Healthy Life Ad
Health Tips

အမျိုးသားအင်္ဂါ ကြီးမားလိုသူတို့အတွက် သဘာဝနည်းလမ်းများ

၊ ကိုထက် ၊

အမျိုးသားအင်္ဂါ (Penis) ကြီးမားလိုသူတချို့ဟာ ကိုယ့်ဘာသာ လိင်တံထဲဆေးထိုးတာ၊ ဆေးလိမ်းတာ စသဖြင့် နည်းလမ်းမမှန်ဘဲ လုပ်ဆောင်ရင်း အနာတွေဖြစ်တာ၊ ရောင်ရမ်းတာ၊ နောက်ဆုံးဖြတ်ပစ်ရတာ . . စတဲ့ နောက်ဆက်တွဲပြဿနာတွေ ကြီးကြီးမားမား ရင်ဆိုင်နေရကြောင်း ကြားသိရပါတယ်။ ဒီဆောင်းပါးဟာ အဲဒီလို လမ်းလွဲလမ်းမှားတွေကို မလုပ်ဆောင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။ သဘာဝနည်းလမ်းတွေပဲဖြစ်လို့ ဘာဘေးအန္တရာယ်မှ မရှိဘဲ အမျိုးသားအင်္ဂါ ကြီးမားလာမှာ ဖြစ်ပါတယ်။

– ဆေးလိပ်ဖြတ်ပါ
စီးကရက်သောက်တာကြောင့် သွေးလှည့်ပတ်မှုကို ထိခိုက်စေကာ လိင်တံတစ်ဝိုက် သွေးစီးဆင်းရောက်ရှိမှု လျော့ကျတတ်ပါတယ်။ ဆေးလိပ်မသောက်တဲ့အတွက် လိင်တံတစ်ဝိုက် သွေးစီးဆင်းမှု ကောင်းလာတာကြောင့် လိင်တံကြီးမား လာပါလိမ့်မယ်။

– လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပါ
လေ့ကျင့်ခန်းလုပ်တာကြောင့် သွေးလွှတ်ကြောတွေကို သန်စွမ်းကျန်းမာစေပြီး သွေးလှည့်ပတ်စီးဆင်းမှုကို ပိုကောင်းလာစေပါတယ်။ မလိုအပ်တဲ့ကိုယ်အလေးချိန် ပေါင်အပိုလျော့ကျတာကလည်း အဆီပိုတွေလျော့ကျကာ အမျိုးသားအင်္ဂါကို ပိုကြီးမားလာသယောင် ဖြစ်စေမှာပါ။

– သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် များများစားပါ
သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တွေက သွေးလှည့်ပတ်စီးဆင်းမှုကို အားကောင်းစေပါတယ်။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေစားရင် ကယ်လိုရီနဲ့ အဆီပါဝင်မှုနည်းပြီး ကိုယ်အလေးချိန်မတက်အောင်နဲ့ ဗိုက်အဆီကျအောင် ကာကွယ်နိုင်ပါတယ်။ ဗိုက်အဆီတွေရှိနေရင် အမျိုးသားအင်္ဂါက တကယ့်အရွယ်အစားထက် ပိုသေးသယောင် ထင်ရစေပါတယ်။

– စိတ်ဖိစီးမှုကို တွန်းလှန်ပါ
စိတ်ဖိစီးမှုဟာ အမျိုးသားအင်္ဂါဆီ သွေးစီးဆင်းရောက်ရှိမှု လျော့ကျပြီး အမျိုးသားစွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ အဓိကရန်သူပါ။ စိတ်ဖိစီးမှုကို တွန်းလှန်ပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်မှသာ စိတ်အပန်းပြေကာ အမျိုးသားအင်္ဂါ သန်စွမ်းနေမှာဖြစ်ပါတယ်။

– အမည်းရောင် ချောကလက် စားပါ
အမည်းရောင် ချောကလက်စားတာကြောင့် အမျိုးသားအင်္ဂါကို ကြီးမားစေပါတယ်။ အကြောင်းကတော့ အင်တီအောက်ဆီးဒင့် များများပါဝင်တဲ့အတွက် သွေးလွှတ်ကြောတွေ ပိတ်ဆို့မှုကင်းပြီး သွေးစီးဆင်း ရောက်ရှိစေတာကြောင့်ပါ။

– အချဉ်အရသာရှိသော သစ်သီးများ စားပါ
လိမ္မော်သီး၊ သံပယိုသီးနဲ့ ဂရိတ်ဖရုသိီးလို အချဉ်အရသာရှိတဲ့ သစ်သီးတွေဟာ ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး စိတ်ဖိစီးမှုအဆင့်ကို လျော့ကျစေပါတယ်။ အချဉ်အရသာရှိတဲ့ သစ်သီးတွေကိုစားတာကြောင့် အမျိုးသားအင်္ဂါတွေဆီ သွေးစီးဆင်းရောက်ရှိမှု အားကောင်းစေပါတယ်။

– သင်အနှစ်သက်ဆုံး ဟင်းလျာထဲ ကြက်သွန်ဖြူ ထည့်စားပါ
ကြက်သွန်ဖြူဟာ အစားအသောက်တွေကို အရသာ ကောင်းမွန်စေရုံသာမက လိင်တံကို ပိုမိုကြီးမား စေပါတယ်။ ကြက်သွန်ဖြူက သွေးတွေကိုသန့်စင်စေပြီး သွေးကြောတွေကို ကျန်းမာသန်စွမ်းစေလို့ပါ။

– အိုမီဂါ ၃ ဖက်တီးအက်ဆစ် ထည့်စားပါ
အိုမီဂါ ၃ ဖက်တီးအက်ဆစ်ဟာ နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးလှည့်ပတ်စီးဆင်းမှုကို တိုးစေပါတယ်။ ဒီအဆီစားရင် စွမ်းအင်တိုးကာ အမျိုးသားစွမ်းဆောင်ရည် မြင့်တက်စေမှာပါ။ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ပါဝင်မှုများတဲ့ အကောင်းဆုံးအစာတွေက ငါးသေတ္တာငါး ( ဥပမာ ဆာဒင်းငါး၊ မက်ကရယ်ငါး၊ တူနာငါး ) သစ်ကြားသီး၊ ပဲပုပ်စေ့၊ တိုဟူးနဲ့ ပန်းဂေါ်ဖီစိမ်းတို့ ဖြစ်ကြပါတယ်။

– ပူစပ်သောအစာများ အသင့်အတင့်စားပါ
ငရုတ်ပွသီးနဲ့ တခြားပူစပ်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို စားတာကြောင့် သွေးလှည့်ပတ်စီးဆင်းမှုကို အားကောင်းစေပါတယ်။ ဒါ့အပြင် ကိုယ်အပူချိန်ကို မြင့်တက်စေပြီး အမျိုးသားအင်္ဂါကို ကြီးမားစေပါတယ်။

– ဆေးဖက်ဝင်အားဖြည့်ဆေး မှီဝဲပါ
ဂျင်ဆင်း၊ ဂျင်ဂိုဘီလိုဘာ (Ginkgo Biloba) တို့လို ဆေးဖက်ဝင်အားဖြည့်ဆေးတွေက အမျိုးသားအင်္ဂါကို သွယ်ဝိုက်ပြီး ကြီးမားသန်စွမ်းစေတဲ့ အားဖြည့်ဆေးတွေဖြစ်ပါတယ်။

– လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်းကို ပုံမှန် လုပ်ဆောင်ပေးတာကလည်း အမျိုးသားအင်္ဂါကို ကျန်းမာသန်စွမ်းစေတဲ့ နည်းလမ်းကောင်းပဲ ဖြစ်ပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top