Healthy Life Ad
Health Tips

ရင်သားကင်ဆာအန္တရာယ် လျော့ကျစေသည့် အစာများ

မီမိုး (ဆေးဝါးတက္ကသိုလ်)

ရင်သားကင်ဆာဟာ အမျိုးသမီးတွေကို ခြိမ်းခြောက်နေတဲ့ ရောဂါပါ။ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစာတွေ စားတာနဲ့ လေ့ကျင့်ခန်း မလုပ်တာတွေက ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များစေပါတယ်။ ကျန်းမာရေးနဲ့အညီ စားသောက်ပြီး လေ့ကျင့်ခန်းကို ပုံမှန် လုပ်ဆောင်တာကြောင့် ရင်သားကင်ဆာ ဖြစ်နှုန်း သိသိသာသာ လျော့ကျစေပါတယ်။
3a

မုန်လာဥနီ
မုန်လာဥနီမှာ ဘီတာကယ်ရိုတင်း ပါဝင်တဲ ့အတွက် ရင်သားကင်ဆာဖြစ်နှုန်း လျော့ကျစေပါတယ်။ လေ့လာမှုအရ တစ်ပတ်မှာ သုံးကြိမ်ခန့် မုန်လာဥနီ စားလေ့ရှိတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ဖြစ်နှုန်း ၁၇ ရာခိုင်နှုန်း လျော့နည်းတယ်လို့ သိရပါတယ်။
– ဘယ်လောက် စားသင့်သလဲ
မုန်လာဥနီ အစိမ်းလိုက် ဒါမှမဟုတ် ချက်ပြီး တစ်ပတ် သုံးကြိမ်စားပါ။ ဘီတာကယ်ရိုတင်းပါတဲ့ တခြားအစာတွေက ရွှေဖရုံသီးနဲ့ ကန်စွန်းဥတို့ ဖြစ်ကြပါတယ်။

ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းဟာ အာဟာရအရှိဆုံး ဟင်းသီး ဟင်းရွက်တစ်မျိုး ဖြစ်ပြီး ချက်ရလွယ်သလို အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဆာဖိုရာဖိန်း ပါဝင်မှုများတဲ့အတွက် ရင်သားကင်ဆာဆဲလ် တွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဆာဖိုရာဖိန်းဟာ ကင်ဆာဆဲလ်ကြီးထွားမှုကို ရပ်တန့်စေပြီး အန္တရာယ် ရှိတဲ့ ဆဲလ်အရင်းအမြစ်ကို သေစေနိုင်ပါတယ်။
– ဘယ်လောက် စားသင့်သလဲ
တစ်ပတ်မှာ သုံးကြိမ် စားသင့်ပါတယ်။ ဆာဖိုရာဖိန်းပါဝင်တဲ့ တခြား အစာတွေက ဂေါ်ဖီထုပ်၊ ပန်း ဂေါ်ဖီစတဲ့ ဂေါ်ဖီအနွယ်ဝင်တွေ ဖြစ်ကြပါတယ်။

ဂေါ်ဖီထုပ်
လေ့လာမှုတစ်ခုအရ တစ်ပတ်မှာ ဂေါ်ဖီထုပ် လေးကြိမ်နဲ့ အထက်စားလေ့ရှိတဲ့ အမျိုးသမီးငယ် တွေဟာ ရင်သားကင်ဆာ ဖြစ်နှုန်း ၇၂ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဂေါ်ဖီထုပ်မှာ မိုင်ရိုစင်နေ့စ်အင်ဇိုင်းတွေနဲ့ ဂလူကိုဆီးနိုးလတ် ဒြပ်ပေါင်းတွေပါရှိတာကြောင့် အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
– ဘယ်လောက် စားသင့်သလဲ
ဂေါ်ဖီခွက်တစ်ဝက်ကို တစ်ပတ်လေးကြိမ်စားပါ။

ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ ရင်သားကင်ဆာ တွန်းလှန် ပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့် ပါဝင်မှုများပါတယ်။ အကောင်းဆုံး အင်တီအောက်ဆီးဒင့်က လိုင်ကိုပင်းဖြစ်ပြီး ကင်ဆာအကျိတ်ကြီးထွားမှုကို ရပ်တန့်စေကာ ခန္ဓာကိုယ်ထဲက ဖရီးရယ်ဒီကယ် တွေကို ဖယ်ရှားပေးပါတယ်။
– ဘယ်လောက် စားသင့်သလဲ
တစ်ပတ်မှာ အနည်းဆုံး သုံးကြိမ်စားပါ။ ခရမ်းချဉ်သီး အစိမ်းလိုက်စားနိုင်သလို ဟင်းအနှစ်အဖြစ် ချက်ပြုတ်စားနိုင်ပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ Ajoene ပါဝင်တဲ့အတွက် ရင်သားကင်ဆာဆဲလ်တွေကို တွန်းလှန်ပေးနိုင်ပါ တယ်။
– ဘယ်လောက် စားသင့်သလဲ
တစ်ပတ်မှာ ထောင်းထားတဲ့ ကြက်သွန်ဖြူကို နှစ်ကြိမ် စားပေးပါ။

သစ်ကြားသီး
သစ်ကြားသီးမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ် နဲ့ ဖိုင်တိုစတီရောဓာတ်တွေ ပါဝင်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ သစ်ကြားသီးဟာ ရင်သားကင်ဆာ ဆဲလ်ကြီးထွားမှုကို နှေးစေ၊ ရပ်စေ ပြီး ကင်ဆာအကျိတ်ဖြစ်နှုန်းကို လျော့ကျစေပါတယ်။
– ဘယ်လောက် စားသင့်သလဲ
တစ်ပတ် တစ်အောင်စ သုံးကြိမ် စားပါ။

မှိုခေါင်းဖြူ
လေ့လာမှုအရ မှိုခေါင်းဖြူက ရင်သားကင်ဆာ အကျိတ်ကြီးထွားမှုကို ရပ်တန့်စေနိုင်ပြီး ရင်သားကင်ဆာ အကျိတ်ပမာဏကိုပါ လျော့ကျစေတယ်လို့ သိရပါတယ်။ မှိုခေါင်းဖြူမှာ တွေ့ရတဲ့ ဖက်တီးအက်ဆစ်ဟာ အီစထရိုဂျင်ဖြစ်ပေါ်မှုကို ရပ်တန့်ပေးပြီး ကင်ဆာဆဲလ် ပွားများနှုန်းကို လျော့ကျစေပါတယ်။
– ဘယ်လောက် စားသင့်သလဲ
တစ်ပတ် နှစ်ကြိမ် မှိုဟင်းစားပါ။

မက်မွန်သီး
ချိုမြိန်တဲ့ အရသာရှိတဲ့ မက်မွန်သီးမှာ ဖလေဗ နွိုက်နဲ့ ဖိုင်တိုအာဟာရဓာတ်တွေ ပါဝင်ပြီး ရင်သား ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မက်မွန်သီးမှာ တွေ့ရတဲ့ အင်တီအောက်ဆီးဒင့်တွေ က ရင်သားကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်ပေမယ့် ဆဲလ်ကောင်းတွေအပေါ် သက်ရောက်မှု မရှိပါဘူး။
– ဘယ်လောက် စားသင့်သလဲ
တစ်ပတ်မှာ နှစ်ကြိမ်စားသင့်ပါတယ်။
မက်မွန်သီးလိုပဲ ရင်သားကင်ဆာဆဲလ်တွေကို တွန်းလှန်ပေးနိုင်တဲ့ အစာက ဆီး(ဇီး)သီးပါ။

ဆယ်လ်မွန်ငါး
ဆယ်လ်မွန်ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ပါဝင်မှုများပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်ဆစ်က ရင်သားကင်ဆာဆဲလ် လျော့ကျမှုနဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင် ကိုယ်တွင်း ရောင်ရမ်းမှု လျော့ကျပြီး ဆဲလ်ထိခိုက်မှုကို လျှော့ချနိုင်ပါတယ်။
– ဘယ်လောက် စားသင့်သလဲ
တစ်ပတ်မှာ သုံးအောင်စ သုံးကြိမ် စားသင့်ပါ တယ်။
à

Most Popular

Healthy Life Ad
To Top