Healthy Life Ad
Health Tips

လေဖြတ်ဝေဒနာ မရစေဖို့ ဘယ်လိုကာကွယ်ရမလဲ

၊ ငွေကြယ်စင်ယံ ၊

လေဖြတ်ဝေဒနာဖြစ်စေတဲ့ တချို့အချက် ( ဥပမာ- အသက်အရွယ်၊ လိင်အမျိုးအစား၊ လေဖြတ်ရောဂါရာဇဝင် )တွေကို ရှောင်လွှဲလို့ မရနိုင်ပေမယ့် လေဖြတ်နိုင်ခြေကို သိသိသာသာ လျော့ကျစေတဲ့ အချက်တွေကို လိုက်နာသင့်ပါတယ်။

– လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပါ
လေ့ကျင့်ခန်းကို အလုံအလောက် လုပ်ဆောင်တာက နှလုံးကြွက်သားတွေကို သန်စွမ်းစေတဲ့အပြင် သွေးကြောနံရံတွေကိုလည်း ကျန်းမာစေပါတယ်။ လေ့ကျင့်ခန်းကို ထိထိရောက်ရောက် လုပ်ဆောင်တဲ့အတွက် ဦးနှောက်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးဆီ သွေးစီးဆင်းရောက်ရှိမှု အားကောင်းစေပါတယ်။

– ကိုယ်အလေးချိန်ကို ပုံမှန်ရှိနေစေရန် ထိန်းပါ
ကိုယ်အလေးချိန်များတာ ဒါမှမဟုတ် အဝလွန်တာကြောင့် လေဖြတ်နိုင်ခြေ များပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေစားပြီး လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်တာက ကိုယ်အလေးချိန်အပိုတွေကို လျော့ကျစေတဲ့အပြင် ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်း ထိန်းသိမ်း ပေးနိုင်ပါတယ်။

– မူးယစ်ဆေးဝါးများ ရှောင်ရှားပါ
ကိုကင်းလို မူးယစ်ဆေးဝါးတွေကို သုံးစွဲတာကြောင့် လေဖြတ်နိုင်ခြေ များစေတယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

– ကျန်းမာရေးနှင့် ညီညွတ်သော ဘဝနေထိုင် စားသောက်မှုပုံစံ လိုက်နာပါ
ဆေးလိပ်မသောက်ဘဲ နေတာ၊ သူများသောက်တဲ့ ဆေးလိပ်ငွေ့ကို မရှူရှိုက်တာနဲ့ အရက်ကို အလွန်အမင်း မသောက်ဘဲနေတာတို့ဟာ
လေဖြတ်နိုင်ခြေ လျော့ကျစေတဲ့ အချက်တွေပဲ ဖြစ်ကြပါတယ်။

လေဖြတ်ဝေဒနာ မရစေမည့် အစာများ
လေဖြတ်ဝေဒနာမရအောင် ကာကွယ်နိုင်ဖို့ နေ့စဉ်နေ့တိုင်း စားသင့်တဲ့အစာတွေ ရှိပါတယ်။

– ဖောလိတ်ဓာတ် ပါဝင်မှုများတဲ့ ပဲသီး၊ ကညွတ်၊ ပန်းဂေါ်ဖီစိမ်း၊ အချဉ်အရသာရှိတဲ့ အသီးနဲ့ ထောပတ်သီး စတာတွေ ပါဝင်ပါတယ်။

– ဂျုံမှုန့်၊ ပဲပိစပ်၊ ပဲပုပ်စေ့နဲ့ ဗာဒံစေ့ စတဲ့ ကိုလက်စထရော လျော့ကျစေတဲ့ အစာတွေ စားသင့်ပါတယ်။

– အင်တီအောက်ဆီးဒင့် ပါဝင်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေက သွေးကြောတွေကို ကျန်းမာစေပါတယ်။

– ငှက်ပျောသီး၊ ဒိန်ချဉ်၊ ငါး၊ အာလူး၊ မှိုနဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ပိုတက်စီယမ် ပါဝင်မှုများတဲ့ အစားအစာတွေစားသင့်ပါတယ်။

– မဂ္ဂနီဆီယမ် ပါဝင်မှုများတဲ့ အစာတွေ ဖြစ်တဲ့ အခွံမာသီး၊ အစေ့အဆန်၊ ကောက်နှံတစ်ခုလုံးအစာ၊ သစ်သီးခြောက်တွေနဲ့ အညိုရောင် ချောကလက်တွေ စားသင့်ပါတယ်။

– ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်ဆီယမ် ပါဝင်မှုများတဲ့ အဆီနည်း နွားနို့သောက်ရင် နှလုံးသွေးကြော ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။

– ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ တူနာငါးနဲ့ မက်ကရယ်ငါးတို့လို အိုမီဂါ ၃ ဖက်တီးအက်ဆစ် ပါဝင်မှုများတဲ့ အစာတွေကို စားသင့်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top