Healthy Life Ad
Child

အစာကြေးများတဲ့ ကလေးတွေကို အာဟာရဓာတ် ပြည့်ဝအောင် ဘယ်လို ကျွေးသင့်သလဲ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရအထူးကု ဆရာဝန်ကြီး

အစားကြေးများတဲ့ ကလေးတွေကို New Food New Item များများ လုပ်ပေးသင့်ပါတယ်။ သူတို့လေးတွေက ကြေးများတဲ့အတွက် ဒီနေ့မှာ ကြက်သားပြုတ်ကြော် လုပ်ကျွေးလိုက်ရင် စားတယ်၊ ဒါပေမဲ့ နောက်တစ်နေ့ကျတော့ အဲဒီလို ကြက်သားပြုတ်ကြော် ကျွေးလိုက်ရင် မစားတော့ပါဘူး။ အဲဒီတော့ ကြက်သားကို ကြက်ဥနဲ့ ပေါင်းပြီး ကျွေးရမယ်။ ဒါမှမဟုတ် ကြက်သားကို ကြော်ကျွေးရပါမယ်။ ကြက်သား တစ်မျိုးမျိုးကိုပဲ ပုံစံအမျိုးမျိုး ခဏခဏ ပြောင်းလုပ်ကျွေးရပါမယ်။ လေးငါးရက်လောက် နေလို့ ပထမဆုံး ကျွေးခဲ့တဲ့ ကြက်သားပြုတ်ကြော်ကို ပြန်ကျွေး ကြည့်လိုက်ရင် သူတို့ ပြန်စားပါတယ်။ ဒါက ကလေးတွေရဲ့ ထုံးစံပါပဲ။

အသီးအရွက် ဆိုရင်လည်း အလားတူပဲ။ ဒီနေ့ ကန်စွန်းရွက်ကြော် ကျွေးပြီးရင် နောက်တစ်နေ့ ကန်စွန်းရွက်ကြော် ကျွေးတဲ့အခါ ကြေးများတဲ့ ကလေးက မစားတော့ဘူး။ အဲဒီအခါ ကန်စွန်းရွက်နဲ့ ဆန်မှုန့်နဲ့ ပေါင်းကျွေးတာမျိုး၊ နောက်တစ်နေ့မှာ ကန်စွန်းရွက် ကို ချဉ်ရည်ဟင်း ချက်ကျွေးတာမျိုး ပုံစံအမျိုးမျိုးနဲ့ ပြောင်းကျွေးလိုက်ရင် အဆင်ပြေသွားမှာ ဖြစ်ပါ တယ်။
ပဲဆိုရင်လည်း ဒီနေ့ ပဲဟင်းချက်ကျွေးရင် နောက်တစ်နေ့ ပဲပြုတ်သုပ်ကျွေးတာမျိုး ပုံစံအမျိုးမျိုး ပြောင်းကျွေးရင် ကလေးတွေ စားပါတယ်။

Most Popular

Healthy Life Ad
To Top