Healthy Life Ad
Health Tips

ကျန်းမာရေးချူ ချာသော အမျိုးသားတို့အတွက် နည်းလမ်းကောင်းများ

၊ ဦးမိုး ၊

ဆရာဝန်နဲ့ မတွေ့ဆုံဖြစ်ဘူး ဆိုရင်၊ နောက်ဆုံးအကြိမ် ဆေးစစ်ထားတာကို သတိမရတော့ဘူး ဆိုရင် ဒါက သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ အမျိုးသမီးတွေနဲ့ ယှဉ်ရင် အမျိုးသားတွေက ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးမှု နည်းပါတယ်။ ကျန်းမာရေး ချူချာပါတယ်
ဆိုတဲ့ အမျိုးသားတွေတောင် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးမှု မရှိကြတာကို တွေ့နေရပါတယ်။ ဒါပေမဲ့ အရွယ်မတိုင်ခင် သေဆုံးမှုကို ရှောင်လွှဲနိုင်ဖို့နဲ့ ကျန်းမာရေး ပိုမို ကောင်းမွန်လာစေဖို့ လွယ်ကူတဲ့ နည်းလမ်းတွေကို လိုက်နာစေချင်ပါတယ်။

(၁) ကျန်းမာရေးနှင့် ညီညွတ်သော အစာကို စားပါ
သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစာတွေကို စားဖို့ အမေတွေက သားတွေကို သတိပေးလေ့ ရှိပါ
တယ်။ ဒါက သင့်တော်တဲ့ အကြံဉာဏ်ပါပဲ။ ဒီအစာတွေက ရတဲ့ အမျှင်ဓာတ်တွေက သွေးတွင်း သကြားဓာတ်နဲ့ ကိုလက်စထရောကို
လျော့ကျစေပြီး အူမကြီးကင်ဆာ ဖြစ်နှုန်းကို လျှော့ချနိုင်ပါတယ်။

(၂) ကိုယ်အလေးချိန်ကို တိုင်းတာပါ
အမျိုးသားတွေမှာ ကိုယ်အလေးချိန်ကျဖို့နဲ့ ပုံမှန် ကိုယ်အလေးချိန်အတိုင်း ထိန်းနိုင်ဖို့ဆိုရင် စားတာထက် ကယ်လိုရီကို ပိုလောင်ကျွမ်း
အောင် လုပ်သင့်ပါတယ်။ ကိုယ်အလေးချိန်ကို မကြာခဏ တိုင်းတာပြီး ဘယ်လောက် စားသင့်သလဲဆိုတာ ဆန်းစစ်ရပါမယ်။

(၃) လေ့ကျင့်ခန်းလုပ်ချိန် ပေးပါ
လေ့ကျင့်ခန်း လုပ်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ရုံသာ မက နှလုံးရောဂါ၊ လေဖြတ်တာ၊ ဆီးချိုသွေးချို ရောဂါနဲ့ တခြား ကျန်းမာရေး ပြဿနာတွေရဲ့ အန္တရာယ်ကို လျော့ကျ စေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာကြောင့် စိတ်ဖိစီးမှုအဆင့် လျော့ကျသလို စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။

(၄) နှစ်သက်ရာ ဝါသနာကို အကောင်အထည် ဖော်ပါ
မြန်မြန်လမ်းလျှောက်ပေးရင်တောင် နှလုံးခုန်နှုန်း မြန်စေနိုင်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ လှုပ်ရှားမှု (ဥပမာ ရေကူးတာ၊ စက်ဘီးစီးတာ) စတာတွေကို တစ်နေ့ မိနစ် ၃၀ လောက် ပြုလုပ် ပေးသင့်ပါတယ်။

(၅) များများ အနားယူပါ
အိပ်စက် အနားယူတဲ့နည်းနဲ့ ခန္ဓာကိုယ်က အားပြည့်အောင် လုပ်သင့်ပါတယ်။ အိပ်ရေးပျက်ရင် သွေးတိုးပြီး ကျန်းမာရေးပြဿနာ အများအပြား ဖြစ်တတ်ပါတယ်။ အိပ်ရေးမဝတာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာ နှစ်မျိုးစလုံးက သတိထားရမယ့် အချက်တွေပါ။

(၆) စိတ်ကျန်းမာရေးကို အလေးထားပါ
စိတ်ဖိစီးမှု နည်းနည်းရှိတာက သင့်အတွက် ကောင်းမွန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာရုံစူးစိုက်မှု ကောင်းပြီး အန္တရာယ်များတဲ့ အခြေအနေတွေကို ခပ်မြန်မြန် တုံ့ပြန်နိုင်တာကြောင့်ပါ။ ကြာရှည် စိတ်ဖိစီးမှု များတာကြောင့် ကိုယ်ခံအားစနစ်ကို ထိခိုက်စေပြီး စိတ်ဓာတ်ကျတာနဲ့ စိတ်လှုပ်ရှားတာလို စိတ်ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

(၇) အရက်အလွန်အမင်း သောက်သုံးမှုကို ရှောင်ပါ
ဝိုင်နီကို အသင့်အတင့် သောက်တာကြောင့် အမျိုးသားတွေမှာ နှလုံးသွေးကြောစနစ် ကျန်းမာစေပေမယ့် အရက်ကို အလွန်အမင်း သောက်တာကတော့ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ အရက်ကို မသောက်ဘဲနေနိုင်ရင် အကောင်းဆုံးပါ။ မသောက်ရ မနေနိုင်ရင် တစ်နေ့ တစ်ပက်-နှစ်ပက်ထက် ပိုမသောက်ပါနဲ့။ အရက်အလွန်အမင်း သောက်တာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်သလို ကိုယ်အလေးချိန် တက်ကာ ဗိုက်ပူစေနိုင်ပါတယ်။

(၈) ဆေးလိပ် မသောက်သင့်ပါ
ဆေးလိပ်သောက်တာ သင့်ခန္ဓာကိုယ်အတွက် သင်လုပ်တဲ့ အဆိုးဆုံး အပြုအမူပါ။ ဆေးလိပ် သောက်တာကြောင့် သင့်ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံး၊ နှလုံး၊ အဆုတ်၊ သွေးကြောစနစ်၊ ဆီးကျိတ်ဂလင်း၊ ဆီးအိတ်နဲ့ ဦးနှောက် စတာတွေကို ထိခိုက် စေနိုင်ပါတယ်။ ဆေးလိပ်ဖတ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘူး ဆိုရင်တောင် အားမလျှော့ လိုက်ပါနဲ့။

(၉) ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူပါ
လူတွေက ရောဂါဝေဒနာတစ်ခုခု ခံစားရမှသာ ကျန်းမာရေး စစ်ဆေးသင့်တယ်လို့ အတွေးမှားနေ တတ်ပါတယ်။ အထူးသဖြင့် အမျိုးသား တွေဆိုရင် ဆေးစစ်ဆေးမှု ခံယူဖို့ နှောင့်နှေးနေ တတ်ပါတယ်။အသက် ၂၀ – ၃၀ အရွယ်ဆိုရင် သုံးနှစ်တစ်ကြိမ်၊ အသက် ၄၀ – ၅၀ အရွယ်ဆိုရင် နှစ်နှစ်တစ်ကြိမ်၊ အသက် ၅၀ ကျော်အရွယ်ဆိုရင် နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှု ခံယူသင့်ပါတယ်။ အထူးသဖြင့် သွေးဖိအား၊ သွေးတွင်း ကိုလက်စထရော ပမာဏ၊ကျောက်ကပ် လုပ်ငန်းဆောင်တာ၊ အူမကြီးစစ်ဆေးမှုနဲ့ ဆီးကျိတ်စစ်ဆေးမှု စတာတွေကို ခံယူသင့်ပါတယ်။

(၁၀) နာတာရှည်ရောဂါ ဝေဒနာများအတွက် ကုသမှုခံယူပါ
သင့်မှာ နှလုံးရောဂါ၊ ဆီးချိုရောဂါ စတဲ့ ပြင်းထန်တဲ့ နှလုံးကျန်းမာရေး ပြဿနာတွေ ခံစားနေရတယ် ဆိုရင် သက်ဆိုင်ရာ အထူးကုဆရာဝန်နဲ့ စနစ်တကျ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top