Healthy Life Ad
Health Tips

အမျိုးသားတိုင်း အိမ်တွင် အလွယ်ပြုလုပ်နိုင်မည့် ကျန်းမာရေး စစ်ဆေးမှု ရှစ်မျိုး

၊   ကိုထက်  ၊

သင့်ကျန်းမာရေးကို လျစ်လျူရှုမထားပါနဲ့။ အမျိုးသားတွေက ကိုယ့်ကျန်းမာရေးအခြေအနေကိုလျစ်လျူရှုထား လေ့ရှိတာကြောင့် အမျိုးသမီးတွေနဲ့စာရင် ဘဝသက်တမ်း တိုရတာဖြစ်ပါတယ်။ ဒါကြောင့် နှလုံးရောဂါကနေ ဝှေးစေ့ကင်ဆာအထိ အမျိုးသား ကျန်းမာရေးဆိုင်ရာ အစောပိုင်း သတိပေးလက္ခဏာ တွေကိုကိုယ့်ဘာသာစစ် ဆေးကြည့်နိုင်မယ့် နည်း တွေကို အကြံပြုလိုက်ပါတယ်။

(၁) ဝမ်းဗိုက်အဆီ စစ်ဆေးခြင်း
ဝမ်းဗိုက်တစ်ဝိုက်က အဆီတွေကိုတိုင်းတာတာ က အမျိုးသားအများစုအတွက် အရေးကြီးဆုံး စစ်ဆေးနည်းပဲ ဖြစ်ပါတယ်။ ဝမ်းဗိုက်အဆီရှိရင်ဟော်မုန်းတွေ ထွက်ရှိစေပြီး အမျိုးသားတွေမှာ နှလုံးရောဂါနဲ့ ဆီးချိုရောဂါ အန္တရာယ်ကို မြင့်တက်စေပါတယ်။ ဝမ်းဗိုက်အဆီ စစ်ဆေးနိုင်ဖို့ ချက်နေရာရှိ ခါး ကို ပေကြိုးနဲ့ တိုင်းလိုက်ပါ။ ၃၇ လက်မကျော်နေရင် သင့်မှာပြင်း ထန်တဲ့ ကျန်းမာရေး ပြဿနာဖြစ်နိုင် ခြေ ရှိနေပါတယ်။ ဗိုက်အဆီလျော့ကျစေဖို့ ဟင်းသီးဟင်းရွက်စားပြီး အဆီအအိမ့်လျှော့ပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ တစ်လတစ်ခါ ခါးကို ပြန်တိုင်းပါ။

(၂) နှလုံးခုန်နှုန်း စစ်ဆေးခြင်း
နှလုံးရောဂါက အမျိုးသမီးတွေထက် အမျိုးသား တွေမှာ ဖြစ်နိုင်ခြေ ပိုများနေပါတယ်။ ရောဂါကာ ကွယ်ရေးစင်တာ (CDC)ရဲ့ လေ့လာမှုအရ ရုတ်တရက်နှလုံးရပ်တဲ့ဖြစ်ရပ်မှာ ၈၉ ရာခိုင်နှုန်းက အမျိုးသားတွေမှာ ဖြစ်ရတယ် လို့ သိရပါတယ်။ နှလုံးကျန်းမာရေး စစ်ဆေးသင့်တဲ့နည်းက နားနေချိန်မှာ သွေးခုန်နှုန်းကို စမ်းသပ်ဖို့ဖြစ်ပါတယ်။ လက်ကောက် ဝတ်အခြေကို တခြားလက်ရဲ့ လက်ချောင်းနှစ်ချောင်းတင်ပြီး ၁၀ စက္ကန့်ကြာသွေးခုန်နှုန်း စမ်းပေး ဖို့ပါ။ ရလာတဲ့ သွေးခုန်နှုန်းပမာဏကို ခြောက် နဲ့မြှောက်ရပါမယ်။ အမျိုးသားတစ်ယောက်အတွက် ပုံမှန်သွေးခုန်နှုန်းက ၆၀ နဲ့ ၁၀ဝ ကြားရှိသင့်ပါတယ်။ ဒီပမာဏထက်ပိုများနေတာက နှလုံး သွေးကြောဆိုင်ရာပြဿနာရဲ့ လက္ခဏာတစ် ရပ်ဖြစ်နိုင်ပါတယ်။ နှလုံးခုန်နှုန်းမမှန်တာက တခြားကျန်းမာရေး ပြဿနာရဲ့လက္ခဏာတစ်ရပ်လည်း ဖြစ်နေနိုင်တာကြောင့် တစ်လတစ်ကြိမ်စစ်ဆေးပါ။

(၃) သွေးဖိအား စစ်ဆေးခြင်း
AFF ရဲ့ လေ့လာမှုအရ အမျိုးသား ၂၈ ရာခိုင်နှုန်းဟာ သွေးတိုးနေတယ်လို့သိရှိခဲ့ရပါတယ်။ ဒါပေမဲ့ အမျိုးသား လေဖြတ်ရောဂါဆိုင်ရာ အဖွဲ့အစည်း ရဲ့ ခန့်မှန်းချက်အရ သွေးတိုးနေတဲ့ အမျိုးသား ၃၂ ရာခိုင်နှုန်းကသွေးတိုး နေမှန်း မသိကြဘူးလို့ ဆိုပါ တယ်။ သွေးဖိအား သိနိုင်ဖို့ အကောင်းဆုံးနည်းက ဆေးဆိုင်ကနေ အလွယ်တိုင်းနိုင်တဲ့ သွေးပေါင်ချိန်စက်ကိုဝယ်ပြီး အိမ်မှာကိုယ့်ဘာသာတိုင်းတာဖို့ပဲ ဖြစ်ပါတယ်။ သွေးပေါင်ချိန်စက်နဲ့ မတိုင်းခင်ငါးမိနစ်လောက် နားနေရပါမယ်။ သွေးဖိအားက နေ့စဉ် ပြောင်းလဲနိုင်တဲ့အတွက် ရလဒ်ကိုချရေးထားပါ။ သွေးဖိအားကယေဘုယျအားဖြင့် ၈၀/၁၂၀ mmHg ထက်ကျော်နေရင် ဆရာဝန်နဲ့ပြပါ။

(၄) ဝှေးစေ့ကင်ဆာ စစ်ဆေးခြင်း
အမျိုးသား ကင်ဆာတက္ကသိုလ်ရဲ့ လေ့လာမှုအရ ဝှေးစေ့ကင်ဆာက အသက် ၂၀ နဲ့ ၃၅ နှစ်အရွယ် အမျိုးသား တွေကြားမှာ အဖြစ်များဆုံး ကင်ဆာအမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဝှေးစေ့ကင်ဆာက ကုသ ပျောက်ကင်းနိုင်ခြေ အများဆုံး ကင်ဆာတစ်မျိုးပါ။ စောစောတွေ့ရှိလေ၊ ပျောက်ကင်းနိုင်ခြေများလေဖြစ်ပါတယ်။ ဝှေးစေ့ကို စစ်ဆေးသင့်တဲ့ အကောင်းဆုံးအချိန်က ရေချိုးပြီးချိန်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဝှေးစေ့တွေမှာ အလုံးအကျိတ်ရှိသလား၊ အရွယ်အစား ပြောင်းလဲသလားစတာတွေကို လက်နဲ့ စမ်းသပ်စစ်ဆေးပြီး မသင်္ကာ တာရှိရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။ တစ်လတစ်ကြိမ် စစ်ရပါမယ်။

(၅) သွားဖုံးရောဂါ စစ်ဆေးခြင်း
ခံတွင်းကင်ဆာနဲ့ သွားဖုံးကင်ဆာကအရေးကြီးတဲ့ အမျိုးသား ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ပါတယ်။ အ မေရိကန် ကင်ဆာအဖွဲ့အစည်းအရ ဒီနှစ် မှာ ခံတွင်းကင်ဆာဖြစ်သူဦးရေ သုံးသောင်းလေး ထောင်ရှိပြီး အများစုက အမျိုးသားတွေဖြစ်တယ်လို့ သိရပါတယ်။ ခံတွင်းကင်ဆာက အမျိုးသမီးတွေ မှာထက် အမျိုးသား တွေမှာ ဖြစ်နိုင်ခြေ နှစ်ဆပိုများ နေပြီး အဲဒါက ကြွက်နို့ဗိုင်းရပ်စ်း(HPV) ကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ခံတွင်းထဲနဲ့ နှုတ်ခမ်းပေါ်မှာ မပျောက်နိုင်တဲ့အနာ ဒါမှမဟုတ် အလုံးအဖုပေါ်ရင် ခံတွင်းကင်ဆာကို စစ်ဆေးသင့်ပါတယ်။

(၆) ခံတွင်းကျန်းမာရေး စစ်ဆေးခြင်း
သွားတိုက်တဲ့အခါတိုင်း၊ သွားကြားထိုးကြိုး သုံး တဲ့အခါတိုင်း သွားနဲ့နေသလား၊ သွားဖုံးက သွေးယို နေသလား၊ ခံတွင်းထဲမှာ ရောင်ရမ်းနာကျင်နေတဲ့အ လုံးအဖုရှိသလားဆိုတာ စစ်ဆေးသင့်ပါတယ်။ သွား ဖုံးရောဂါရှိရင် နှလုံးရောဂါဖြစ်နိုင်ခြေ နှစ်ဆခန့် မြင့် တက်နေတာကြောင့် သွားဖုံးနဲ့ သွားတွေကို စစ်ဆေး ကြည့်ပါ။ မသင်္ကာရင် သွားဆရာဝန်နဲ့ ပြသပါ။

(၇) အရေပြားကင်ဆာ စစ်ဆေးခြင်း
သင့်ခန္ဓာကိုယ်ပေါ်မှာ မှဲ့သစ်တွေ ထွက်နေသလား၊ မှဲ့အဟောင်းတွေက အပြောင်းအလဲရှိသလား စတာတွေကို တစ်လတစ်ကြိမ်စစ်ဆေးပါ။ မှဲ့အရွယ် အစား၊ အထူ၊ ပုံစံနဲ့ အရောင် စတာတွေကို စစ်ဆေး ပြီး သွေးထွက်နေရင် ယားနေရင်၊ အပူလောင်နေရင် ဆရာဝန်ထံပြသပါ။

(၈) ရင်သားကင်ဆာ စစ်ဆေးခြင်း
အမျိုးသားတွေလည်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ရှားပေမယ့် နှစ်စဉ်အမျိုးသား ၂၁၄၀ ဦးခန့်ဟာ ရင်သားကင်ဆာ ခံစားနေရကြောင်း သိရပါတယ်။ အမျိုးသားတွေ ရင်သားစမ်းသင့်တဲ့ အချိန်က ရေချိုးပြီးချိန်မှာ ဖြစ်ပြီး ရင်သားအရွယ် အစားအပြောင်းအလဲကို ကြည့်ရပါမယ်၊ ရင်သားမှာ အလုံးအကျိတ်ရှိ၊ မရှိ စမ်းသပ်ရပါ မယ်၊ နို့သီးခေါင်း နှစ်ဖက်ကိုညှစ်ကြည့်ပြီး အရည်ထွက်၊ မထွက်စမ်း သပ်ရပါမယ်။ မသင်္ကာတဲ့အပြောင်းအလဲ ရှိရင်ဆရာဝန်နဲ့ ပြရပါမယ်။ တစ်လတစ်ကြိမ်စမ်းသပ်ပေးပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top