Healthy Life Ad
Health Tips

တစ်ကိုယ်တော် Valentine’s Day ကို ဘယ်လို လှပပျော်ရွှင်အောင် ဖြတ်သန်းရမလဲ . .

သဒ္ဒါထက်

Valentine’s Day နေ့ ဆိုတာ ချစ်သူရှိမှ ပြီး ပြည့်စုံတာ မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုတွေ ရှိရင်လည်း ကိုယ်ချစ်တဲ့ သူတွေနဲ့ အတူ ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းလို့ရတာပါပဲ။ အဲဒီအတွက် ချစ်သူက အဝေးရောက်နေ လို့ပဲဖြစ်ဖြစ်၊ ချစ်သူ မရှိသေးလို့ပဲ ဖြစ်ဖြစ်၊ ချစ်သူနဲ့ လမ်းခွဲထားလို့ပဲ ဖြစ်ဖြစ် ဆွေးနေစရာ မလိုဘဲ တစ်ယောက်တည်းလည်း လှပပျော်ရွှင်နေအောင်   ဖြတ်သန်းနိုင်မယ့် နည်းလမ်းတချို့ကို ဖော်ပြလိုက်ပါ တယ်။

သဘာဝပစ္စည်းများဖြင့် အလှပြင်ပါ
အသားအရေကို သဘာဝပစ္စည်းတွေပါတဲ့ မိတ်ကပ်တွေနဲ့ အလှပြင်ပါ။ မျက်နှာကို တောက်ပနေအောင် ပြင်ဆင်ပြီး အရောင်တောက်တဲ့အဝတ်အစား ဝတ်ပါ။ ဒါဆိုရင် စိတ်ကပါ ရွှင်လန်းနေပါလိမ့်မယ်။

လိမ်းလည်းလိမ်း၊ စားလည်း စားနိုင်မည့် အစာများ ရွေးချယ်ပါ
အင်တီအောက်ဆီးဒင့်နဲ့ ဗီတာမင်စီ ပါဝင်တဲ့ သစ်သီး (ဥပမာ စတော်ဘယ်ရီသီး)ကို ဝယ်ပြီး စားလည်းစားပါ၊ အသားအရေမှာလည်း လိမ်းပါ။ ကျန်း မာရေး အခြေအနေကို ကောင်းမွန်စေတဲ့အပြင် အ သားအရေကိုလည်း ကျန်းမာလှပစေပါတယ်။ အ သားအရေကို စတော်ဘယ်ရီသီးနဲ့ ညင်ညင်သာသာ ကြေးချွတ်ပေးတာကြောင့် အရေပြားဆဲလ်သေတွေ နဲ့ အညစ်အကြေးတွေကို ကင်းစင်စေပြီး   ချွေးပေါက် ပွင့်ကာ အသားအရေ ကြည်လင်နုပျိုကာ တောက်ပနေပါလိမ့်မယ်။ စတော်ဘယ်ရီသီး စားလိုက်တဲ့အ တွက် စိတ်ခံစားမှု ကောင်းပြီး စိတ်ထဲမှာ ကြည်နူး ပျော်ရွှင်နေမှာပါ။

ဟာသစာပေ ဖတ်ပါ
ချစ်သူသာ ရှိရင် ချစ်သူနဲ့ လျှောက်လည်နေရ တာနဲ့ စာအုပ်တောင် ဖတ်ဖို့ အချိန်ရှိမှာ မဟုတ်ပါ ဘူး။ ဒါကြောင့် တစ်ကိုယ်တည်းဘဝမှာ ကိုယ့်အချိန်တွေကို စိတ်ရှိလက်ရှိ သုံးခွင့်ရတယ်လို့ ခံယူပြီးပျော်စရာ ကောင်းတဲ့ ဟာသစာပေတွေ ဖတ်ပါ။

ကိုယ်ချစ်သော သူများနှင့်အတူ ချောကလက် စားပါ
သူများပေးတဲ့ ချောကလက်မရလည်း ဘာဖြစ် လဲ၊ ဝမ်းနည်းနေစရာ မလိုပါဘူး။ ကိုယ့်ဘာသာ အ ညိုရောင် ချောကလက် ဝယ်ပြီး စားပါ။ အညိုရောင် ချောကလက်က အသားအရေကို လှပချောမွေ့စေ တဲ့အပြင် ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါ တယ်။ ဒါပေမဲ့ အလွန်အကျွံစားမိရင် ကိုယ်အလေး ချိန်တက်နိုင်တာကြောင့် ကိုယ်ချစ်တဲ့ မိတ်ဆွေသူ ငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့အတူ မျှဝေ စား လိုက်ပါ။

အပြင်ထွက်လည်ပါ
ချစ်သူမရှိလည်း ကိုယ့်လိုပဲ တစ်ကိုယ်တည်း ဖြစ်နေတဲ့ သူငယ်ချင်းတွေနဲ့အတူ အပြင်ထွက်လည်ပါ။
ပျော်ပျော်ရွှင်ရွှင်ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်ခ် ပေါ်တင်ပါ။ ကိုယ်ချစ်တဲ့ သူငယ်ချင်းတွေနဲ့ အတူ ရှိတဲ့ အခိုက်အတန့်ဆိုတာ ကိုယ်ခံစားနေရတဲ့ အထီးကျန်မှု၊ ဝမ်းနည်းမှုနဲ့ ဖိစီးမှု မှန်သမျှ ပြေလျော့ လွင့်ပြယ်စေတဲ့ အချိန်ကောင်းပါပဲ။ ဒါကြောင့် ချစ် တဲ့ သူတွေနဲ့ ကြည်နူးရင်း အဓိပ္ပာယ်ရှိပြီး ပျော်စရာ ကောင်းတဲ့ Valentine’s Day နေ့ကို ဖြတ်သန်းလိုက်ဖို့ အကြံပြုလိုက်ပါတယ်။

Most Popular

Healthy Life Ad
To Top