Healthy Life Ad
Health Tips

ဆီးရွှင်စေသော ဓာတ်များ

၊ မိမိုး ၊ (ဆေးဝါးတက္ကသိုလ်)

တချို့အစားအသောက်တွေ စားသောက်ပြီးချိန်မှာ ထူးထူးခြားခြား ဆီးရွှင်နေပါလိမ့်မယ်။ အကြောင်းရင်းကို သိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

G6
ကော်ဖီ
ဘာကြောင့်လဲ – ကဖင်းဓာတ် ပါဝင်လို့ပါ
ကော်ဖီမှာ ကဖင်းဓာတ်ဟာ ဆီးမသွားအောင်ဟန့်တားတဲ့ ဟော်မုန်းADHထွက်ရှိမှုကို လျော့ကျစေပါတယ်။ အဲဒါကြောင့် ဆီးများများ သွားစေ
တာပါ။

G4
အရက်
ဘာကြောင့်လဲ – အီသနော ပါဝင်လို့ပါ
အရက်ထဲမှာပါတဲ့ အီသနောဟာ ADH(ဆီးမသွားအောင် ဟန့်တားတဲ့ဟော်မုန်း) အင်ဇိုင်းထွက်ရှိမှုကို ဟန့်တားပြီး ဆီးများများ သွားစေ
ပါတယ်။

G2
သစ်သီးဖျော်ရည်
ဘာကြောင့်လဲ – ဆော်ဘီတောနှင့် အမျှင်ဓာတ် ပါဝင်လို့ပါ
သစ်သီးဖျော်ရည်မှာ မကြေဖျက်နိုင်တဲ့ ဆော်ဘီတော ပါဝင်တာကြောင့် သွေးကြောကနေ အူထဲသို့ ရေဆွဲတဲ့နည်းနဲ့ ဆီးသွားစေပါတယ်။

Gf
အမြှုပ်ထအချိုရည်
ဘာကြောင့်လဲ – လှုံ့ဆော်မှု ရှိလို့ပါ
ဂတ်စ်ပါတဲ့ အမြှုပ်ထအချိုရည်တွေဟာ ဆီးအိတ်ကိုလှုံ့ဆော်ပြီး ဆီးသွားချင်စိတ် ဖြစ်ပေါ်စေပါတယ်။

G1
ရေ
ဘာကြောင့်လဲ – ဆားဓာတ် ဖယ်ရှားလို့ပါ
ရေများများ သောက်တာကြောင့် ဆီးသွားစေပါတယ်။

G5
ခရမ်းချဉ်သီး
ဘာကြောင့်လဲ – လှုံ့ဆော်မှုရှိလို့ပါ
ခရမ်းချဉ်သီးဟာ အက်ဆစ်ဂုဏ်သတ္တိရှိတဲ့ တခြားအစာတစ်မျိုးဖြစ်ပြီး ဆီးအိတ်ကို လှုံ့ဆော်တဲ့အတွက် ဆီးသွားချင်စိတ် ဖြစ်ပေါ်စေပါတယ်။

G3
ချောကလက်
ဘာကြောင့်လဲ – ကဖင်းဓာတ် ပါဝင်လို့ပါ
ချောကလက်မှာ ကဖင်းဓာတ်များစွာ ပါဝင်တာကြောင့် ဆီးများများ သွားစေပါတယ်။ ကျောက်ကပ်ကနေ ရေကို ပြန်လည်စုပ်ယူမှု လျော့ကျ
လို့ပါ။ ချောကလက်မှာပါတဲ့ သီယိုဘရိုမင်းဓာတ်ဟာ ဆီးအိတ်ကို လှုံ့ဆော်ပြီး ဆီးသွားချင်စိတ် ဖြစ်စေပါတယ်။

Most Popular

Healthy Life Ad
To Top