Healthy Life Ad
Q & A

HIV ရှိကြောင်းပြောလို့ သွားရောဂါကုမပေးတာ ကြုံဖူးတယ် . .

မေး. ကျွန်တော် HIV ရှိသူပါ။ တစ်ခါက သွားဆေးခန်းသွားပြတော့ ကျွန်တော်က HIV ရှိကြောင်း ပြောလိုက်တဲ့အခါ ကုမပေးတာ ကြုံဖူးပါတယ်။ အဲဒီတော့ နောက်တစ်ခါသွားဆေးခန်းသွားပြရင် HIV ရှိကြောင်းမပြောဘဲ နေရမှာလား။ ဘယ်လိုလုပ်သင့်ပါသလဲ ဆရာ။
မင်းဆွေ၊ ကျောက်တံတား။

ပါမောက္ခဦးကိုကိုမောင်(မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး) မှဖြေကြားသည်။

ဖြေ. ကျွန်တော်တို့ဆရာဝန်တွေကိုလည်း HIV ရှိသူတွေကို သာမန်လူတွေလိုသဘောထားပြီး ကုသဖို့အမြဲပြောထားပါတယ်။ ကျွန်တော်တို့ရဲ့ကျင့်ဝတ်မှာလည်း ပါပါတယ်။ HIV ရှိသူတွေကို ပိုးရှိလို့ကုမပေးဘူးဆိုပြီး ငြင်းဆိုတာကလည်း ကျင့်ဝတ်အရမလုပ်သင့်တဲ့ ကိစ္စပဲဖြစ်ပါတယ်။ HIV ရှိတယ်ဆိုရင် လူနာအနေနဲ့ မှန်မှန်ကန်ကန်ပြောပြနိုင်ရင် အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရောဂါပိုးကို တခြားသူတွေဆီမကူးစက်အောင် သွားဆရာဝန်တွေအနေနဲ့ ကာကွယ်နိုင်လို့ပဲဖြစ်ပါတယ်။ HIV ဖြစ်နေတာက ဘာမှရှက်စရာလည်း မဟုတ်ပါဘူး၊ ကိုယ်ကဆရာဝန်ကို ပြောပြရမယ်၊ ဆရာဝန်ကလည်း ဒီလူနာကို တခြားလူနာတွေလိုပဲ ကုသပေးရမယ် . .

ကုသတဲ့အခါမှာတော့ လုပ်ထုံးလုပ်နည်းအရ ဒီလူနာကိုနောက်ဆုံးကျမှ ကုရမယ်။ အရင်ဆုံး မကုပေးရပါဘူး။ တခြားလူနာတွေကို ကူးစက်မှုမရှိစေဖို့ လူနာတွေအားလုံးရဲ့ နောက်ဆုံးမှချိန်းဆိုတာကို ခံချင်ခံရပါမယ်။ စောစောစီးစီးကုချင်လို့တော့ မရပါဘူး။ ဆရာဝန်ကကုမပေးဘူးလို့ ငြင်းဆိုမှာစိုးလို့ ကိုယ်က HIV ပိုးရှိကြောင်း မပြောဘဲနေတာကတော့ မကောင်းပါဘူး။ နောက်တစ်ခုက ငြင်းဆိုခံရရင်လည်း အဲဒီဆရာဝန်က ကျင့်ဝတ်နဲ့မညီလို့ပဲ ဖြစ်ပါတယ်။ အဲဒီအခြေအနေမှာဆိုရင် ဆေးကောင်စီကို တိုင်လို့ရပါတယ်။

Most Popular

Healthy Life Ad
To Top