Healthy Life Ad
Q & A

ဆီကြောင့် အသည်းထိခိုက်စေနိုင်သလား

Q. ဆီများများ စားတာကြောင့် အသည်းကို ထိခိုက်စေနိုင်ပါသလားရှင်။
လွင်လွင် ၊ ပဲခူး ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီးဖြေကြားပေးပါသည်။

ဆီများများစားတာကအမြဲတမ်းနဲ့သိပ်ကြာလာရင်မကောင်းပါဘူး။ဆီများများစားတာက သွေးတွင်းကိုလက်စထရောကို မြင့်တက်စေနိုင်လို့ပါ။ အဲဒီအခါ သွေးထဲက မကောင်းတဲ့ကိုလက်စထရော(LDL) တက်လာပါလိမ့်မယ်။ အဲဒီကတစ်ဆင့် အသည်းကို ရောက်ပြီး အသည်းအဆီဖုံးတဲ့ဝေဒနာ (Fat Liver) ဖြစ်လာနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဆီများများစားတာကြောင့် အသည်းကို တိုက်ရိုက်ထိခိုက်တာမျိုး မဟုတ်ပါ ဘူး။ သွေးတွင်းကိုလက်စထရောကို ထိခိုက်ပြီး ကြာလာမှ အသည်းကိုထိခိုက်တာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုလူမျိုးမဆို ဆီကို များများ မစားသင့်ပါဘူး။ ဆီတွေ များများစားတာကြောင့် ခန္ဓာကိုယ်ဝတာပဲ အဖတ်တင်ပါတယ်။

Most Popular

Healthy Life Ad
To Top