Healthy Life Ad
Health Tips

စိတ်ကျရောဂါ ခံစားနေရချိန် ဘာတွေကို ရှောင်သင့်သလဲ . . .

စိတ်ဓာတ်ကျနေချိန်မှာ အစာကို နည်းနည်း လောက်စားလိုက်ရုံနဲ့ ပိုပြီး စိတ်ဓာတ်ကျလာတတ်ပါတယ်။ဒါကြောင့် စိတ်ဓာတ်ကျနေချိန်မှာ စိတ်ကျဝေဒနာ လက္ခဏာ ပိုမဆိုးလာအောင် သတိပြုဆင်ခြင်သင့်တဲ့ အစာတွေ ရှိပါတယ်။

(၁) အဆင်သင့်အစာ (Fast Food)
အဆင်သင့်အစာ စားလေ့ရှိသူတွေဟာစားလေ့ မရှိသူ aတွထက် စိတ်ကျရောဂါဝေဒနာလက္ခဏာ ဖြစ်နိုင်ခြေ ၅၁ ရာခိုင်နှုန်း ပိုများတယ်လို့ ၂၀၁၂ လေ့လာမှုအရသိရပါတယ်။ အဲဒီအစာတွေက ဟမ်ဘာဂါ၊ ဟော့ဒေါ့၊ ပီဇာ စတာတွေပါဝင်နေပါတယ်။

(၂) ဆိုဒီယမ် ပါဝင်မှုများသည့် အစာများ
ဆိုဒီယမ် ပါဝင်မှုများတဲ့ အစာတွေကို စားတာကြောင့် ဦးနှောက်အာရုံကြောစနစ် ထိခိုက်ပြီး စိတ်ဓာတ်ကစေနိုင်သလို ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုကို သက်ရောက်စေနိုင်ပါတယ်။ အဲဒီအတွက်နုံးချည့် ညောင်းညာပြီး လေပွစေနိုင်ပါတယ်။

(၃) ဟိုက်ဒရိုဂျင်သွင်းထားသည့် ဆီ
ကြက်ကြော်၊ အာလူးချောင်း ကြော်စတာတွေကို ရှောင်ပါ။ ဟိုက်ဒရိုဂျင်သွင်းထားတဲ့ ဆီနဲ့ ပြင်ဆင်ထားတဲ့ အစာတွေက စိတ်ကျရောဂါ ဝေဒနာလက္ခဏာ ဖြစ်စေနိုင်လို့ဖြစ်ပါတယ်။ ဒီဆီတွေက သွေးပြန်ကြောတွေကို ပိတ်ဆို့စေနိုင်ပြီး ဦးနှောက်ဆီကို သွေးစီးဆင်းမှု ဟန့်တားပေးပါတယ်။

(၄) ဖြူအောင်ပြုလုပ်ထားသော သကြား
ဖြူအောင်ပြုလုပ်ထားတဲ့ သကြားဟာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပါတယ်။ အဲဒီအခါ စွမ်းအင်လျော့ကျပြီး စိတ်ခံစားမှုကို ထိခိုက်စေကာ အိပ်စက်မှုဆိုင်ရာ ဝေဒနာနဲ့ ဆက်စပ်မှုရှိနေပါတယ်။

(၅) အခွံချွတ်ထားသော ကောက်နှံစာများ
ထမင်းဖြူ၊ ပေါင်မုန့်ဖြူစတဲ့ အခွံချွတ်ထားတဲ့ ကောက်နှံစာတွေဟာ ရောင်ရမ်းမှုတိုးစေပြီး အသက် ၅၀-၇၇ နှစ်အရွယ် အမျိုးသမီးတွေမှာ စိတ်ကျရော ဂါဝေဒနာလက္ခဏာနဲ့ ဆက်စပ်မှုရှိတယ်လို့ ဦး နှောက်၊ အပြုအမူနဲ့ ကိုယ်ခံအားဆိုင်ရာ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။
စိတ်ကျဝေဒနာလက္ခဏာမရှိတဲ့ အမျိုးသမီး ၄၀ဝ၀ကျော်ရဲ့ အစာစားသုံးမှုဆိုင်ရာ အကျင့်တွေကို ဆန်းစစ်လေ့လာခဲ့တဲ့အခါ အခွံချွတ်ထားတဲ့ အစာတွေကို ပုံမှန်စားသူတွေက လေ့လာမှုပြီးဆုံးခါနီးမှာ စိတ်ကျရောဂါဝေဒနာလက္ခဏာ အဖြစ်များတာကို တွေ့ရှိခဲ့ရပါတယ်။

Ref: HT

Most Popular

Healthy Life Ad
To Top