Healthy Life Ad
Child

အေးချမ်းမိုး ၏ ကျန်းမာလှပ လူမှုဘဝ

တစ်နေ့တာ အသားအရေထိန်းသိမ်းမှုပုံစံ  . . .
ညီမတို့က နေ့စဉ်အနုပညာအလုပ်တွေနဲ့ ဆက်နွှယ်နေရတယ်ဆိုတော့ မိတ်ကပ်က အမြဲလိမ်းနေရတယ်။ အဲဒီတော့ မျက်နှာပိုင်း ကို ပိုပြီးဂရုစိုက်ဖြစ်ပါတယ်။ မျက်နှာကို မိတ်ကပ်အမြဲ လိမ်းထားရတော့ အပြင်ကပြန်လာရင် မိတ်ကပ်ကိုသေချာဖျက်တယ်၊ ညပိုင်း အိပ်ခါနီးဆိုလည်း မျက်နှာသေချာသစ်ပြီး Night Cream လိမ်း တယ်၊ ပြီးတော့ သုံးရက်တစ်ခါလောက် မျက်နှာပေါင်း တင်ဖြစ်ပါ တယ်၊ ညီမက Miss တစ်ယောက်လည်းဖြစ်တဲ့အတွက် အသားအရေပိုင်းကို သေချာဂရုစိုက်ဖြစ်တယ်၊ အသားအရေ ကောင်းမွန်အောင် အစားအသောက်တွေနဲ့လည်း ထိန်းဖြစ်ပါတယ်၊ လိုးရှင်း ဆိုလည်း ပုံမှန်လိမ်းဖြစ်ပါတယ်။
အသားအရေကိုသဘာကုထုံးနဲ့ ထိန်းသိမ်းရတာ ပိုနှစ်သက်  . . .
ညီမက အသားအရေကို သဘာဝကုထုံးတွေနဲ့ ထိန်းရတာပို သဘောကျတယ်၊ သဘာဝကုထုံးနဲ့ထိန်းသိမ်းရတာက အသား အရေအတွက် ပိုကောင်းတယ်လို့ထင်ပါတယ်၊ များသောအားဖြင့် သခွားသီးတို့ ရှားစောင်းလက်ပပ်တို့သုံးဖြစ်ပါတယ်။
Miss ပြိုင်ပွဲက တစ်ဖက်၊ ကျောင်းက တစ်ဖက် ပင်ပန်းရင်း ကျန်း မာရေးချူချာခဲ့ဖူး . . .
ညီမက ရှုတင်မှာတော့ ကျန်းမာရေးကြောင့် အခက်အခဲ မဖြစ်ဖူးပါဘူး။ အလှအပနဲ့ပတ်သက်ပြီးလည်း ပြိုင်ပွဲတွေမှာ အခက်အခဲ သိပ်မကြုံခဲ့ပါဘူး၊ ညီမ Miss ပြိုင်ပွဲဝင်ခါနီး ကျောင်းက တစ်ဖက်ဆိုတော့ ကျန်းမာရေးချူချာဖူးတယ်၊ ပြိုင် ပွဲကလည်း လေ့ကျင့်သင်ကြားပေးမှုတွေရှိတယ် ပြီးတော့ ကျောင်းစာကလည်းတစ်ဖက်ဆိုတော့ ပင်ပန်းပြီး နေမကောင်းဖြစ်ခဲ့ဖူးပါတယ်။
အရေးကြီးတဲ့ ပွဲဆိုရင် မိတ်ကပ်ဆရာနဲ့ ပြင်တာများ . . .
ညီမသွားရမယ့်ပွဲအပေါ်မူတည်ပြီး မိတ်ကပ် ဆရာနဲ့ လိမ်းဖြစ်ရင်လိမ်းတယ်၊ ကိုယ်တိုင်လိမ်းဖြစ်တဲ့အခါလည်းရှိတယ်။ အရမ်းအရေးကြီးတဲ့ ပွဲမျိုးဆိုရင်တော့ မိတ်ကပ်ဆရာနဲ့လိမ်းဖြစ်ပါတယ်။
မျက်ခုံးနဲ့မျက်လုံး လိမ်းရတာပိုကြိုက် . . .
ညီမက မျက်နှာတစ်ခုလုံးမှာမျက်လုံးနဲ့ မျက်ခုံးက ပိုအရေးကြီးတယ်လို့ ထင်တယ်၊ ညီမကိုယ်တိုင်ကလည်း မျက်လုံးနဲ့မျက်ခုံးကို လိမ်းရတာ ပိုကြိုက်ပါတယ်၊ မျက်လုံးနဲ့ မျက်ခုံးကို ပြင်လို့ အဆင်ပြေသွားရင် မျက်နှာက အရမ်းကြည့်ကောင်းသွားတယ်လို့ ထင်ပါတယ်။
ထိခိုက်လွယ်တဲ့ အသားအရေပိုင်ဆိုင် . . .
ညီမ အသားအရေက အဖုအပိမ့်ပေါက်တတ်တယ်၊ ထိခိုက်လွယ်တဲ့ အမျိုးအစားထဲမှာပါတယ်၊ ပြီးတော့ ညီမသုံးနေကျ Cosmetic  မဟုတ်ဘဲ တခြား Cosmtic ပြောင်းသုံးရင်လည်း မျက်နှာက အဖုအအပိမ့်ပေါက်ပြီး ပျက်စီးတာမျိုး ဖြစ်တတ်ပါ တယ်၊ ညီမအသားအရေက ဝက်ခြံပေါက်တတ်တယ်။ အဆီပြန်တတ်တဲ့အတွက် သေချာဂရုစိုက်ရပါတယ်၊ အစားအသောက် ကြောင့်လည်း အသားအရေမကောင်းတာဖြစ်တတ်တယ်၊ အဓိက အပူအစပ်အချဉ်တွေစားရင် ညီမမျက်နှာက ပိုသိသာတယ်၊ ဒါ ကြောင့် စားချင်တယ်ဆိုရင်တောင် ဆင်ခြင်ပြီး စားဖြစ်ပါတယ်။
မျက်နှာသစ်ဆေးပြောင်းသုံးရာက အဖုအပိမ့်တွေ ပေါက်လာလို့ စိတ်ညစ်ခဲ့ဖူး . . .
ကျန်းမာရေးကြောင့်တော့ ကြီးကြီးမားမားစိတ်ညစ်တာ မကြုံ ခဲ့ဖူးပါဘူး၊ အလှအပနဲ့ပတ်သက်ပြီး တစ်ခါတော့ စိတ်ညစ်ဖူးတယ်၊ မျက်နှာသစ်ဆေးပြောင်းသုံးမိတာ မျက်နှာတစ်ပြင်လုံးရစရာမရှိအောင် အဖုအပိမ့်တွေပေါက်လို့ စိတ်ညစ်ခဲ့ဖူးပါတယ်။
အေးချမ်းမိုး သုံးနေကျ မိတ်ကပ်နှစ်မျိုး . . .
ညီမက မိတ်ကပ်ကို Estelauder နဲ့ MAC သုံးဖြစ်တယ်၊ ညီမအသားအရေနဲ့သုံးရတာ အဆင်ပြေလို့ပါ။
နည်းပါးလှတဲ့ အားလပ်ချိန်မှာ မိဘတွေကို အချိန်ပေး . . .
ညီမက အားလပ်ချိန်သိပ်မရှိဘူး၊ ကျောင်းက တစ်ဖက်၊ အနုပညာအလုပ်ကတစ်ဖက်ဆိုတော့ အားလပ်ချိန်ကို ကောင်းကောင်း အနားယူပြီး ကုန်ဆုံးစေတာမျိုးမရှိပါဘူး၊ တစ်ခါတလေ အားလပ်တဲ့ အချိန်အနည်းငယ်ရှိခဲ့ရင်လည်း အိမ်က မိဘတွေနဲ့ပဲ ကုန်ဆုံးစေတာများပါတယ်။
ကောလဟလကို စိတ်မဝင်စား . . .
ညီမက ကောလဟလကိုမကြုံဖူးဘူး၊ ညီမ ကိုယ်တိုင်ကလည်း ဘာမှမဟုတ်တာမလုပ်ထားတဲ့အတွက် စိုးရိမ်စရာလည်း မရှိဘူး၊ သိပ်လည်း စိတ်မဝင်စားပါဘူး။
စိတ်ဖိစီးမှုဖြစ်လာရင် စိတ်ကိုတည်ငြိမ်အောင်ကြိုးစား . . .
စိတ်ဖိစီးမှုကတော့ လူတိုင်းကြုံတွေ့နေရတဲ့အရာပါ၊ စိတ်ဖိစီးမှုဖြစ်ရတဲ့အကြောင်းရင်းကိုရှာပြီး ဘာကြောင့် စိတ်ဖိစီးမှုဖြစ်ရတာ လဲဆိုပြီး သေချာလေ့လာထိန်းချုပ်ဖြစ်ပါတယ်၊ များသောအားဖြင့် ညီမက စိတ်ဖိစီးမှုဖြစ်လာရင် စိတ်အေးအေးထားတယ်၊ ကောင်းတဲ့အကြောင်းအရာလေးတွေ တွေးတယ်။ သေချာစဉ်းစားတယ်၊ အတတ်နိုင်ဆုံးစိတ်ကို တည်ငြိမ်အောင်ထားပါတယ်။
ရှုတင်သွားရင် ဆေးဝါးတွေယူသွားဖြစ် . . .
ညီမ နယ်ခရီးတွေဖြစ်ဖြစ်၊ ရှုတင်သွားရင်ဖြစ်ဖြစ် ဆေးဝါတွေ ယူသွားလေ့ရှိတယ်၊ ဗိုက်အောင့်ပျောက်ဆေး၊ အကိုက်အခဲ ခေါင်း မူး၊ ခေါင်းကိုက်ပျောက်ဆေးစတဲ့ ဆေးတွေကိုယူသွားဖြစ်တယ်၊ ကျန်းမာရေးမကောင်းဖြစ်လာရင် အလွယ်တကူအဆင်သင့် သုံးစွဲ လို့ရအောင်လို့ပါ။
ဝိတ်မတက်အောင် အစားအသောက်နဲ့ ထိန်းဖြစ် . . …
ညီမက အားလပ်ချိန်မရှိတဲ့အတွက် Gym တော့သွားမဆော့ဖြစ်ဘူး။ အနုပညာအလုပ်နဲ့ ကျောင်းစာက များလာတော့ အား ကစားကို သိပ်အချိန်မပေးနိုင်တာလည်းပါတယ်၊ များသောအား ဖြင့် အစားအသောက်နဲ့ပဲ ဝိတ်မတက်အောင်ထိန်းဖြစ်တာ များ တယ်၊ ခန္ဓာကိုဝိတ်ကိုလည်း အမြဲတမ်းပေါင်ချိန်တာတော့ လုပ်ဖြစ်တယ်၊ ဝိတ်အတက်အကျပေါ်မူတည်ပြီး အစားအသောက်နဲ့ ထိန်းဖြစ်တာများတယ်၊ တစ်ခါတလေ အိမ်မှာတော့ ရေချိုးခါနီး ကိုယ်လက် လေ့ကျင့်ခန်းလုပ်တာ၊ သီချင်းဖွင့်ပြီး ကတာတို့ လုပ် ဖြစ်ပါတယ်။
ဆေးကျောင်းသူဖြစ်တဲ့အတွက် ကျန်းမာရေးဗဟုသုတတွေပိုလေ့လာဖြစ် . . .
ညီမက ကျန်းမာရေးနဲ့ပတ်သက်ပြီး အများကြီးလေ့လာဖြစ်ပါတယ်၊ ညီမကိုယ်တိုင်ကလည်း ဆေးကျောင်းသူဖြစ်နေတဲ့ အတွက်ပါ၊ တစ်ခါတလေ အပြင်ကဗဟုသုတတွေ၊ အင်တာနက်မှာရှာပြီး လေ့လာတာတွေလုပ်ဖြစ်ပါတယ်၊ ကျောင်းမှာလည်း ဆေး နဲ့ပတ်သက်ပြီး ထိတွေ့ခွင့်ရှိတဲ့အတွက် ဗဟုသုတတွေကို ပိုလေ့လာဖြစ်တယ်။
ပရိသတ်ကို အေးချမ်းမိုးပေးချင်တဲ့ အကြံညဏ် . .
ကျန်းမာရေးက လူတိုင်းအတွက် မရှိမဖြစ်ပေါ့၊ ကျန်းမာမှ သွားချင်တာ သွားနိုင်မယ်၊ လုပ်ချင်တာ လုပ်နိုင်မယ်၊ ပိုက်ဆံတွေ အများကြီးရှိပြီး ကျန်းမာ ရေးမကောင်းရင်လည်း ကိုယ့်အတွက် ဘာမှမပြည့်စုံပါဘူး၊ အဲ့ဒါကြောင့် ကျန်းမာရေးကို လူတိုင်း လေ့ လာလိုက်စားစေချင်ပါတယ်၊ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အပြုအမူ၊ အနေအထိုင်တွေကို လိုက်နာနိုင်ဖို့ စာအုပ်စာပေ တွေကို လေ့လာစေချင်ပါတယ်။

Most Popular

Healthy Life Ad
To Top