Healthy Life Ad
Child

Miss Universe Myanmar မေဘရဏီသော် ၏ ကျန်းမာလှပလူမှုဘဝ

တစ်နေ့တာအသားရေထိန်းသိမ်းမှုပုံစံ

ညီမက အပြင်သွားရင် အသားအရေကို နေလောင်ဒဏ်မဖြစ်အောင် အင်္ကျီလက်ရှည်ဝတ်တယ်၊ နေကာခရင် လိမ်းတယ်၊ ပုံမှန်လုပ်ဖြစ်တာကတော့ လိုးရှင်းကို သေသေချာချာ လိမ်းဖြစ်ပါတယ်၊ ရာသီဥတုကြောင့် အသားအရေပျက်စီးတာမျိုးရှိခဲ့ရင်လည်း သေချာဂရုစိုက်ပါတယ်။

မေဘရဏီသော် လုပ်နေကျ သဘာဝကုထုံး

ညီမက အသားအရေကို သဘာဝကုထုံးနဲ့ လုပ်ဖြစ်ပါတယ်၊ အိမ်မှာဆိုရင် နနွင်းရယ်၊ ပျားရည်ရောပြီး သောက် ဖြစ်တယ်၊ တခြားသဘာဝကုထုံးတွေ အများကြီးလုပ်ဖြစ်ပါတယ်။

ရှုတင်မှာ သတို့သမီးဝတ်စုံကျပ်ကျပ်ကြောင့် အဆင်မပြေဖြစ်ဖူး. .

ညီမ အလှအပကြောင့်တော့ အခက်အခဲမကြုံခဲ့ဘူး၊ ကျန်းမာရေးကြောင့်တော့ အခက်အခဲရှိခဲ့ဖူးတယ်၊ ညီမရှုတင်မှာ ရိုက်ကူးရေးလုပ်တုန်းက နေကလည်း အရမ်းပူ၊ ဝတ်ထားတဲ့ အဝတ်အစားကလည်း သတို့သမီးဝတ်စုံ ဝတ်ထားရတော့ နည်းနည်းကျပ်တယ်၊ အဲဒီအချိန်မှာ ခေါင်းတွေ အရမ်းမူးပြီး အဆင် မပြေမှုတွေဖြစ်ခဲ့တယ်။ ဒါပေမဲ့ ညီမ ဆေးတွေသောက်ပြီး အတတ်နိုင်ဆုံး အဆင်ပြေအောင်တော့ ရိုက်ခဲ့ပါတယ်။

မိတ်ကပ်ကို ကိုယ်တိုင်လိမ်းဖြစ်တဲ့အခါ ရှိ

ညီမက မိတ်ကပ်ကို ကိုယ်တိုင်လည်း လိမ်းတယ်။ မိတ်ကပ်ဆရာနဲ့လည်း လိမ်းပါတယ်၊ ထသွားထလာ ကိစ္စမျိုးဆို ကိုယ်တိုင်လိမ်းပါတယ်၊ အရေးကြီးတဲ့ပွဲတွေ သွားရမယ်ဆိုရင်တော့ မိတ်ကပ်ဆရာနဲ့ လိမ်းပါတယ်။

မျက်လုံးကို အရောင်ရင့်ရင့်လေးတွေ လိမ်းရတာ ပိုကြိုက်

ညီမက ကိုယ်တိုင်မိတ်ကပ်အလှပြင်ဖြစ်ရင် မျက်လုံးကို အဓိက အားသာပြီး လိမ်းရတာ ပိုကြိုက်တယ်၊ ညီမကိုယ်တိုင်ကလည်း မျက်လုံးကို အရောင်ရင့်ရင့်လေးလိမ်းရင် ပိုလှတယ်လို့ထင်တယ်၊ပြီးတော့ မျက်လုံးကလည်း အလှအပအတွက်ကော တစ်ကိုယ်လုံးအတွက်ပါ အရေးကြီးတယ်လို့ထင်ပါတယ်၊

မေဘရဏီသော် သုံးနေကျ မိတ်ကပ်အမျိုးအစား

ညီမက မျက်လုံးအတွက်ဆို BSC ၊ မိတ်ကပ် ဖောင်းဒေးရှင်းအတွက်ဆို MAC သုံးဖြစ်ပါတယ်၊

အဖုအပိမ့် မပေါက်တတ်

ညီမအသားအရေက အဖုအပိမ့်ပေါက်တဲ့ အမျိုးအစားထဲမှာတော့မပါဘူး၊ မျက်လုံးတစ်ခုတော့ အဆင်မပြေတာ ရှိတယ်၊ မျက်လုံးတွေက ထိခိုက်လွယ်တယ်။ မျက်တောင်တုကပ်တဲ့ ကော်တွေ၊ ဘာတွေသုံးရင် ယားယံတာမျိုး ရှိတယ်၊ အဲ့ဒါကြောင့် ကိုယ်နဲ့တည့်တဲ့ ကော်ကို ရွေးသုံးရပါတယ်။

အဖုအပိမ့်မပေါက်အောင် မျက်နှာကို သေချာ ဂရုစိုက်ဖြစ်

ညီမအသားအရေ အဖုအပိမ့် မပေါက်တတ်ဘူး ဆိုပေမယ့် မျက်နှာကိုကော သေချာဂရုစိုက်ပေးဖြစ်တယ်၊ မိတ်ကပ်တွေလိမ်းထားရင် ပြန်ဖျက်တဲ့အခါ သေချာဂရုတစိုက် သန့်စင်ပေးတာမျိုးလုပ်တယ်၊ တစ်ပတ်တစ်ခါ မျက်နာကို ပေါင်းတင်ဖြစ်ပါတယ်၊ ပြီးတော့ Cosmetic တွေကြောင့်လည်း အသားအရေပျက်စီးတာမျိုး မရှိခဲ့ဘူး၊ ညီမကိုယ်တိုင်ကလည်း တစ်ဘူးပြီး တစ်ဘူးပြောင်းသုံးတာမျိုး မရှိပါဘူး။

အားလပ်ချိန်ကို ကိုယ့်ရဲ့အလှအပအတွက် အချိန်ကုန်ဆုံးစေတယ် . .

ညီမက အားလပ်တဲ့ အချိန်တွေမှာ အလှအပအတွက် အချိန်ကုန်ဆုံးစေတာမျိုးရှိတယ်၊ ဥပမာဆံပင်အတွက်၊ အသားအရေအတွက်၊ အလှအပအတွက် လုပ်ရင်း ကုန်ဆုံးစေတာမျိုး၊ တစ်ခါတလေအိမ် မှာတီဗွီကြည့်တယ်၊ စိတ်ပျော်ရွှင်အောင် နေဖြစ် တာမျိုးလည်း ရှိပါတယ်။

ကောလဟလသတင်းတွေကြောင့် ပိုကျော်ကြားလာ

ကောလဟလသတင်းတွေကတော့ အများကြီးပါပဲ။ အနုပညာရှင်တွေအတွက်ကတော့ သိပ်မထူးဆန်းပါဘူး၊ ညီမ ဆုရတုန်းကဆိုရင် ကောလဟလ သတင်းတွေနဲ့ ကြုံခဲ့ဖူးတယ်။ ညီမကတော့ အနုပညာအ လုပ်ကို မစွန့်လွတ်ပါဘူး။ ညီမရဲ့ ကောလဟသတင်းကို လူတွေစိတ်ဝင်စားလို့ပိုနာမည်ကြီးတာမျိုးဖြစ်သွားတာပေါ့၊ ကိုယ်မှန်တယ်ထင်ရင်၊ ညီမမိဘတွေကလည်း လက်ခံတယ်ဆိုရင် ညီမအတွက် ကောလဟလသတင်းက ဘာမှမဖြစ်ပါဘူး။

စိတ်ဖိစီးမှုကို အားကစားလုပ်ရင်းဖြေဖျောက်. .

ညီမက စိတ်ဖိစီးမှုတွေဖြစ်လာရင် လေ့ကျင့်ခန်းလုပ်တယ်၊ နာရီဝက်မရပ်မနားပြေးတာမျိုးလုပ်လိုက်တယ်၊ အားကစားလုပ်လိုက်ရင်ကို စိတ်ဖိစီးမှုတွေ လျော့ကျစေတယ်လို့ ထင်တယ်၊ တကယ်လည်း လျော့ကျစေပါတယ်။အားကစားအနေနဲ့ Gym ဆော့ဖြစ်ပါတယ်။

သွေးအားနည်းတတ်. . .

ညီမက ကျန်းမားရေးအနေနဲ့ ထွေထွေထူးထူး ချူချာတာမျိုး မရှိဘူး၊ တစ်ခါတလေ သွေးအားနည်း တတ်တာတော့ ရှိပါတယ်။

ဝိတ်မတက်အောင် အစားအသောက်ထက် အားကစားနဲ့ ပိုထိန်းဖြစ်. . .

ညီမက အစားအသောက် သိပ်ရှောင်တဲ့အထဲမှာတော့မပါဘူး၊ ကျန်းမာရေးအတွက် သင့်တင့်အောင်စားတယ်၊ အဆီအအိမ့်သိပ်မစားဘူး၊ ဆီ ကြော်မုန့်မစားဘူး၊ ညီမကိုယ်တိုင်ကလည်း Gym ဆော့နေတဲ့အတွက် အရမ်းကြီးဝိတ်မတက်အောင် လုပ်နေရတာမျိုးလည်း မရှိပါဘူး။ ကိုယ်အလေးချိန်ကို ပုံမှန်ပဲထိန်းတယ်၊ ကျန်းမာရေး လိုက်စားမှုတွေကိုလည်း ပုံမှန်လိုက်နာဖြစ်နေပါတယ်။

ကျန်းမာရေးအတွက် စာပေလေ့လာဖြစ်. .

ညီမက ကျန်းမာရေးအတွက် ဗဟုသုတတွေ လေ့လာဖြစ်တယ်၊ စာအုပ်တွေဖတ်တယ်၊ အလုပ်အရမ်းများနေလို့ ကျန်းမာရေးစာအုပ်တွေ၊ ဗဟုသုတတွေ မလေ့လာဖြစ်ရင် မိဘတွေလမ်းညွှန်တာကို နားထောင်တယ်။

ပရိသတ်ကိုပေးချင်တဲ့ အကြံဉာဏ်. . .

လူတိုင်းအတွက် ကျန်းမာရေးကော အလှအပကော အရေးပါတဲ့အတွက် ဂရုစိုက်ကြပါ၊ လူတစ်ယောက်ရဲ့ ကျန်းမာရေးက အလှအပနဲ့ သက်ဆိုင်ပါတယ်၊ နေမကောင်းဘူး ကျန်းမာရေးတစ်ခုခု ဖြစ်နေတယ်ဆိုရင် ကျန်းမာသန်စွမ်းလှပနိုင်မှာ မဟုတ်ပါဘူး၊ ရာသီအကူးအပြောင်းမှာလည်း ကျန်းမာရေးအတွက် အထူးဂရုစိုက်ကြပါလို့ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top