Healthy Life Ad
Health Tips

ပရိုတင်းဓာတ်ပါဝင်မှု မြင့်မားတဲ့ နံနက်စာ စားရအောင်

မိမိုး ( ဆေးဝါးတက္ကသိုလ်)

သင့်နံနက်စာမှာ ပရိုတင်းပါဝင်မှု ရှိရဲ့လား။ အဝလွန်ရောဂါဆိုင်ရာ နိုင်ငံတကာဂျာနယ်ရဲ့ လေ့လာမှုတစ်ခုအရ ပရိုတင်းပါဝင်မှုများတဲ့ နံနက်စာစားတဲ့ သူတွေက ပရိုတင်းပါဝင်မှုနည်းတဲ့ နံနက်စာစားလေ့ရှိသူတွေထက် နေ့လယ်စာမှာ ကယ်လိုရီမှီဝဲမှု ၂၆ ရာခိုင်နှုန်း ပိုနည်းတယ်လို့ သိရပါတယ်။ အဲဒီအာဟာရဓာတ်တွေက အူကနေ ပက်ပတိုက်တစ်မျိုး ထွက်ရှိစေပြီး ဦးနှောက်ကို အားပြည့်စေပါတယ်။ ပရိုတင်းလိုအပ်မှုက အသက် ၁၉ နှစ်ကျော် အမျိုးသမီးတွေအတွက် ၄၆ ဂရမ် ဖြစ်ပြီး အသက် ၁၉ နှစ်ကျော် အမျိုးသားတွေအ တွက် ၅၆ ဂရမ်ဖြစ်ပါတယ်။

(၁) နို့ကွေကာနှင့် အစေ့အဆန်
တချို့ကွေကာတွေမှာ ပရိုတင်းပါဝင်မှုများပြီး တချို့ကွေကာအမျိုးအစားတွေမှာတော့ ပါဝင်မှုနည်းပါတယ်။ ကွေကာကို နွားနို့ထည့်ပြီး အစေ့အဆန် (ဥပမာ နေကြာစေ့၊ သီဟိုဠ်စေ့ စသဖြင့်) တွေ ထည့်စားပေးရင် ပရိုတင်းဓာတ် ရရှိစေတဲ့အပြင် ဗီတာမင်အီးပါဝင်လို့ အိုမင်းမှုကို ဟန့်တားပေးနိုင်ပါတယ်။

(၂) ကြက်ဥ၊ဘဲဥနှင့် မြေပဲထောပတ်
နံနက်စာမှာ ကြက်ဥ၊ဘဲဥနဲ့ ပဲအမျိုးမျိုးထည့်စားရင် ပရိုတင်းဓာတ် ၂၅ ဂရမ်ရရှိနိုင်ပါတယ်။ ပရိုတင်းဓာတ် အလုံအလောက်ရဖို့အတွက် ကြက်ဥ၊ ဘဲဥ ပြုတ်နဲ့အတူ ပေါင်မုန့်ကို မြေပဲထောပတ် သုတ်ပြီး စားသင့်ပါတယ်။

(၃) ပေါင်မုန့်ထောပတ်
ပရိုတင်းဓာတ် အလုံအလောက်ရဖို့ ပေါင်မုန့်ကို ထောပတ်သုတ်ပြီး စားပေးပါ။

(၄) ဒိန်ချဉ်
အဆီမပါတဲ့ ဒိန်ချဉ် တစ်ခွက်မှာ ပရိုတင်း ၆ ဂရမ် ပါဝင်ပါတယ်။ ဒိန်ချဉ်ထဲ အမျှင်ဓာတ်ပါဝင်မှုများတဲ့ ဘယ်ရီသီး (ဘလူးဘယ်ရီသီး၊ စတော်ဘယ် ရီသီး) စတာတွေ ထည့်စားရင်၊ အစေ့အဆန်နဲ့ အခွံမာသီးတွေ ထည့်စားရင် နံနက်စာက ကျန်းမာရေးနဲ့ ပိုညီညွတ်စေနိုင်ပါတယ်။

(၅) နွားနို့
နံနက်စာအဖြစ် နွားနို့ပူပူနဲ့ ဖျော်ထားတဲ့ စတော်ဘယ်ရီ မစ်ရှိတ်တစ်ခွက်သောက်ရင်လည်း ပရို တင်းဓာတ်ကို ရရှိစေပါတယ်။

(၆) ငှက်ပျောသီး
နံနက်စာအဖြစ် ပရိုတင်းဓာတ် ရရှိစေဖို့  ငှက်ပျောသီးစားတဲ့အခါ ဒိန်ခဲအနည်းငယ်နဲ့ တွဲစားပေး ပါ။ ကယ်လ်စီယမ်၊ ဗီတာမင်အေနဲ့ ပရိုတင်းဓာတ်ကို ရရှိစေပါတယ်။

Ref: HD

Most Popular

Healthy Life Ad
To Top