Healthy Life Ad
Q & A

သွားဓာတ်မှန်ရိုက်ရင် ကင်ဆာဖြစ်မှာလား

မေး. ကျွန်တော် အသက် ၆၀ကျော်ဖြစ်ပြီး ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ပါးစပ်ထဲက သွားတစ်ချောင်းကို အကြောထုတ်ဖို့ အောက်တိုဘာလမှာ တစ်ကြိမ်၊ အကြောထုတ်စဉ် တစ်ကြိမ် ဓာတ်မှန်ရိုက်ခဲ့ရပါတယ်။ အဲဒီလို သွား တစ်ချောင်းကို ဓာတ်မှန်ကြိမ်ဖန်ရိုက်လို့ သွားဖုံးကင်ဆာ ဖြစ်သွားမှာကို အလွန်စိုးရိမ်နေရပါတယ်။ ဖြစ်နိုင်ပါသလား ခင်ဗျာ။
ဦးသန့်ဇင်၊ ကျောက်တံတား။

ဒေါက်တာရဲနိုင် သွားနှင့် ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်ကြီးမှ ဖြေကြားပေးပါသည်။

ဖြေ. သွားတစ်ချောင်းကို ဓာတ်မှန်နှစ်ကြိမ်ရိုက်ရုံနဲ့ ဘာအန္တရာယ်မှမဖြစ်နိုင်ပါဘူး။ သွားနှင့်ခံတွင်း အထူးကု ဆရာဝန်က လိုအပ်လို့ ရိုက်ခိုင်းတာဖြစ်လို့ စိတ်ပူစရာမလိုပါဘူး။ ခြွင်းချက်အနေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ဆိုရင်တော့ သွားဓာတ်မှန် မရိုက်သင့်ပါဘူး။

Most Popular

Healthy Life Ad
To Top