Healthy Life Ad
Health Tips

မယ်လတိုနင်ဟော်မုန်း အထွက်တိုးစေမည့် အာဟာရ

၊ လရိပ်မေ ၊

မယ်လတိုနင်ဆိုတာ ဦးနှောက်ရှိ ပိုင်နီရယ်ဂလင်းက ထုတ်လိုက်တဲ့ ဟော်မုန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီဟော်မုန်းက ရောင်ရမ်းမှု လျော့ကျ စေတဲ့အစွမ်းနဲ့ အင်တီအောက်ဆီးဒင့် အစွမ်းတို့ရှိတဲ့အပြင် နှလုံးထိခိုက်မှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်၊ ဒါ့အပြင်ကင်ဆာကို တွန်းလှန်နိုင်ပါတယ်။ မယ်လတိုနင်ရဲ့ ရေပန်းအစားဆုံးကဏ္ဍက ခန္ဓာကိုယ်ရဲ့ဇီဝနရီကို ထိန်းချုပ်ပေးတာပဲ ဖြစ်ပါတယ်။ မယ်လတိုနင် ချို့တဲ့သူတွေကညဘက်နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျဖို့ ခက်ပါတယ်။ အိပ်မပျော်တဲ့အခြေအနေကို မယ်လတိုနင်က တွန်းလှန်ပေးတာကြောင့် မယ်လတိုနင်အထွက်တိုးစေမယ့် အစွမ်းရှိတဲ့အစာတွေကို အလုံအလောက် စားပေးသင့်ပါတယ်။

pineappleForw
နာနတ်သီး
နာနတ်သီးက မယ်လတိုနင်ထွက်နှုန်း ကောင်းစေတဲ့အစာ ဖြစ်ပါတယ်။ အိပ်မပျော်တဲ့ဝေဒနာကို တွန်းလှန်ချင်ရင် နာနတ်သီးစိတ်ကို သရေစာအဖြစ် စားပေးပါ။ အက်ဆစ်ဆန်တက်ပြီး ရင်ပူတဲ့ပြဿနာကို ရှောင်လွှဲနိုင်ဖို့ အထူးသဖြင့် ညဘက်မှာ နာနတ်သီးကို အသင့်အတင့် စားပေးပါ။ ဗီတာမင်စီပါဝင်တဲ့ နာနတ်သီးဟာ ကိုယ်ခံအားစနစ်ကို သန်စွမ်းစေပါတယ်။

cherriesFW
ချယ်ရီသီး
ချယ်ရီသီးဟာ မယ်လတိုနင်ဟော်မုန်း အထွက်တိုးစေတဲ့ အစာပါ။ ဒါ့အပြင် ရောင်ရမ်းမှု လျော့ကျစေတဲ့ အစွမ်းလည်း ရှိပါတယ်။ ချယ်ရီသီးစားတာက အဝလွန်ရောဂါကနေ ကင်ဆာအထိ ကျန်းမာရေး ပြဿနာအမျိုးမျိုးနဲ့ ဆက်နွှယ်နေတဲ့ နာတာရှည် ရောင်ရမ်းမှုဝေဒနာကို ချိုးနှိမ်ပေးပါတယ်။

bananaFW
ငှက်ပျောသီး
တစ်နှစ်ပတ်လုံး နေရာတိုင်းမှာ အလွယ်တကူရနိုင်တဲ့ ငှက်ပျောသီးက မယ်လတိုနင် ထုတ်လုပ်နိုင်စွမ်းကို ကောင်းစေပါတယ်။ မယ်လတိုနင်ကို စွမ်းအင်ရရှိဖို့ စားသင့်သလို အိပ်မပျော်တဲ့ညတွေအတွက် သရေစာအနေနဲ့ စားနိုင်ပါတယ်။ ငှက်ပျောသီးမှာ ထရစ်ပတိုဖန်များများ ပါဝင်တာကြောင့် စိတ်တည်ငြိမ်စေပြီး အိပ်ရေးဝစေပါတယ်။

mandalinaFW
လိမ္မော်သီး
လိမ္မော်ရည်တစ်ဖန်ခွက် သောက်တာကြောင့် ရေငတ်ပြေစေတဲ့အပြင် ပိုင်နီရယ်ဂလင်းကနေ ထုတ်လုပ်တဲ့ မယ်လတိုနင်ပမာဏကို အား
ကောင်း စေပါတယ်။ လိမ္မော်သီးစားတာကြောင့် ကယ်လ်စီယမ်ပါဝင်ကာ အရိုးနဲ့သွားတွေကို သန်စွမ်းစေပါတယ်။ လိမ္မော်သီးမှာ ဗီတာမင်စီ ဆိုတဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် ပါဝင်ပါတယ်။ ဗီတာမင်စီက ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပြီး ငယ်ရွယ်နုပျိုကာ ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်စေပါတယ်။

tomatoFW
ခရမ်းချဉ်သီး
ဟင်းရွက်သုပ်ထဲ ခရမ်းချဉ်သီးထည့်စားတာကြောင့် သင့်ခန္ဓာကိုယ်ကနေ မယ်လတိုနင်ဟော်မုန်း အလုံအလောက် ထွက်ရှိပြီး အိပ်မပျော်တဲ့ ရောဂါကို တွန်းလှန်နိုင်ပါတယ်။ ခရမ်းချဉ်သီးမှာ ကင်ဆာကို တွန်းလှန်ပေးနိုင်တဲ့ လိုင်ကိုပင်းအမည်ရှိ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပါတယ်။ ခရမ်းချဉ်သီးက စွမ်းအင်ထွက်ရှိစေတဲ့ ဗီတာမင် B6နဲ့ ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင်စီတို့ ပါဝင်တဲ့အပြင် နှလုံးအားကောင်း စေတဲ့ ပိုတက်စီယမ်လည်း ပါဝင်မှု များပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top