Healthy Life Ad
Health Tips

အိမ်ထောင်သည်အမျိုးသားတို့ စွမ်းဆောင်ရည်တိုးစေမည့် ထိပ်တန်းအစာ ၇ မျိုး

၊ ကိုထက် ၊

အမျိုးသားသုံးဦးအနက် တစ်ဦးခန့်ဟာ ဘဝမှာတစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို သုက်လွှတ်မြန်တာနဲ့ ပန်းသေပန်းညှိုးရောဂါတို့ ဖြစ်တတ်တယ်လို့ Mayo ဆေးခန်းရဲ့လေ့လာမှုအရ သိရပါတယ်။ အမျိုးသားတွေက စွမ်းဆောင်ရည်ကျတဲ့အခါ အိမ်ထောင်မှုသုခမရတော့ဘဲ စိတ်ဓာတ်ပါ ကျလာတတ်ပါတယ်။ အမျိုးသားစွမ်းဆောင်ရည် မြင့်တက်စေဖို့အတွက် ပုံမှန်လေ့ကျင့်ခန်း လုပ်သင့်သလို အထူးစားသင့်တဲ့ ထိပ်တန်းအစားအစာတွေလည်း ရှိပါတယ်။

m7
(၁) ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးဟာ ဗီယာဂရာဆေးတစ်လက်လို အာနိသင်ရှိတာကြောင့် အမျိုးသားတွေအတွက် စွမ်းဆောင်ရည် ကောင်းစေပါတယ်။ ဘလူးဘယ်ရီသီးမှာပါတဲ့ ဒြပ်ပေါင်းတွေက သွေးကြောတွေကို အနားရစေပြီး တစ်ကိုယ်လုံးသွေးလှည့်ပတ်မှု တိုးစေပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်ပါဝင်မှုများတဲ့အတွက် သွေးကြောတွေထဲ ကိုလက်စထရောစုပုံမှု မဖြစ်စေဘဲ ကိုယ်တွင်းစနစ်ကနေ ကိုလက်စထရောအပိုတွေကို ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။ ဘလူးဘယ်ရီသီးစားရင် ကိုလက်စထရောလျော့ကျပြီး သွေးစီးဆင်းမှု အားကောင်းစေတာကြောင့် လိင်ဆက်ဆံစဉ်အတွင်း လိင်တံဆီ သွေးရောက်ရှိမှုကောင်းပြီး ကြာကြာစွမ်းဆောင်နိုင်စွမ်း ရှိရတာဖြစ်ပါတယ်။

m9
(၂) သဖန်းသီး
သဖန်းသီးမှာ အမိုင်နိုအက်ဆစ် ပါဝင်မှုမြင့်မားတဲ့အတွက် အမျိုးသားတွေမှာ စွမ်းဆောင်ရည် တိုးစေပါတယ်။ အမိုင်နိုအက်ဆစ်ချို့တဲ့တာက အမျိုးသားစွမ်းဆောင်နိုင်စွမ်း လျော့ကျပြီး လိင်စိတ်ဆန္ဒ လျော့နည်းတတ်ပါတယ်။

m10
(၃) ကမာကောင်
ကမာကောင်မှာ ကျားဟော်မုန်း တက်စတိုစတီရုန်း၊ သုက်ကောင်နဲ့ သုက်ရည်ထုတ်လုပ်မှုအတွက် အရေးပါတဲ့ ဇင့် (သွပ်) ဓာတ်များစွာပါရှိတယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ တက်စတိုစတီရုန်း ထုတ်လုပ်မှုက အမျိုးသားတွေရဲ့ လိင်ဆန္ဒ၊ သက်လုံနဲ့ စွမ်းဆောင်နိုင်စွမ်းတွေအပေါ် သက်ရောက်မှု ရှိနေပါတယ်။ ဇင့်ဓာတ်ချို့တဲ့တာကြောင့် အမျိုးသားတချို့မှာ လိင်ဆက်ဆံမှု ချို့ယွင်းတာ၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်စွမ်း အခက်အခဲရှိတာတို့ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ကမာကောင်မှာ ဒိုပါမင်းဓာတ်ပါရှိပြီး အဲဒီဓာတ်က ပျော်ရွှင်တဲ့ခံစားချက် ဖြစ်ပေါ်စေကာ အမျိုးသားတွေကို လိင်မှုဆိုင်ရာစွမ်းဆောင်ရည် အားကောင်းစေပါတယ်။

m8
(၄) မြေပဲ
မြေပဲမှာ အမိုင်နိုအက်ဆစ် L – arginine ပါဝင်မှုများတာကြောင့် အမျိုးသားတွေမှာ လိင်ဆက်ဆံမှုဆိုင်ရာ စွမ်းဆောင်ရည်တိုးစေတယ်လို့ ဒေါက်တာနစ်ကိုးလပ်စ်က ဆိုပါတယ်။ L – arginine ဟာ လိင်တံတစ်ဝိုက်သွေးကြောတွေဆီ သွေးစီးဆင်းမှုတိုးစေပြီး သွေးကြောတွေကို ပျော့ပျောင်းစေတာကြောင့် အမျိုးသားစွမ်းဆောင်ရည် ကောင်းစေတာ ဖြစ်ပါတယ်။

m6
(၅) ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ အယ်လီစင်ဒြပ်ပေါင်းတစ်မျိုး ပါဝင်တာကြောင့် လိင်အင်္ဂါတွေဆီ သွေးစီးဆင်းမှုကောင်းစေကာ စွမ်းဆောင်နိုင်စွမ်း တိုးရတာပါ။

m5
(၆) ငှက်ပျောသီး
ငှက်ပျောသီးစားတာကြောင့် လိင်ဆက်ဆံချိန်အတွင်း အမျိုးသားစွမ်းအင်အဆင့် မြင့်တက်စေပြီး စွမ်းဆောင်ရည် ကောင်းမွန်စေပါတယ်။ အကြောင်းကတော့ ငှက်ပျောသီးမှာ ဘရိုမီလိန်းအင်ဇိုင်းတစ်မျိုး ပါဝင်တဲ့အတွက် အမျိုးသားစွမ်းဆောင်ရည်၊ အမောခံနိုင်တာနဲ့ လိင်ဆန္ဒတိုးစေတာပါ။ ငှက်ပျောသီးမှာ ဗီတာမင်ဘီအုပ်စုလည်း ပါဝင်တာကြောင့် တစ်ကိုယ်လုံးစွမ်းအင်အဆင့် မြင့်တက်မှု ရှိပါတယ်။

m4
(၇) ချောကလက်
ချောကလက်မှာ ဖီနိုင်းအီသိုင်လမင်းနဲ့ အယ်လ်ကာလွိုက်ပါဝင်တဲ့အတွက် အမျိုးသားစွမ်းဆောင်ရည် တိုးစေတာ ဖြစ်ပါတယ်။ ဖီနိုင်းအီသိုင်လမင်းဓာတ်က လိင်ဆက်ဆံချိန်အတွင်း စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး အယ်လ်ကာလွိုက်ဓာတ်က စွမ်းအင်တိုးစေတာကြောင့် အမျိုးသားစွမ်းဆောင်ရည် မြင့်တက်တာဖြစ်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top