Healthy Life Ad
Q & A

တာရှည်ခံပဲကြော်၊ စည်သွပ်ဘူးထဲကအစာ စားသင့်၊ မသင့်

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်
အာဟာရအထူးကု ဆရာဝန်ကြီး

မေး. ပဲကြော်ဘူး၊ စည်သွပ်ဘူးထဲက အစာတွေကို စားသင့်ပါသလား။

ဖြေ. ပဲကြော်ဘူး၊ စည်သွပ်ဘူးထဲကအစာတွေက ပုံမှန်အတိုင်းကြော်ထားရင် ဒီလောက်ကြာရှည် မခံနိုင်ပါဘူး။ ဘူးတွေထဲမှာ အကြော်တွေကြာရှည်ခံအောင် ဓာတုပစ္စည်းတစ်ခုခုနဲ့ လုပ်ထားတတ်ပါတယ်။ ဒါကြောင့် အမြဲတမ်းတော့ မစားပါနဲ့။ လုံးဝမစားနဲ့လို့တော့ မဆိုလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူ့ခန္ဓာကိုယ်မှာ အဆိပ်အတောက်ဖြစ်မယ့် အရာတွေကို စွန့်ထုတ်နိုင်တဲ့ စွမ်းအားကလည်း ရှိနေလို့ ဖြစ်ပါတယ်။ ဥပမာပြောရရင် လူတိုင်း ကင်ဆာဖြစ်နိုင်ခြေရှိပေမယ့် ကင်ဆာဆဲလ်တွေကို တိုက်ထုတ်နိုင်စွမ်းရှိနေသေးရင် ကင်ဆာ မဖြစ်သေးဘူး . . အဲဒီ သဘောပါပဲ . . ပဲကြော်၊ စည်သွပ်ဘူးထဲက အစာတွေက အဆင်သင့်အစာ(Ready-made Food) ဖြစ်နေတဲ့အတွက် အမြဲတမ်းတော့ မစားသင့်ပါဘူး။

Most Popular

Healthy Life Ad
To Top