Healthy Life Ad
Life Style

ဗီယက်နမ်အလှမယ် ငုယင်ထရန်ဟုရန်မေ ၏ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ အမူအကျင့်များ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

ဗီယက်နမ်အလှမယ် ငုယင်ထရန်ဟုရန်မေဟာ သရုပ်ဆောင် နေတိုးနဲ့တွဲပြီး ဗီယက်နမ်-မြန်မာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့အတွက် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပါတယ်။ သူ လာရောက်ချိန်ကစပြီး ပြန်ရောက်သွားတဲ့အထိ သူ့အသားအရေ ကြည်လင်သန့်စင်မှု၊ လှပကြည့်ကောင်းမှုနဲ့ ကျော့ရှင်းမှုတို့အတွက် လူတွေပါးစပ်ဖျား ပြောစမှတ်တွင်ခဲ့ကြပါတယ်။

ဒါကြောင့် ငုယင်ထရန်ဟုရန်မေရဲ့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အမူအကျင့်ကောင်းလေးတွေကို ဗီယက်နမ် သတင်းဝက်ဘ်ဆိုက်နဲ့
သူ့ဖေ့စ်ဘွတ်ခ်ကတစ်ဆင့် ဆီလျော်အောင် ဘာသာပြန်ဆိုပြီး ဖော်ပြပေးလိုက်ပါတယ်။

Untitled-3

ငုယင်ထရန်ဟုရန်မေအကြောင်း တစ်စေ့တစ်စောင်း

ငုယင်ထရန်ဟုရန်မေက ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ MISS VIETNAM First Runner Up ဆုကို ရရှိခဲ့သူဖြစ်ပြီး အဲဒီတုန်းက သူ့ကိုယ်ရေးရာဇဝင်အရ အသက် ၁၉ နှစ်၊ အရပ် ငါးပေ ကိုးလက်မ၊ အလုပ်အကိုင် ကျောင်းသူ၊ မော်ဒယ်ဖြစ်ပြီး အထူးရရှိခဲ့တဲ့ဆုက အကောင်းဆုံး ညနေခင်းပွဲတက်ဝတ်စုံ (Best Evening Gown) ဖြစ်တယ်လို့ သိရပါတယ်။ အရင် ၂၀၁၁ က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Asian Modelပြိုင်ပွဲမှာ နံပါတ် ၅ နေရာကို ရရှိခဲ့ပြီး ဓာတ်ပုံအလှပိုင်ရှင် (Miss Photogenic)ဆုကို ဆွတ်ခူးရရှိထားသူပါ။ Miss Universe 2014 မှာ Miss Vietnam ဆု ရရှိခဲ့သူက အသက်မပြည့်သေးတဲ့အတွက် အဲဒီပြိုင်ပွဲကို First Runner Up ဆုရထားတဲ့ ငုယင်ထရန်ဟုရန်မေကပဲ သွားရောက်ယှဉ်ပြိုင်ရလိမ့်မယ်လို့ စီစဉ်သူတွေက ဆိုထားပါတယ်။

Untitled-5

ညအိပ်ရာဝင်ချိန်တွင် အသားအရေထိန်းသိမ်းပါ

“မိန်းကလေးတွေအနေနဲ့ အသားအရေကို ထိန်းသိမ်းဖို့ အချိန်ယူသင့်တယ်၊ နေ့စဉ်နေ့တိုင်း အသားအရေ ထိန်းသိမ်းသင့်တယ်၊ အသားအရေ ထိန်းသိမ်းဖို့ အရေးကြီးဆုံးအချိန်က ညအိပ်ရာမဝင်ခင် ဖြစ်တယ်”လို့ ငုယင်က သတိပေးထားပါတယ်။

Untitled-6

နှုတ်ခမ်းခြောက်သွေ့မှုကာကွယ်ပါ

ဟနွိုင်းရဲ့ ရာသီဥတုက ခြောက်သွေ့တဲ့အတွက် နှုတ်ခမ်းကိုအလေးထားဖို့ တခြား ဗီယက်နမ်သူလေးတွေကို သတိပေးထားပါတယ်။ သူကိုယ်တိုင်ကလည်း နှုတ်ခမ်းသာစိုပြည်ဖို့အတွက် နှုတ်ခမ်းဆိုးဆေးအဆီကို ဆိုးလေ့ရှိပုံကို ပုံတွေကတစ်ဆင့် သိရပါတယ်။

ပျော်ရွှင်မှုကို အလေးထားပါ

“ပျော်ရွှင်မှုဆိုတာ ကျွန်မတို့တစ်တွေဘဝကို ဘယ်လိုရှုမြင်တယ်၊ ဘယ်လိုထင်မြင်တယ် ဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ ဘယ်လောက်ပျော်ပြီး ဘယ်အချိန် ရပ်သင့်တယ်၊ ဘယ်လို ပျော်ရမယ်ဆိုတာကိုသိဖို့လိုပါတယ်”လို့ ငုယင်က ဆိုထားပါတယ်။

Untitled-4

ချစ်ခြင်းမေတ္တာအပြည့်နှင့် ပြုံးပါ

“ကျွန်မတို့မှာရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့အတူ ပြုံးပါ၊ သင့်ဘဝထဲ နေ့သစ်တစ်ရက် ဝင်ရောက်လာတိုင်း ဘဝရဲ့ ကျန်ရှိနေတဲ့ နေ့ရက်တွေမှာ ချစ်ခွင့်ရနိုင်တဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ ပြုံးပြဖို့ ကြိုးစားပါ” လို့ငုယင်ထရန်ဟုရန်မေက ဆိုပါတယ်။

ပရဟိတအလုပ်ကြောင့် ရင့်ကျက်စေတယ်

Miss Vietnam 2014 မှာ ပြိုင်ပွဲမဝင်ခင်ကတည်းက ငုယင်ထရန်ဟုရန်မေနဲ့ သူ့မိသားစုဟာ ကလေးဆေးရုံက လူနာတွေကို လစဉ် ဆန်လှူတာနဲ့လက်ဆောင်ပေးတာတွေ ပြုလုပ်ခဲ့ကြပါ တယ်။ “ကျွန်မမိဘတွေက လူမှုရေးလုပ်ငန်းတွေနဲ့ ပရဟိတလုပ်ငန်းတွေမှာပါဝင်ဖို့ ကျွန်မတို့ကို အမြဲတမ်းအားပေး ခဲ့ပါတယ်။ ဒါမှသာ ဘဝရဲ့ အဓိပ္ပာယ်ကို နားလည်ပြီး ပိုမိုရင့်ကျက်လာမှာဖြစ်တယ်လို့ ပြောပြထားပါတယ်”လို့ သူက ဆိုပါတယ်။
များမကြာမီက ငုယင်၊ သူ့မိခင်နဲ့ မောင်ဖြစ်သူတို့ဟာ ကလေးဆေးရုံတစ်ခုကို သွားရောက်ပြီး လူနာတွေကို ဆန်ဝေတာနဲ့ လူနာအနည်းငယ်တို့ရဲ့ ခက်ခဲနေတဲ့ အခြေအနေတွေကို ပံ့ပိုးတာတို့ လုပ်ဆောင်ခဲ့ကြပါတယ်။

“ဒါက အလွန်သေးငယ်တဲ့ လက်ဆာင်ပါ . . ဒါပေမဲ့ အဓိပ္ပာယ်ရှိပါတယ်။ အဓိကအားဖြင့်တော့ ဒီမှာရှိနေတဲ့ သူတို့ စိတ်ထဲမှာ သက်သောင့်သက်သာ ရှိသွားဖို့က အရေးကြီးဆုံးပဲလို့ ကျွန်မထင်ပါတယ်” လို့ ငုယင်ထရန်ဟုရန်မေက ပြောပြထားပါတယ်။ ငုယင်ဟာ သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ “မြန်မာနိုင်ငံကို ချစ်မြတ်နိုးပြီး နောက်နှစ်မှာ ပြန်လာမယ်ဆိုတဲ့အကြောင်း၊ ဗီယက်နမ်-မြန်မာချစ်ကြည်ရေးအတွက် ပါဝင်ဆောင်ရွက်ရတဲ့အတွက် ဝမ်းသာကြောင်းနဲ့ မြန်မာနိုင်ငံကလူတွေရဲ့ ချစ်ခြင်းမေတ္တာကို အများကြီး ရရှိတဲ့အတွက် အံ့အားသင့်ခဲ့ရကြောင်း” ဖော်ပြထားခဲ့ပါသေးတယ်။

(Ref;(1) missosology, (2) FB-Nguyen Tren Huyan My)

Most Popular

Healthy Life Ad
To Top