Healthy Life Ad
Health Tips

နှာခေါင်း၏ ဝင်လေထွက်လေအရ သိရှိနိုင်သော ရောဂါဝေဒနာ ၅ ခု

ဇွန်ခိုင်ဦး ( ဆေးဝါးတက္ကသိုလ်)
အရင် ဘီစီ ၄၀ဝ လောက်တုန်းက ရောဂါတွေ ကိုရှာဖွေဆန်းစစ်ရာမှာ နှာခေါင်းကနေဝင်ထွက်တဲ့ လေတွေကို အကဲဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။ နှာခေါင်းရဲ့ ဝင်လေ၊ ထွက်လေအနံ့ဟာ တချို့ရောဂါဝေဒနာတွေနဲ့ ဆက်စပ်နေတယ်လို့ နှစ်ပေါင်းများ စွာကတည်းက ဆေးပညာရှင်တွေက ဆိုခဲ့ကြပါ တယ်။

(၁) အဆုတ်ကင်ဆာ
တချို့တိရစ္ဆာန်တွေက ရောဂါဝေဒနာတချို့ကို အနံ့ခံနိုင်စွမ်းရှိတယ်လို့ သိရှိပြီးတဲ့အခါ လေ့လာသူတွေက လျှပ်စစ်နှာခေါင်းနည်းပညာကို တီထွင်ဖို့ ကြိုးစားလာကြပါတယ်။ ကျန်းမာတဲ့သူနဲ့ အဆုတ်ကင်ဆာကနေ အဆုတ်ရောဂါဝေဒနာအထိ အမျိုး မျိုးခံစားနေရသူတွေကို ကောင်းစွာ ခွဲခြားနိုင်ဖို့ လျှပ်စစ်နှာခေါင်းကို သုံးခဲ့ကြပါတယ်။ လေ့လာမှု အရ ဆေးလိပ်မသောက်သူ ၁၂၈ ဦးနဲ့ ဆေးလိပ် သောက်သူ ၁၁၄ ဦးကို လျှပ်စစ်နှာခေါင်းနည်းပညာနဲ့ ခွဲခြားခဲ့တဲ့အခါ  ၁၀ဦးပဲ အဖြေမှားတယ်လို့ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် နှာခေါင်းလေနံ့ကိုကြည့်ပြီး အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ရှိ၊ မရှိ မှန်မှန်ကန်ကန် စမ်းသပ်ဖို့ ဖြစ်နိုင်တယ်လို့ သုတေသနအရသိရပါတယ်။ ဒီသုတေသနဟာ ပိုအရေးကြီးတဲ့ နည်းပညာသစ်ကို တီထွင်ဖို့ နောက်ထပ် ခြေလှမ်းတစ်ရပ်ပဲဖြစ်ပါတယ်။

(၂) နှလုံးလုပ်ငန်းဆောင်တာ ပျက်ယွင်းခြင်း
ကျောက်ကပ်လုပ်ငန်းဆောင်တာ ပျက်ယွင်းမှု ရှိ၊ မရှိ စမ်းသပ်ဖို့ သိပ္ပံပညာရှင်တွေက နှာခေါင်းလေ နံ့စစ်ဆေး မှုကို အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေက လူနာတွေရဲ့ အသက်ရှူတဲ့ ဝင်လေ၊ ထွက်လေကို ဆန်း စစ်ပြီးတဲ့အခါ နှလုံးလုပ်ငန်း ထိခိုက်မှု ရှိ၊ မရှိ စမ်းသပ်နိုင်စွမ်းရှိတယ်လို့ ထင်ခဲ့ကြပါ တယ်။ ဒီလိုနဲ့ ၂၀၁၂မှာ နှလုံးလုပ်ငန်းဆောင်တာ ထိခိုက်မှု ရှိ၊ မရှိ သိဖို့အတွက် ဝင်လေ၊ ထွက်လေကို အခြေခံပြီး သုတေသီတွေက အကောင်အထည်ဖော် ခဲ့ကြပါတယ်။

(၃) အဝလွန်ရောဂါ
လူတစ်ယောက်ရဲ့ ဝင်လေ၊ ထွက်လေဟာ သူ့ မှာ အဝလွန်ရောဂါဖြစ်နိုင်ခြေ ဘယ်လောက်များ သလဲဆိုတာကို ဖော်ပြနိုင်တယ်လို့ တခြားလေ့လာ မှုတစ်ခုက ဆိုပါတယ်။ လူနာ ၇၉၂ဦးရဲ့ နှာခေါင်း ဝင်လေထွက်လေနံ့ကို ဆန်းစစ်ခဲ့တဲ့အခါ မီသိန်းနဲ့ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ပါဝင်မှု မြင့်မားသူတွေက ပုံမှန်ရှိသူတွေထက် ကိုယ်အလေး ချိန်နဲ့ အရပ်အ မောင်းအချိုး (BMI)မြင့်ပြီး အဆီရာခိုင်နှုန်းလည်း ပိုများတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

(၄) ဆီးချိုသွေးချိုရောဂါ
နှာခေါင်းရဲ့ ဝင်လေ၊ ထွက်လေအနံ့က သစ်သီးနံ့မျိုးဖြစ်တယ်ဆိုရင် ဒါမှမဟုတ် လက်သည်း နီနံ့မျိုးဖြစ်နေတယ် ဆိုရင် ဒါကို ကီတိုအဆီဒိုးစစ် (Ketoacidosis)လို့ ခေါ်ပါတယ်။ ဒီလိုဖြစ်ရင် ဆီးချို ရောဂါလူနာတွေမှာ ပြင်းထန်တဲ့ ရောဂါဝေဒနာ ဖြစ်နိုင်ပါတယ်။  ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်အလုံအ လောက်မရှိတာကြောင့် သကြားကို လောင်စာအရင်းအမြစ်အဖြစ် မသုံးနိုင်တဲ့အခါဖြစ်တတ်ပြီး ဒါက အသက် အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ ပြဿနာ ဖြစ်ပါတယ်။ အဆီကို ချေဖျက်လိုက်တဲ့အခါ ကီတုန်း လို စွန့်ပစ်ပစ္စည်းတွေက ခန္ဓာကိုယ်ထဲ စုပုံတတ်ပါတယ်။

(၅) ကျောက်ကပ်လုပ်ငန်းဆောင်တာ ပျက်ယွင်းခြင်း
နာတာရှည်ကျောက်ကပ်ရောဂါ ခံစားရသူတွေ ရဲ့ ခံတွင်းနံ့က အမိုးနီးယားနံ့လိုဖြစ်ပြီး ငါးညှီနံ့ ဒါမှ မဟုတ် ဆီးနံ့လိုရတတ်ပါတယ်။ ကျောက်ကပ်က သွေးထဲက စွန့်ပစ်ပစ္စည်းတွေကို စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ် လုပ်ငန်းဆောင်တာ ထိ ခိုက်တဲ့အခါ သွေးထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်နိုင် စွမ်းမရှိတဲ့အတွက် အသက်ရှူလမ်း ကြောင်းစနစ်ထဲ ရောက်ရှိရာက ဝင်လေ၊ ထွက်လေ အနံ့ဆိုးတတ်ပါတယ်။

Ref: HD

Most Popular

Healthy Life Ad
To Top