Healthy Life Ad
Health Tips

ကြက်ဥ၊ ဘဲဥကို မကျက်တကျတ်ပြုတ်စားခြင်းဖြင့်Albumin ဓာတ်ရရှိစေနိုင်

ကြက်ဥ၊ဘဲဥကို မကျက်တကျက် ပြုတ်စားလျှင် အယ်လ်ဗျူမင် (Albumin) ဓာတ်ကိုရရှိစေကြောင်း အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။

“ဟိုးအရင်ကတော့ကြက်ဥ၊ ဘဲဥကိုမကျက်တကျက် ပြုတ်စားရင် ပိုးတွေဘာတွေမသေဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ အခုအချိန်အထိတော့ အဲဒီလိုမျိုး မတွေ့သေးပါဘူး။ ဆေးရုံမှာဆိုရင် လူနာတွေကို ကြက်ဥ၊ ဘဲဥကို ရေနွေးလေးနဲ့စိမ်ပြီး မကျက်တကျက် အနေအထားမှာ နှာခေါင်းပိုက်ထဲ ထည့်ပေးရတယ်။ အပြင်က ပိုးတွေသေရုံလောက်ပဲ ရေနွေးစိမ်ပေးပြီး အကာကျက်သွားတဲ့ အချိန်မှာ တိုက်ရိုက်ပေးပါတယ်။ သွေးစစ်တဲ့အ ခါ Albumin ဓာတ်လိုအပ်နေရင် ကြက်ဥ၊ ဘဲဥ မကျက်တကျက်က အလွန်အသုံးဝင်ပါတယ်” ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောသည်။

ကြက်ဥ၊ ဘဲဥကို လုံးဝကျက်သည်အထိ ပြုတ်စားလျှင် ပရိုတင်းဓာတ် အပြည့်အဝရရှိပြီး ကိုလက်စထရော ရရှိနိုင်ကြောင်း၊ နွားနို့ပူပူထဲ ကြက်ဥ၊ ဘဲဥ အစိမ်းဖောက်ထည့်ပြီး သောက်သုံးခြင်းကမူ အာဟာရဓာတ်ကို ပိုမိုရရှိစေကာ ကယ်လိုရီများများ ရရှိသွားသဖြင့် အားအင်ချို့တဲ့ နေသူများအတွက် လွန်စွာကောင်းမွန်ကြောင်း သိရသည်။ Spriteထဲ ကြက်ဥ၊ ဘဲဥအစိမ်းဖောက်ထည့်ပြီးသောက်ခြင်း ကမူ အမျိုးသားအချို့ ပြုလုပ်လေ့ရှိသော်လည်း မည်သည့်ကောင်းကျိုး ရှိသည်ကိုမူ စနစ်တကျ သုတေသန မရှိသေးကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top