်လို့ ခံစားရတတ်ပါတယ်။ စိတ်ဖိစီးမှု၊ အိမ်ထောင်ရေးပြဿနာ စတာတွေကြောင့် ပန်းသေပန်းညှိုးဖြစ်တတ်သလို စီးကရက်သောက်တာ၊ အရက်အလွန်အမင်းသောက်တာ၊ တချို့ဆေးဝါးတွေကို မှီဝဲတာ စတာတွေကြောင့်လည်း ပန်းသေပန်းညှိုး ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်လာခဲ့ရင် အောက်ပါနည်းလမ်းတွေအတိုင်း လိုက်နာကြည့်လိုက်ပါ။

– အပန်းဖြေပါ

စိတ်ဖိစီးမှုများတဲ့အတွက် လိင်တံထောင်မတ်နိုင်စွမ်းကို ကျစေပါတယ်။ ဒါကြောင့် ယောဂကျင့်တာ၊ တေးသီချင်းတွေကို နားဆင်တာ၊ အနှိပ်ခံတာ စတဲ့အပန်းဖြေတဲ့ လုပ်ဆောင်မှုတွေလုပ်တာကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်နိုင်တဲ့အပြင် ပန်းသေပန်းညှိုးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

– လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပါ

လေ့ကျင့်ခန်းကို အသေးအမွှားကနေ အသင့်အတင့် လုပ်ဆောင်တာကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။ ခပ်သွက်သွက်လမ်းလျှောက်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာ၊ ဘတ်စကတ်ဘောကစားတာတို့ကြောင့် အမျိုးသားစွမ်းဆောင်ရည် ပြန်လည်မြင့်တက် လာစေပါတယ်။ အလေးမတာကြောင့် အမျိုးသားဟော်မုန်း တက်စတိုစတီရုန်းအဆင့် တိုးစေပြီး လိင်ဆန္ဒကို မြင့်တက်စေပါတယ်။

– အိပ်ရေးဝ၀ အိပ်စက်ပါ

အိပ်ရေးပျက်တာကြောင့် သင့်ကျန်းမာရေးကို ထိခိုက်စေရုံသာမက လိင်မှုဘဝကိုလည်း ထိပါးစေပါတယ်။ ပန်းသေပန်းညှိုးရောဂါသက်သာစေဖို့ တစ်ညမှာ ၇ – ၉ နာရီလောက် အိပ်စက်ပေးပါ။

– အိမ်ထောင်ရေးပြဿနာများကို ဖြေရှင်းပါ

သင်နဲ့သင့်အိမ်ထောင်ဖက်အကြား ပြဿနာရှိရင် အဲဒီပြဿနာတွေကြောင့် စိတ်ထဲမှာ ဖိစီးမှုတွေဖြစ်ပြီး လိင်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်စွမ်း လျော့ကျတတ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ရေးပြဿနာတွေကို ပြေလည်သွားအောင် ဖြေရှင်းလိုက်ပါ။

– အရက်ဖြတ်ပါ

အရက်သောက်တာကြောင့် လိင်ပိုင်းဆိုင်ရာအဟန့်အတားနဲ့ ကြောက်စိတ်တွေကို ပြေပျောက်သွားစေတာမှန်ပေမယ့် အရက်အလွန်အမင်းသောက်ရင် စွမ်းဆောင်နိုင်စွမ်းလည်း လျော့ကျသွားတတ်ပါတယ်။

– ကိုယ့်ကိုယ်ကိုယ် အာသာဖြေပါ

အမျိုးသားတွေအတွက် ကိုယ့်ကိုယ်ကိုယ်အာသာဖြေတဲ့နည်းက စွမ်းဆောင်ရည် မြင့်တက်လာစေပါတယ်။

– ကိုယ်အလေးချိန်များနေလျှင် ပုံမှန်ဖြစ်စေရန် ထိန်းပါ

ကိုယ်အလေးချိန်များပြီး အဝလွန်တာက နှလုံးရောဂါ၊ ကင်ဆာနဲ့ ဆီးချိုရောဂါဖြစ်နှုန်းကို မြင့်တက်စေပြီး ပန်းသေပန်းညှိုးရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးလိုက်ပါ၊ ကိုယ်နေဟန် ကြည့်ကောင်းစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေပါတယ်။
အထက်ပါနည်းလမ်းတွေနဲ့ အဆင်မပြေရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ပန်းသေပန်းညှိုးရောဂါဖြစ်သူတွေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ကျောက်ကပ်ရောဂါဝေဒနာ၊ သွေးကြောရောဂါ စတာတွေကြောင့် ဖြစ်ရတာပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top