Healthy Life Ad
Health Tips

အန်ပြီးချိန်တွင် လုပ်ဆောင်ရမည့် အိမ်တွင်းကုထုံးများ

လရိပ်မေ
အန်တာက ရောဂါမဟုတ်ပါဘူး။ ရောဂါတစ်ခုရဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ အများအားဖြင့် အစားအသောက်တွေ အများကြီး စားပြီးတဲ့အခါ ဒါမှမဟုတ် အရက် အလွန်အမင်း သောက်ပြီးတဲ့အခါ အခန့်မသင်ရင် အန်တတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်တာ၊ ဗိုက်အောင့်တာ၊ အစာအဆိပ်သင့်တာ၊ ကားမူး တာနဲ့ စိတ်ပင်ပန်းနွမ်းနယ်တာ တို့ကြောင့် အန်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကိုယ်ဝန်ပထမ သုံးလပတ်အတွင်း အန်တတ်ပါတယ်။ အန်ပြီးချိန်မှာ မောပန်းနွမ်းနယ်သွားတဲ့ ခန္ဓာကိုယ် သက်သာရာရစေဖို့ လုပ်ဆောင်သင့်တဲ့ အိမ်တွင်းကုထုံးတွေကို ရေးသားလိုက်ရပါတယ်။

(၁) ရေအလုံအလောက် သောက်ပါ
အန်တဲ့အခါ ဖြစ်တတ်တဲ့ အကြောင်းပြချက် တစ်ခုက ရေဓာတ်ခမ်းခြောက်တာပဲ ဖြစ်ပါတယ်။ ရေသောက်တာက ခန္ဓာကိုယ်ထဲကို အရည်မျှခြေကောင်းအောင် ထိန်းသိမ်းနိုင်တဲ့ နည်းဖြစ်ပါတယ်။ ရေသောက်တာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို သန့်စင်စေနိုင်ပါတယ်။

(၂) ဆားနှင့် သကြားပါသော ရေတစ်ဖန်ခွက် သောက်ပါ
ဝမ်းပျက်ဝမ်းလျှောပြီး အန်တာကြောင့် ပြင်းထန်တဲ့ ရေဓာတ်ခမ်းခြောက်မှုဖြစ်ရင် သင့်တော်တဲ့ ဓာတ်ဆားမျှခြေကို ထိန်းပေးနိုင်ဖို့က အရေးကြီးဆုံးပါ။ အဲဒီအချိန်မှာ အားကစားဖျော်ရည် သောက်မယ့်အစား ရေ တစ်ဖန်ခွက်ထဲ ဆားတစ်တို့နဲ့ သကြားတစ်တို့ထည့်ကာ ဖျော်သောက်ပါ။ ဒါက ရေဓာတ်ခမ်းခြောက်ချိန်မှာ ကုန်ခမ်းသွားတဲ့ ဓာတ်ဆား ပုံမမှန်ဖြစ်တာကို ပြန်လည်ထိန်းသိမ်းပေးပါတယ်။

(၃) ချင်းလက်ဖက်ရည် သောက်ပါ

ချင်း(ဂျင်း)က ပျို့ချင်အန်ချင်ဖြစ်တာ၊ ရင်ပူပြီး အက်ဆစ်ဆန်တက်တာ စတဲ့ အစာခြေလမ်းကြောင်း စနစ် ဝေဒနာတွေအတွက် အကောင်းဆုံးအိမ်တွင်းကုထုံးပါ။ ရေပူတစ်ခွက်ထဲ ချင်း(ဂျင်း) တစ်လက်မပတ်လည်ကို ကြိတ်ချေပြီးထည့်လိုက်ပါ။ ၁၀-၁၅ မိနစ် ကြာမှသောက်ပေးရင် အန်တာကိုချက်ချင်းသက်သာစေပါတယ်။

(၄) လေးညှင်းလက်ဖက်ရည်သောက်ပါ
လေးညှင်းခြောက်တွေ ခတ်ထားတဲ့ လက်ဖက်ရည်ကြမ်းကို ဖြည်းဖြည်းချင်း သောက်ပေးတာကြောင့် အန်တာကို သက်သာစေပါတယ်။

(၅) ကြက်သွန်နီဖျော်ရည် တစ်ဇွန်းမျိုချပါ
ကြက်သွန်နီဖျော်ရည်ရဲ့ ပိုးသတ်နိုင်စွမ်းနဲ့ အင်တီအောက်ဆီးဒင် ့အစွမ်းတို့က အန်တဲ့ဝေဒနာအတွက် အကောင်းဆုံး အိမ်တွင်းကုထုံးပါ။ အလတ်စားအရွယ် ကြက်သွန်နီကိုထောင်းပြီး သန့်ရှင်းတဲ့ ပိတ်စတစ်စနဲ့ အရည်ညှစ်လိုက်ပါ။ ပြီးရင် တစ်ဇွန်းကို မျိုချပေးပါ။ အဲဒီကြက်သွန်နီ အရည်ထဲ ချင်း(ဂျင်း) ထည့်သောက်ရင်လည်း အန်တာ သက်သာစေပါတယ်။

(၆) ပူစီနံ(ပူဒီနာ)ရွက်များကို ကြိတ်ဝါးပါ

လတ်ဆတ်တဲ့ ပူစီနံ(ပူဒီနာ)ရွက်ကို ကြိတ်ဝါးပေးတာကြောင့် အန်တာကို သက်သာစေပါတယ်။ ပူစီနံ(ပူဒီနာ)ရွက်မှာ ပိုးသတ်အာနိသင်ရှိတာကြောင့် ဘက်တီးရီးယား ကြောင့်ဖြစ်တဲ့ အစာအိမ် မသက်မသာဝေဒနာကို သက်သာစေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top