Healthy Life Ad
Health Tips

လောကမှာ ပျော်သထက် ပိုပျော်စေဖို့ရာ . .

၊ ငွေကြယ်စင်ယံ ၊

လောကကြီးမှာ အသက်ရှင်ခွင့်ရတုန်း ပျော်သထက် ပိုပျော်စေဖို့ရာအတွက် လုပ်သင့်တဲ့ နည်းလမ်းကောင်းတွေကို မျှဝေလိုက်ပါတယ်။

– ကျန်းမာသော ဘဝတွင် နေထိုင်ပါ
ကျန်းမာခြင်းနဲ့ ပျော်ရွှင်ခြင်းက ဒွန်တွဲနေပါတယ်။ မကျန်းမာရင် ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ကျန်းမာတဲ့ဘဝ ပိုင်ဆိုင်စေဖို့ နေ့စဉ်စားသောက်တဲ့ အစာက အာဟာရပြည့်ဝပြီး မျှတနေဖို့ လိုပါတယ်၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ရပါမယ်၊ အိပ်ရေးဝ၀ အိပ်စက်ရပါမယ်။

– ကိုယ့်အလုပ်ကို ချစ်မြတ်နိုးပါ
ကိုယ်မလုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရရင် ပျော်ရွှင်ဖို့ခက်ပါတယ်။ ဒါကြောင့် နေ့တိုင်းပျော်ရွှင်တဲ့ အလုပ်ကိုလုပ်ပြီး တန်ဖိုးရှိရှိ နေထိုင်ပါ။

– လူမှုဆက်ဆံရေးတိုင်းကို တန်ဖိုးထားပါ
လူမှုဆက်ဆံရေးမှာ တွေ့ဆုံရတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကို ချစ်မြတ်နိုးစွာ တန်ဖိုးထားပြီး ဆက်ဆံပါ။ ပျော်ရွှင်တဲ့သူတွေက
ပေါင်းသင်းဆက်ဆံရေးမှာ အချိန်နဲ့စွမ်းအင် ရင်းနှီးမြှုပ်နှံပြီးရလာတဲ့ ပျော်ရွှင်မှုနဲ့ ကျေနပ်တတ်ပါတယ်။

– ကစားပါ
ဘဝက ပင်ပန်းလွန်းတယ်လို့ မတွေးပါနဲ့။ ပင်ပန်းတယ်လို့ ထင်တဲ့အခါ ကလေးတွေနဲ့ဆော့ ကစားလိုက်ပါ၊ ရယ်စရာရှိရင် ဟက်ဟက်
ပက်ပက် ရယ်ပါ၊ အဲဒီလို နေထိုင်တာက ဘဝ၊ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုတွေအတွက် အရေးပါတဲ့အရာလည်း ဖြစ်ပါတယ်။

– ကိုယ့်အတွက် ကိုယ်လုပ်ပါ
လူတွေက တခြားသူတွေကို ဝေဖန်လိုက်၊ ပြစ်တင်လိုက်၊ တခြားသူတွေရဲ့ကိစ္စမှာ ပါဝင်လုပ်ဆောင်လိုက် အချိန်ကုန်ရင်း ကိုယ့်အတွက်
ပျော်ရွှင်မှုဆိုတာ ရှာမတွေ့ဘဲ ရှိနေတတ်ပါတယ်။ ကိုယ့်အတွက် ပျော်ရွှင်စေတဲ့ အရာတွေ လည်း ရှာပါဦး။ နေဝင်ချိန်အလှ ကြည့်ရတာ ပျော်သလား၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆုံတွေ့ရတာ ပျော်သလား၊ ကလေးတွေကို ပုံပြောရတာ သဘောကျသလား။ သင်ပျော်ရွှင်တဲ့ အရာတွေကို စာထဲချရေးပြီး ကိုယ့်အတွက် အချိန်ပေးကာ လုပ်ဆောင်လိုက်ပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top