Healthy Life Ad
Life Style

စိတ်ဖိစီးမှုကို အနိုင်တိုက်နေကြသော  ခွန်အားကြီးမား မိန်းမသားများ

၊  သဒ္ဒါထက် ၊

စိတ်ဖိစီးမှုဖြစ်လာရင် သင်ဘယ်လို အနိုင်တိုက်လေ့ရှိပါသလဲ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အနိုင်တိုက်တာ အလုပ်ဖြစ်ပါရဲ့လား။ စိတ်ဖိစီးမှု ဖြစ်လာတဲ့အခါ အနိုင်တိုက်နေကြတဲ့ ကမ္ဘာကျော် အမျိုးသမီးတချို့ရဲ့ နည်းလမ်းတွေကို အတုယူနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

– အင်ဂျလီနာဂျိုလီ

Untitled-3

စိတ်ဖိစီးမှုဖြေရှင်းတဲ့ နံပါတ်တစ်အချက်က မိသားစု၊ ကလေးတွေနဲ့အတူ အချိန်ကုန်ဆုံးစေတာပဲ ဖြစ်တယ်လို့ ဂျိုလီက ဝန်ခံထားပါတယ်။
ကြမ်းပြင်ပေါ်မှာ ကလေးတွေနဲ့အတူ ဆေးရောင်ခြယ်တာ ဒါမှမဟုတ် ထရန်ပိုလင်း (Trampoline) ပေါ်တက်ခုန်တာတို့ လုပ်လိုက်ပါတယ်လို့ ဂျိုလီကဆိုပါတယ်။

စိတ်ဖိစီးမှုခံစားရတဲ့အခါမှာ သင်ပျော်ရွှင်တဲ့အရာကို လုပ်လိုက်ပါ . . ဒါက သင့်ကို ပျော်ရွှင်စေပါလိမ့်မယ်။ တချို့လူတွေက တရားထိုင်လေ့ရှိပါတယ်။ ကျွန်မအတွက်ကတော့ စိတ်ဖိစီးမှုများတဲ့အခါမှာ အဲဒီလိုတိတ်ဆိတ်တဲ့ အခိုက်အတန့်က မထိရောက်ပါဘူး  လို့ဂျိုလီက သူ့အတွေ့အကြုံကို ပြောပြထား ပါတယ်။

– မီရှဲလ်အိုဘားမား

Untitled-4

အမေရိကန်သမ္မတကတော် မီရှဲလ်အိုဘားမားကတော့ စိတ်ဖိစီးမှုများလာရင် အားကစားခန်းမသွားတယ်၊ ဒါမှမဟုတ် အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

လေ့ကျင့်ခန်းက ကျွန်မအတွက် အလွန် အရေးကြီးပါတယ်။ ဒါက ဆေးဖက်ဝင်လို့ပါ။ ကျွန်မ စိတ်ဖိစီးမှု ခံစားရတိုင်း ဒါမှမဟုတ် စိတ်ထဲတင်းအားများတိုင်း iPodယူပြီး အားကစားခန်းမမှာ လေ့ကျင့်ခန်း သွားလုပ်ပါတယ်။ ဒါမှမဟုတ် သမီးတွေနဲ့ ကန်ဘေးမှာ စက်ဘီးစီးထွက် လေ့ရှိပါတယ်  လို့ မီရှဲလ်က ဆိုပါတယ်။

– ကိတ်ဝင်းစလတ်

Untitled-5

ကိတ်ဝင်းစလတ်ကတော့ အရာရာတိုင်းကို ကြိုတင်စီစဉ်တဲ့နည်းနဲ့ စိတ်ဖိစီးမှုကို ပြေလျော့သွားအောင် လုပ်လေ့ရှိသူပါ။

ကျွန်မက ဘာပဲလုပ်လုပ် ကြိုတင်စီစဉ်လေ့ရှိပါတယ်။ ကလေးတွေကို ဘယ်သူကျောင်းပို့မှာလဲ၊ ကျောင်းကြိုမှာလဲ၊ အိမ်က ရေခဲသေတ္တာထဲမှာ ထည့်ရမယ့် အစားအသောက် စာရင်း၊ တစ်အိမ်လုံးအတွက် စီမံခန့်ခွဲမှု .  . အစစ အရာရာကို ကြိုတင်စီစဉ်လေ့ရှိပါတယ် . . ဒီနည်းက ကျွန်မအတွက် စိတ်ဖိစီးမှုပြေ လျော့စေလို့ပါ  လို့ ကိတ်က ဆိုပါတယ်။

– မက်ဒေါနား

Untitled-6

တခြားသူတွေနဲ့ မတူတာက မက်ဒေါနားက စိတ်ဖိစီးမှုဖြစ်လာရင် အော်ဟစ်တဲ့နည်းနဲ့ ဖြေရှင်းလေ့ရှိပါတယ်။

ကျွန်မ တအား အော်ပစ်လိုက်တဲ့အခါ စိတ်ဖိစီးမှုတွေ လျော့သွားသလို ခံစားရပါတယ်။ တစ်ခါ တလေတော့လည်း ဒီလို မလုပ်ဖြစ်ပါဘူး လို့ မက်ဒေါနားက ဆိုပါတယ်။
(Ref;MC)

Most Popular

Healthy Life Ad
To Top