Healthy Life Ad
Child

ကလေးများတွင် အတွေ့ရများသည့် ကလေးမျက်ရည်ဝဲခြင်း (Watery baby’s eyes)

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)

ကလေးငယ်လေးတွေရဲ့ မျက်ရည်လမ်းကြောင်း (Nasolacrimal Duct)က တကယ်တမ်းမှာ ပွင့်ရမှာပါ။ မျက်ရည်လမ်းကြောင်း ပွင့်ရမှာဖြစ်ပေမယ့် တစ်ခါတလေမပွင့်သေးတဲ့အခြေအနေမှာ ကလေးက မျက်ရည်ဝဲနေတတ်ပါတယ်။ ဒါကကလေးရဲ့ မျက်ရည်လမ်းကြောင်းလေးက ကောင်းကောင်းမဖွံ့ဖြိုးသေး လို့လည်း ဖြစ်တတ်ပါတယ်။ ဒါက ကလေးတွေမှာ အတွေ့ရများပါတယ်။

အဲဒီလို ကလေး မျက်ရည်ဝဲနေတဲ့ အခြေအနေ သက်သာစေဖို့ ပဋိဇီဝပိုးသတ်မျက်စဉ်းဆေး (Antibiotic Eye Drop)ကို ပေးရလေ့ရှိပါတယ်။တစ်ခါပေးရင် သုံးကြိမ်-လေးကြိမ်လောက် ခတ်ခိုင်းတယ်။ တကယ်လို့ သက်သာသွားရင် ရပ်ခိုင်းလိုက်ပါတယ်။ မသက်သာရင် ပြန်ပေးပါတယ်။အဲဒီလိုနည်းနဲ့ အသက်၂ နှစ် အရွယ်မှာ မျက်ရည်လမ်းကြောင်းက အလိုလို ပွင့်သွားတတ်ပါတယ်။

တကယ်လို့ ကလေး အသက် ၂ နှစ်အရွယ် ရောက်တဲ့အထိ မျက်ရည်လမ်းကြောင်းက အလိုလိုပြန်မပွင့်ဘူးဆိုရင် Probing ဆိုတဲ့ နည်းနဲ့မျက်ရည်လမ်းကြောင်းကို ဖွင့်ပေးရပါတယ်။

Most Popular

Healthy Life Ad
To Top